Monday, February 2, 2026

စစ်ကောင်စီ

RCSS ခေါင်းဆောင် စစ်ကောင်စီနှင့် ဆွေးနွေးရန် ခရီးစဥ် စတင်ထွက်ခွာ

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊သျှမ်းပြည်တပ်မတော် (RCSS/SSA)မှ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ် ကိုယ်တိုင် ဦးဆောင်သည့် အဖွဲ့သားများသည် စစ်ကောင်စီ နှင့် တွေ့ဆုံ ဆွေးနွေးရန်အတွက်ခရီးစဥ် စတင် ထွက်ခွာ နေကြောင်း သတင်းသိရသည်။ ယနေ့ (မေလ ၁၉) ရက်တွင် ဗိုလ်ချုပ်ကြီးယွက်စစ်ကိုယ်တိုင် ဦးဆောင်သည့် အဖွဲ့သားများက အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့တို့...

မြန်မာ -တရုတ် နယ်စပ် နမ့်ခမ်းမြို့အနီးတွင် ဗုံးပေါက်ကွဲသံကြား

မြန်မာ - တရုတ် နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့အနီးတွင် ယနေ့ (မေလ ၁၉) ရက် မနက် ၇ နာရီဝန်းကျင်တွင် ဗုံးအဆက်မပြတ် ပေါက်ကွဲမှုကြားရသဖြင့် နမ့်ခမ်းမြို့‌ ဒေသခံများက စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ယနေ့မနက်ပိုင်းအချိန်တွင် ဗုံးသံ အချက် ၂၀ ထက်မနည်း ဆက်တိုက်ကြားနေရကြောင်း...

မူဆယ်မြို့မှ ဖုန်းဆိုင်ဓားပြတိုက်သူများ ဖမ်းဆီးရမိ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ စျေးရပ်ကွက်ရှိ စိုင်းညီဖုန်းဆိုင်ကို ဓားပြတိုက်သည့် လူငယ် (၄) ဦးနှင့် အတူ လက်နက်များ ဖမ်းဆီးရမိကြောင်း စုံစမ်းသိရှိရသည်။လွန်ခဲ့သည့် မေလ ၁၀ ရက်တွင် စိုင်းညီဖုန်းဆိုင် ဓားပြတိုက်ခံရပြီး မေလ ၁၅ ရက်တွင် ထိုဓားပြတိုက်သူ ၄ ဦးကို ဖမ်းဆီးရမိပေမယ့်...

ဖယ်ခုံ- ညောင်ရွှေလမ်း ကို စစ်ကောင်စီက ပိတ်ထား

လက်ရှိ တိုက်ပွဲပြင်းထန်နေသည့် သျှမ်းတောင်ဖယ်ခုံမြို့သို့ သွားမည့် ဖယ်ခုံ-ညောင်ရွှေလမ်းမကို စစ်ကောင်စီ တပ်ဖွဲ့ နှင့် ပအို၀်းအမျိုးသားတပ်မတော် (PNA)တို့က ပိတ်ထားကြောင်း စုံစမ်းသိရသည်။ယနေ့ (မေလ ၁၈) ရက်နေ့ နံနက်ပိုင်းတွင် ညောင်ရွှေမြို့နယ်ရှိ ပင်လောင်း- တောင်ကြီး-ကျောက်တလုံး-ဆိုက်ခေါက် နှင့် ဖယ်ခုံမြို့နယ်တို့ ဆက်သွယ်ထားသည့် မှော်ဘီတံတားဂိတ်ကို စစ်ကောင်စီ...

မူဆယ်မြို့ နေ့စဥ်လက်နက်ကြီးသံကြား ပြည်သူများစိုးရိမ်ထိတ်လန့်

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ယခုရက်ပိုင်း လက်နက်ကြီး ပစ်ခတ်မှု ဆက်တိုက် ကြားနေရသဖြင့် ဒေသခံများက စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ယခု ရက်သတ္တပတ်အတွင်း မူဆယ်မြို့နယ်တွင် ပစ်ခတ်မှုများ၊ အုပ်စုလိုက်လက်နက်ကိုင် လုယက်မှုများ နှင့် လက်နက်ကြီးသံများ အဆက်မပြတ်ကြားနေရမှုတို့ကြောင့် စိုးရိမ်ထိတ်လန့်စွာ နေထိုင်နေရကြောင်း ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။“ကျနော်တို့မူဆယ်မှာတော့ လက်နက်ကြီးလက်နက်ငယ်သံတွေ...

ဖယ်ခုံမြို့နယ် လွယ်ပန်းစုံကျေးရွာ လက်နက်ကြီးကျ ပြည်သူ ၂ ဦးထိခိုက်ဒဏ်ရာရ

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် လွယ်ပန်းစုံကျေးရွာ (ရေလယ်ကျွန်း) တွင် စစ်ကောင်စီက လက်နက်ကြီး ရမ်းသမ်းပစ်ခတ်သဖြင့် ဒေသခံ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ယမန်နေ့ (မေ ၁၇)ရက်  ည ၁၁ နာရီဝန်းကျင်တွင် စစ်ကောင်စီမှ လွယ်ပန်းစုံကျေးရွာထဲသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ဘုန်းကြီးကျောင်းတွင်နေထိုင်သည့် ဒေသခံ...

ရွာငံမြို့နယ် ပြည်သူ နေအိမ်တစ်လုံး မီးထပ်မံရှို့ခံရ

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် လယ်ကိုင်းကျေးရွာရှိ အရပ်သားပြည်သူတစ်ဦး၏ နေအိမ်ကို စစ်ကောင်စီ တပ်သားများက မီးရှို့ဖျက်ဆီးသွားကြောင်း သတင်းသိရသည်။ယမန်နေ့ (မေလ ၁၆ ) ရက် ည ၁၀ နာရီဝန်းကျင်တွင် ရွာငံမြို့မှ လယ်ကိုင်းကျေးရွာတွင် ရှိသည့်  ဦးမောင်ဌေး ၏ နှစ်ထပ်တိုက်နေအိမ်ကို စစ်ကောင်စီတပ်သားတို့မှ လာရောက်မီးရှို့ဖျက်ဆီးသွားကြောင်း...

မူဆယ်မြို့ ပစ်ခတ်မှုဖြစ် ထိခိုက်ဒဏ်ရာ ရသူရှိ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့  စွမ်စော်ရပ်ကွက်တွင် ယမန်နေ့ (မေ ၁၇) ရက် ည ၁၁ နာရီ၀န်းကျင်၌ အမည်မသိ လက်ကိုင်တစ်စုက လက်နက်အပြည့်အစုံဖြင့် ရပ်ကွက်ထဲ၀င်လာပြီး ပစ်ခတ်မှုဖြစ်ပွားခဲ့ကာ ထိခိုက်ဒဏ်ရာရရှိသူများရှိခဲ့ကြောင်း စုံစမ်းသိရသည်။ယမန်နေ့  (မေလ ၁၇) ရက် ည ၁၁ နာရီဝန်းကျင်တွင် စစ်ဝတ်စုံနှင့်...

ကျိုင်းတုံမြို့  ဈေးဖွင့်သည့်နေရာ လောင်းကစားဝိုင်းလာရောက်ဖွင့်လှစ်

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့ နယ် မိုင်းလန်းကျေးရွာအုပ်စုအတွင်းရှိ ဝမ်ဝိုးကျေးရွာစျေးထဲတွင် ညနေတိုင်း လောင်းကစား၀ိုင်းများ လာရောက်ဖွင့်လှစ်ကြောင်း စုံစမ်းသိရသည်။အဆိုပါ လောင်းကစား၀ိုင်းသည် ကျေးရွာစျေးပိတ်ချိန် ညနေပိုင်းတွင် လာရောက်ဖွင့်လှစ်သည်မှာ တလနီးပါး ကြာပြီဖြစ်ကြောင်း၊ ထိုနေရာတွင် လူသွားလူလာများသည့်နေရာ ဖြစ်သဖြင့် အမျိုးသမီးများအတွက် ခက်ခဲကြောင်း အသက် ၃၀ အရွယ်ရှိ ဒေသခံလူငယ်တစ်ဦးက...

မြန်မာ မှ မလေးရှား သို့ သယ်ဆောင်မည့် မူးယစ်ဆေး အများအပြားဖမ်းဆီးရမိ

ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ် မလေးရှားနိုင်ငံသို့ သယ်ဆောင်သွားမယ့် အိုက်စ် (မက်သ်အဖက်တမင်း) များ ၆ ဒသမ ၂ ဘီလီယံကျော် ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ထို အိုက်စ် (မက်သ်အဖက်တမင်း)များသည် မေလ (၄) ရက် ညနေပိုင်းက သျှမ်းပြည်တောင်ပိုင်း မှ သယ်ဆောင်လာပြီး ထိုမှတဆင့် မလေးရှားနိုင်ငံသို့...

Latest news