Tuesday, February 10, 2026

စစ်ကောင်စီ

ကရင်နီ နဲ့ ပအိုဝ်းကြား ပဋိပက္ခ ကြီးထွားအောင် စစ်ကောင်စီလုပ်နေ

ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်နေ့က တောင်ကြီးမြို့နယ် ကံကြီးရပ်ကွက် တပေါင်းကွင်းမှာ ပအိုဝ်း အမျိုးသားအဖွဲ့ချုပ် PNO/PNA ရဲ့ ညွှန်ကြားမှု နဲ့ ပအိုဝ်းတိုင်းရင်းသားတွေ အများစုကတော့ KNDF / PDF မလိုအပ်ကြောင်း ကန့်ကွက် ဆန္ဒပြနေကြပါတယ်။ ဒီဆန္ဒပြပွဲဟာ ပင်လောင်းမြို့နယ် နမ့်နိန်းကျေးရွာအတွင်းမှာ...

မန့်ပန်ပြည်သူ့စစ်တပ်ဖွဲ့သည် ပြည်သူ့ကားကို တိုက်သည့်အပြင် ခေါင်းကွဲအောင်ရိုက်

သျှမ်းပြည် လားရှိုးမြို့နယ်အတွင်း မန့်ပန်ပြည်သူ့စစ်တပ်ဖွဲ့ မောင်းနှင်လာသည့် ကားတစ်စီးသည် အရပ်သား အမျိုးသား တစ်ဦး မောင်းနှင်လာသည့်ကားကို ဝင်တိုက်သည့်အပြင် လူကိုပါ ခေါင်းကွဲအောင် ရိုက်နှက်ခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ မတ်လ ၁၆ ရက်နေ့ ညနေပိုင်း ၃ နာရီ ဝန်းကျင်အချိန်တွင် လားရှိုးမြို့ အဝင် မုဒ်ဦးနား၌...

FPNCC အဖွဲ့များ ပန်ဆန်းဆွေးနွေးမှုအပြီး တရုတ်ပြည် ကူမင်းသို့ သွားရန် စီစဥ်ထား

တိုင်းရင်းသား လက်နက်ကိုင် (၇) ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရေး ကော်မတီ (FPNCC) အဖွဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တို့သည် သျှမ်းပြည် ပန်ဆန်းဆွေးနွေးမှုအပြီး တရုတ်ပြည် ကူမင်းသို့ ဆက်သွားရန် အစီအစဥ်ရှိကြောင်း သတင်း သိရသည်။ မတ်လ ၁၅ - ၁၆ နှစ်ရက်သာ...

ဆီဆိုင်မြို့နယ် အမျိုးသားတစ်ဦးကို ဖုန်းခိုးမှုဖြင့် စွပ်စွဲပြီး ဌာနေပြည်သူ့စစ် ရိုက်နှက် သေဆုံး

သျှမ်းပြည် တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ် နောင်မွန်ကျေးရွာအုပ်စု နယ်မြေ (၅) ရပ်ကွက်တွင် နေထိုင်သည့် အမျိုးသားတစ်ဦးကို ဖုန်းခိုးသည်ဟု စွပ်စွဲကာ နောင်မွန်ဌာနေပြည်သူ့စစ်မှ ရိုက်နှက်ပြီး သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ (မတ်လ ၇ ရက်) ညနေပိုင်းမှစပြီး နယ်မြေ (၅) ရပ်ကွက်အတွင်း နေထိုင်သည့် အသက်...

ပင်လောင်းမြို့နယ် နမ့်နိန်းကျေးရွာအတွင်း ဒေသခံ ၁၁ ဦး ပျောက်ဆုံးနေ

သျှမ်းပြည် တောင်ကြီးခရိုင် ပင်လောင်းမြို့နယ် နမ့်နိန်းကျေးရွာ (ဝၢၼ်ႈၼမ့်ၼဵၼ်ႈ) အတွင်း ဒေသခံ ၁၁ ဦး ပျောက်ဆုံးနေလျက် ရှိကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ ဒေသခံ ၁၁ ဦးသည် မတ်လ ၁၁ ရက်နေ့က စစ်ကောင်စီသည် နမ့်နိန်းကျေးရွာအတွင်း ဝင်ရောက်လာပြီး ဘုန်းကြီး ၃ပါး နှင့်...

လက်နက်ကိုင် တပ်ဖွဲ့များ ဆက်ကြေး ငွေအများအပြား ကောက်ယူမှုကြောင့် ကားတချို့ ရပ်နားရ

သျှမ်းပြည် ကွတ်ခိုင် - နမ့်ဖက်ကာ - မူဆယ် မှ မန္တလေးဆင်းသည့် ကားလမ်းတလျောက်တွင် လက်နက်ကိုင်တပ်ဖွဲ့ များသည် ကားသမားများထံ ဆက်ကြေး (အခွန်) အများအပြား ကောက်ယူမှုကြောင့် ကားတချို့ ရပ်နားလိုက်ရကြောင်း သတင်းသိရသည်။ နမ့်ဖတ်ကာ - ကွတ်ခိုင်ကြားရှိ ရှု့ခင်းသာအနီး နှင့် မူဆယ်...

ဆီဆိုင် စစ်ရှောင်များ ရေရှားပြဿနာကြုံတွေ့နေရ

သျှမ်းပြည် တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ်အတွင်းရှိ စစ်ရှောင်စခန်း (၅) နေရာခန့်မှ စစ်ရှောင်များသည် ရေရှားပါး ပြဿနာ နှင့် ကြုံတွေ့နေရသဖြင့် အကူညီ လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။ နှစ်စဉ်နှစ်တိုင်း နွေဦးကာလသို့ ရောက်ရှိလျှင် ရေရှားပါးသော ပြဿနာ အမြဲကြုံတွေ့ နေရသည့် ဆီဆိုင်မြို့နယ် ဘုရားဖြူ၊ နောင်ကျော၊ ပန်တိုင်း...

ပင်လောင်းမြို့နယ် နမ့်နိန်းကျေးရွာအနီး တိုက်ပွဲဆက်လက်ပြင်းထန်နေဆဲ

သျှမ်းပြည်တောင်ကြီးခရိုင် ပင်လောင်းမြို့နယ် နမ့်နိန်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဆက်လက်ပြင်းထန်နေသေးကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ (မတ်လ ၁၆ ရက်) နံနက်အစောပိုင်း ၇ နာရီအချိန်မှစပြီး နမ့်နိန်းကျေးရွာ၏ အနောက်ဘက်ရှိ တောင်းကုန်းဒေသ တစ်ကြောတွင် စစ်ကောင်စီတပ်ဖွဲ့မှ စစ်အင်အား (၂၀၀) ကျော်ဖြင့် စစ်ကြောင်းထိုးလာစဉ်မှာ...

လွိုင်ကော် တပ်မတော်သားများ လက်နက် ခဲယမ်း အပြည့်ဝထိရောက်စွာ အသုံးချရန် ဒု – ဗိုလ်မှူးကြီး စိုးဝင်း မှာကြား

ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကရင်နီ (ကယား) ပြည်နယ် လွိုင်ကော် ခရီးစဉ်တွင် တပ်မတော်သားများကို သင်ကြားထားသည့် စစ်ပညာ နှင့် တပ်ဆင်ပေးထားသည့် လက်နက် ခဲယမ်းများကို အပြည့်ဝ ထိရောက်စွာ အသုံးချရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (မတ်လ...

SSPP/SSA ဌာနချုပ် ဝမ်ဟိုင်းဒေသ လျှပ်စစ်မီးဓာတ်အားဖွင့်ပွဲ စစ်ကောင်စီခန့် သျှမ်းဝန်ကြီးချုပ် တက်ရောက်ဖွင့်ပေး

ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် SSPP/SSA ဌာနချုပ်ရှိရာ လွိုင်လင်ခရိုင် ကျေးသီးမြို့နယ်ရှိ SSPP/SSA ဌာနချုပ် ဝမ်ဟိုင်းဒေသတွင် ၆၆/၁၁ ကေဗွီ (၅) အမ်ဗွီအေ လျှပ်စစ်ဓာတ်အားဖွင့်ပွဲကို စစ်ကောင်စီ လက်အောက်ခံ သျှမ်းပြည် ဝန်ကြီးချုပ် ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ လျှပ်စစ်ဓာတ်အား...

Latest news