နေရပ်ပြန် စစ်ရှောင်များ မိုင်းအန္တရာယ်ကို စိုးရိမ်နေရ

သျှမ်းပြည် လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာ အုပ်စု အတွင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ရှောင်ထွက်ပြေး သွားရသည့် စစ်ရှောင်များသည် နေအိမ်ပြန်ရောက်သော်လည်း မြေမြှုပ်မိုင်း အန္တရာယ်ကို စိုးရိမ်နေရကြောင်း စုံစမ်းသိရသည်။

နမ့်ပေါင်ကျေးရွာ

ပြီးခဲ့သည့် မတ်လ ၁၇ ရက်မှ စတင်ကာ စစ်ရှောင်များသည် နမ့်ပေါင်ကျေးရွာရှိ ဝေဠုဝန်ကျောင်းတိုက်မှ နေရပ်အသီးသီး သို့ ပြန်ရောက်ကြခြင်း ဖြစ်ပြီး လက်ရှိတွင် ယာခင်းအတွင်း မပေါက်ကွဲရသေးသည့် လက်နက်ကြီး နှစ်လုံး မြင်တွေ့ရသည့် အတွက် နေရပ်ပြန် ရောက်သည့် စစ်ရှောင်များက စိုးရိမ်ကြောက်လန့် နေရခြင်း ဖြစ်ကြောင်း ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျနော်တို့ ရွာနားက ယာခင်းထဲမှာ မကွဲသေးတဲ့ လက်နက်ကြီး နှစ်လုံးတွေ့ရတယ်၊ ရွာကို ပြန်ရောက်တာ ၃ ရက်လောက်ရှိပြီ ဖြစ်ပေမယ့် တောထဲ ယာထဲ သွားပြီး အလုပ်လုပ်တာမျိုးတော့ မရှိဘူး၊ မြေမြှုပ်မိုင်းတွေ ကြောက်တယ်လေ၊ သူတို့ ဘယ်နေရာမှာ မြှုပ်ထားမှန်းလည်း မသိတော့ မသွားရဲကြဘူး” ဟု စစ်ရှောင်ပြီး နေရပ်ပြန်ရောက်လာသည့် အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ စစ်ရှောင်ပြီး ပြန်ရောက်လာသည့် ဒေသခံများသည် နမ့်ပေါင်ကျေးရွာအုပ်စုမှ ကုန်းမုံကျေးရွာ၊ ခုံစုံ (ကုန်းဆုံ) ကျေးရွာ နှင့် ဖာပလန် ကျေးရွာတို့မှ ဒေသခံများ ဖြစ်ကြကြောင်း လည်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၁၂ ရက်တွင် ဒေသအတွင်း တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ နှင့် စစ်ကောင်စီတို့၏ ထိတွေ့တိုက်ပွဲကြောင့် အထက်ပါ ရွာ (၃) ရွာမှ ဒေသခံများ နမ့်ပေါင်ရှိ ဝေဠုဝန်ကျောင်းတိုက်သို့ စစ်ရှောင် ထွက်ပြေးရခြင်း ဖြစ်သည်။

“ကျနော်တို့ ဘက်မှာက လက်နက်ကိုင် အဖွဲ့အစည်းစုံတယ်၊ အခုချိန်မှာ တိုက်ပွဲက ပြီးသွားပေမဲ့ တိုက်ပွဲ အတွင်းက မြေမြှုပ်မိုင်းတွေ လက်နက်ကြီးတွေကို ကြောက်နေရသေးလို့ ဘယ်မှ မသွားရဲသေးဘူး၊ ဒီမိုင်း အန္တရာယ်တွေကို လက်နက်ကိုင်တွေ လာပြီးရှင်းပေးရင်တော့ ကောင်းတယ်၊ မဟုတ်လည်း ဘယ်နေရာမှာ ရှိလဲ ဆိုတာမျိုးတွေ ပြောပေးစေချင်တယ်” ဟု အထက်ပါ ဒေသခံအမျိုးသားက ဆက်ပြောသည်။

လက်ရှိတွင် ဒေသခံ ရွာသားများသည် တောထွက် မြစ်ချိုး၊ ဟင်းရှာတာမျိုး မလုပ်ရဲကြသည့်အပြင် ကျွဲကျောင်း ၊ နွားကျောင်းလွတ်ရန်အတွက် မြေမြှုပ်မိုင်း အန္တရာယ်များကို စိုးရိမ်ကြောက်လန့်နေရသေးသည့် အကြောင်း ဒေသခံများက ပြောသည်။

မြန်မာနိုင်ငံ မြေမြှုပ်မိုင်း စောင့်ကြည့်လေ့လာရေးအဖွဲ့၏ ၂၀၂၀ ခုနှစ် အထိ အစီရင် ခံစာအရ မြေမြှုပ်မိုင်း နှင့် စစ်ကျန် ပေါက်ကွဲ ပစ္စည်းများကြောင့် ထိခိုက်ဒဏ်ရာရမှု၊ သေဆုံးမှု စုစုပေါင်း ၃၆၈ ခု ရှိနေပြီး သျှမ်းပြည်သည် ထိခိုက်၊ ဒဏ်ရာရမှု အများဆုံးအဖြစ် (၁၂၁) ခုရှိနေကြောင်း သိရသည်။

ဒေသအလိုက်အနေဖြင့် သျှမ်းပြည်တွင် မြေမြှုပ်မိုင်းနင်းမိသူ (၄၂) ရာခိုင်နှုန်းရှိခဲ့ပြီး၊ စစ်ကိုင်းတိုင်းတွင် (၁၂) ရာခိုင်နှုန်း၊ ရခိုင်တွင် (၁၁) ရာခိုင်နှုန်း၊ ကချင်တွင် (၁၀) ရာခိုင်နှုန်း နှင့် ကရင်တွင် (၇) ရာခိုင်နှုန်းရှိပြီး သျှမ်းပြည်သည် အများဆုံးဖြစ်ကြောင်းသိရသည်။

မိုင်းအန္တရာယ်လျော့ချရေး အသိပညာပေး လုပ်ငန်းများကို နိုင်ငံတော် အဆင့် အာဏာပိုင်များ တရားဝင်ခွင့်ပြုချက်ဖြင့် ပြည်တွင်း စစ်ဖြစ်ပွားနေသည့် နေရာဒေသများ၌ ဆောင်ရွက်ပေးနိုင်ပါက မိုင်းအန္တရာယ်လျော့ချမှု အတွက် အကောင်းဆုံး ဖြစ်နိုင်မည် ဖြစ်ကြောင်းလည်း မြန်မာနိုင်ငံ မြေမြှုပ်မိုင်း စောင့်ကြည့်လေ့လာရေး အဖွဲ့က ထုတ်ပြန် ပြောဆိုထားသည်။

အဆိုပါ ဒေသအတွင်း လှုပ်ရှားနေသည့် လက်နက်ကိုင် တပ်ဖွဲ့များ အနေဖြင့် စစ်ကောင်စီ တပ်ဖွဲ့အပြင် ကိုးကန့်တပ်ဖွဲ့ MNDAA ၊ တအာင်း (ပလောင်) တပ်ဖွဲ့ TNLA နှင့် သျှမ်းပြည် တပ်မတော် SSPP/SSA တို့က သွားလာလှုပ်ရှား နေလျက်ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆီဆိုင်တွင် မိုင်းရှင်းရန် PNO ကို ငွေပေးနေရ

0
သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ စိုက်ခင်းများအတွင်း ကျန်ရှိနေသည့် စစ်လက်နက်အကြွင်းအကျန် မြေမြုပ်မိုင်းများကို စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO ထံငွေပေးပြီး ရှင်းခိုင်းနေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ ဇန်နဝါရီမှစပြီး ဆီဆိုင်မြို့နယ်အတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)၊ကရင်နီတော်လှန်ရေးတပ်ပေါင်းစု ပူးပေါင်းအဖွဲ့များနှင့် စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ် PNO ပူးပေါင်းတပ်တို့အကြား...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...