ပင်လုံမြို့အတွင်း သူခိုးများ ပြန်လည် သောင်းကျန်းလာ

သျှမ်းပြည် လွိုင်လင်ခရိုင် ပင်လုံမြို့အတွင်း ယခုရက်ပိုင်း သူခိုးများ ပြန်လည် သောင်းကျန်းနေကြောင်း စုံစမ်းသိရှိရသည်။

ပင်လုံမြို့

ပြီးခဲ့သည့် မတ်လ ၁၇ ရက် နံနက် ၂ နာရီ ဝန်းကျင်တွင် ပင်လုံမြို့ ရပ်ကွက် ၄ အတွင်းရှိ နေအိမ်တစ်လုံးထဲသို့ ဓားကိုင်ဆောင်ထားသည့် သူခိုးက ဖောက်ဝင်လာပြီး ပစ္စည်းဝင်လာခိုးခဲ့ကြောင်း သိရသည်။

“ သူခိုးက မနက် ၂ နာရီ အိမ်ထဲဖောက်ဝင်လာတာ။ ကျနော်တို့ တံခါးကို ဖောက်ဝင်လာပြီးတော့ အမေရဲ့ အခန်းထဲဝင်သွားတာ။ သူလက်ထဲမှာ ဓားကိုင်ထားတယ်။ ကျနော့် အမေကလည်း နိုးလာတော့ မအော်နဲ့တဲ့ ။ အဲ့လိုပြောပြီးတော့ တွေ့တာကို ယူသွားတာ။ ဖုန်းဗူးခွံပဲ ရသွားတယ် ” ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့်သူက ပြောသည်။

လက်ရှိ ပင်လုံမြို့တွင်လည်း မတ်လ ဒုတိယပတ်မှစ လောင်းကစားဝိုင်းများကို ပြန်လည် ဖွင့်လှစ်နေလျက်ရှိ ကြောင်း သိရသည်။

ထိုသို့ လောင်းကစားဝိုင်းများပြားလာသည့် အတွက်ကြောင့် သူခိုး၊ ဓားပြများလည်း ပေါများလာကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

ပင်လုံမြို့

“ အခုက အရမ်းကို ကြောက်စရာကောင်းတယ်။ သူခိုးတွေကလည်း အများကြီးပဲ။ သူတို့က အဖွဲ့လိုက် ရှိနေတယ်။ ပြီးတော့ အမြဲတမ်း စောင့်ကြည့်နေကြတာ။ ရပ်ကွက် ၄ မှာဆိုရင် ခဏခဏ အိမ်ခိုးဖောက်ခံရတာတွေ အမြဲရှိနေတယ်။ လောင်းကစားဝိုင်းကလည်း ပြန်ဖွင့်ပြီလေ။ လောင်းကစားများလာတော့ သူခိုးတွေလည်း များလာတယ်”ဟု ပင်လုံမြို့ ဒေသခံ တစ်ဦးက ပြောသည်။

လောင်းကစားဝိုင်းများ ပြန်ဖွင့်လှစ်လာသည့်အတွက်ကြောင့် ပင်လုံမြို့ ဒေသခံများကလည်း သူခိုးများ ပြန်ပေါများလာမည်ကို စိုးရိမ်နေလျက်ရှိကြောင်း သိရသည်။

ထိုအပြင် သူခိုးများကို တာဝန်ရှိ လုံခြုံရေး ရဲတပ်ဖွဲ့များကလည်း ဖမ်းဆီးအရေးယူ ပေးခြင်း မရှိသည့် အတွက်ကြောင့် ပြည်သူများက ယခင်ကထက် ပိုစိုးရိမ်ရကြောင်း အထက်ပါ အိမ်ဖောက်ခံရသည့် သူက ပြောသည်။

“လောင်းကစားဝိုင်းက ပြန်ဖွင့်လာပြီဆိုတော့ သူခိုးကတော့ ပြန်များလာတော့မယ်။ နဂိုကတည်းက သူခိုးတွေ တော့ ရှိပါတယ်။ လောင်းကစားဝိုင်းမှာ ရှုံးလာရင် လာခိုးကြတယ်။ အခုဆိုရင် ပိုကြောက်ရတာက ဓားတွေလည်း ပါလာတယ်။ လူကို တစ်ခုခု လုပ်မှာလည်း ကြောက်ရတယ်။ ပြီးတော့ ရဲတွေကလည်း လုံခြုံရေး မယူပေးဘူးလေ။ ကျနော်တို့ ပြည်သူကိုယ်တိုင်ကပဲ လုံခြုံရေးအသင်း ဖွဲ့ရမဲ့ ပုံရတယ်” ဟု ၎င်းက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီး ၂ နှစ်သာ ကာလအတွင်း သျှမ်းပြည်အတွင်း လောင်းကစားဝိုင်း ၊ သူခိုး၊ မူးယစ်ဆေးဝါး နှင့် ဓားပြတိုက်မှုကလည်း ပိုများပြားလာပြီး လက်ရှိ နိုင်ငံ အာဏာယူထားသည့် အစိုးရကလည်း တာဝန်ယူ ဖြေရှင်းမှုမရှိပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...