ပြန်ပေးဆွဲခံရသည့် လဲချားမြို့ အမျိုးသမီးငယ်တစ်ဦး မန္တလေးတွင် ပြန်တွေ့

သျှမ်းပြည် လွိုင်လင်ခရိုင် လဲချားမြို့ ရပ်ကွက် (၅) ဟိုရင်ကျေးရွာတွင် နေထိုင်သည့် အမျိုးငယ်တစ်ဦး (၄) ရက် ပြန်ပေးဆွဲခံရပြီးနောက် မန္တလေးမြို့တွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း သတင်း သိရှိရသည်။

နန်းထက်ထက်ဝင်း (ခ) နန်းယွတ်နွံ

ပြီးခဲ့သည့် (မတ်လ ၁၉) ရက် နံနက်ပိုင်း ၁၀ နာရီကျော်တွင် မန္တလေး နေအိမ်တစ်လုံး၌ ပြန်ပေးဆွဲခံရသူ အသက် (၁၈) နှစ်ပြည့် နန်းထက်ထက်ဝင်း (ခ) နန်းယွတ်နွံ ကို ပြန်လည်ရှာတွေ့ခဲ့ကြောင်း ပြန်ပေးဆွဲခံရသည့် မိန်းကလေး၏ မိသားစုဝင် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ မန္တလေး နေအိမ်တစ်လုံးမှာ သူများခေါ်ထားပေးလို့ ပြန်တွေ့တာ။ သူက အွန်လိုင်းပေါ်က အလုပ်ရှာရာကနေ ပြန်ပေးဆွဲခံရတာ။ အစက သူ့ကို အလုပ်လာခေါ်တယ်ဆိုပြီး သူက လိုက်သွားတာ။ အွန်လိုင်းပေါ်က ဘာသာပြန် အလုပ်ဆိုလားဘဲ။ အဲ့ကလူတွေက သူတို့ အလုပ်မှာ မခေါ်သွားဘဲ၊ မန္တလေးထိကို ပြန်ပေးဆွဲသွားတာ “ ဟု ၎င်းကပြောသည်။

အဆိုပါ ပြန်ပေးဆွဲခံရသည့် နန်းထက်ထက်ဝင်း (ခ) နန်းယွတ်နွံသည် လက်ရှိမှာ ကြောက်ရွံ့စိတ်၊ သိမ်ငယ်စိတ် ခံစားနေကြောင်းလည်း သိရသည်။

“ သူက စကားပြောနည်းတယ်။ တခြား နေရာဆိုလည်း ဘယ်မှ သိပ်မသွားဖူးဘူး။ အခု ပြန်ပေးဆွဲခံရတော့ သိမ်ငယ်စိတ်တွေ ဝင်နေတယ်။ သူ့ကို အလုပ်လာခေါ်မယ်လို့ဘဲ ပြောတယ်။ သူ့ကိုဘာမှ မေးလို့မရသေးဘူး။ များများမေးရင် မျက်ရည်ဝဲပြီး ငိုတော့မလိုလို ဖြစ်နေတာ “ ဟု ၎င်းက ပြောသည်။

ထို့အပြင် ပြန်ပေးဆွဲမှု နှင့် ပတ်သက်ပြီး အလုပ်လုပ်ချင်သူ လူငယ်များ အပါအဝင် အွန်လိုင်းပေါ်မှ အလုပ်ရှာဖွေနေသည့် သူများအနေဖြင့် အွန်လိုင်းပေါ်မှ အလုပ်တစ်ခုကို လျှောက်မည်ဆိုပါက သေချာ စုံစမ်းမေးမြန်းစေလိုကြောင်း၊ ပိုက်ဆံတစ်ခုတည်းသာအတွက် မစဉ်းစားစေချင်ကြောင်း ၎င်းက တိုက်တွန်းထားသည်။

စစ်တပ်က အာဏာသိမ်းပြီး ၂ နှစ်ကျော် ကာလအတွင်းမှာ ပညာရေး၊ စီးပွားရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ရှားပါးလာသည့်အတွက် လူငယ်များသည် အလုပ်ရှာဖွေရာကနေ အွန်လိုင်းပေါ်မှ တစ်ဆင့် ဆက်သွယ်ပြီး အလုပ်ရှာခြင်း၊ အိမ်နီးချင်း နိုင်ငံ ထိုင်း၊ တရုတ် စသည့် နိုင်ငံတို့ကို သွားရောက် အလုပ်လုပ်ကိုင် ကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိန်းကလေးငယ်ကို ကျပ်တစ်သိန်းဖြင့် လူကုန်ကူးခဲ့သည့် ပွဲစားများ

0
“အဓိက အလုပ်ရှာရင်းနဲ့ ရောင်းစားခံရတာပေါ့ကွာ။ သူတို့ကို အလုပ်ရှာပေးမယ်၊ လစာကောင်းကောင်းပေးမယ် ပြောပြီး ရောင်းစားလိုက်တာ”ဟု တောင်ကြီးမြို့ အုပ်ချုပ်ရေးမှူးတစ်ဉီးက ပြောသည်။ ပြီးခဲ့သည့် ဇွန် ၁၃ရက် တွင် တောင်ကြီးမြို့နေ အသက် (၁၆)နှစ် အရွယ်နှင့် အသက် (၁၇)နှစ်အရွယ် မိန်းကလေး နှစ်ဉီးသည် အလုပ်ရှာဖွေရန် ရွှေညောင်မြို့သို့...

“တရုတ်မယားအဖြစ် ရောင်းစားခံရမှုက မြန်မာနိုင်ငံ တစ်နိုင်ငံလုံးကို ခြိမ်းခြောက်လာနေပြီ”

0
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်နောက်ပိုင်း လူကုန်ကူးမှုပုံစံသည် နယ်စပ်ဂိတ်များ ပိတ်သွားခြင်းကြောင့် တရားမဝင် ခိုးပေါက်များနှင့် ဆိုရှယ်မီဒီယာမှတစ်ဆင့် လှည့်ဖြားသည့် နည်းလမ်းများ ပြောင်းလဲလာသည်။  အထူးသဖြင့် အသက် ၁၈ နှစ်မှ ၄၀ နှစ်ကြား အမျိုးသမီးများသည် တရုတ်မယားအဖြစ်နှင့် ကလေးမွေးရန် ကုန်စည်သဖွယ် ထပ်ခါတလဲလဲ ရောင်းစားခံနေရသည့်အပြင် ပြည်တွင်းရှိ...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...