ကျားခေါင်းပါတီ SNLD မှ စစ်ကောင်စီ လက်အောက်ခံ UEC ထံ ပါတီမှတ်ပုံတင်မည် မဟုတ်

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD (ကျားခေါင်းပါတီ) သည် အာဏာသိမ်း စစ်ကောင်စီ၏ ရွေးကောက်ပွဲ ကော်မရှင် UEC ထံ နိုင်ငံရေးပါတီ တင်သွင်းမည် မဟုတ်ကြောင်း သတင်းရရှိသည်။

SNLD

ယမန်နေ့ မတ်လ (၁၆) နှင့် (၁၇) ရက် နှစ်ရက်လုံး ကျင်းပပြုလုပ်ခဲ့သည့် SNLD ပါတီ၏ ဗဟိုကော်မတီ အစည်းအဝေးအရ SNLD ပါတီသည် နိုင်ငံရေးပါတီ မှတ်ပုံတင်မည်မဟုတ်ဟု ဆုံးဖြတ်ခဲ့ကြောင်း ပါတီ၏ အထွေထွေ အတွင်းရေးမှူး စိုင်းလိတ်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျနော်တို့ ဗဟိုကော်မတီ အစည်းအဝေး ထိုင်ဖြစ်တယ်၊၊ အစည်းဝေးမှာတော့ ပါတီ ဆက်လက် မှတ်ပုံတင်ရေး မတင်ရေးနဲ့ ပတ်သက်ပြီးတော့မှ ဆွေးနွေး ဖြစ်ခဲ့ကြတယ်။ အစည်းဝေး တက်ရောက်တဲ့ CEC အားလုံးရဲ့ သဘောထားအရ SNLD ပါတီကို ဒီနှစ်လအတွင်းမှာ ဆက်လက် မှတ်ပုံတင်ဖို့ မဖြစ်နိုင်သေးဘူး။ ဒါကြောင့်မို့ မတင်ဖြစ်ဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်” ဟု SNLD ပါတီ၏ အထွေထွေ အတွင်းရေးမှူး စိုင်းလိတ်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

Photo by SNLD Mong Kung/ Facebook

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ပါတီ၏ ဗဟိုကော်မတီ အစည်းအဝေးနှင့် ပတ်သက်ပြီး သျှမ်းသံတော်ဆင့်မှ ဆက်သွယ်မေးမြန်းရာတွင် ပါတီ၏ အထွေထွေ အတွင်းရေးမှူး စိုင်းလိတ်က သျှမ်းသံတော်ဆင့်ကို ပြောဆိုခဲ့ခြင်း ဖြစ်သည်။

သက်ဆိုင်ရာ တာဝန်ရှိသူများမှ ရွေးကောက်ပွဲ ကျင်းပပြုလုပ်မည့် အချိန်ကာလကို တိတိကျကျ ထုတ်ပြန်ပြောဆိုခြင်း မရှိသည့် အတွက်ကြောင့် နိုင်ငံရေး ပါတီ အဖြစ် မှတ်ပုံတင် မပြုလုပ်ခြင်း ဖြစ်သည် ဟု စိုင်းလိတ်က ဆက်လက်ပြောဆိုထားသည်။

“အခု ကျနော်တို့ ပါတီ မှတ်ပုံတင် ဆက်မတင်ဖြစ်တဲ့ အကြောင်းရင်းထဲမှာ သက်ဆိုင်ရာ အနေနဲ့ ရွေးကော်ပွဲကို ဘယ်တော့ လုပ်မလဲဆိုတာကို တိကျကြေညာထားခြင်း မရှိတာဟာလည်းပဲ ပြဿနာတစ်ခုဖြစ်တယ်။ အဲ့လို မကြေညာသေးဘဲနဲ့၊ မပြဌာန်းသေးပဲနဲ့ ကျနော်တို့ နိုင်ငံရေးပါတီတွေကို ကြိုတင်ပြီးတော့ နိုင်ငံရေးပါတီ မှတ်ပုံတင်ခိုင်းတာကလည်း နည်းလမ်းကျတယ်လို့ ကျနော်တို့မမြင်ဘူး၊ အဲ့အခြေအနေဖြေရှင်းဖို့ လိုနေတဲ့ ကာလမှာ ကျနော်တို့ နိုင်ငံရေး ဘာဆက်လုပ်မလဲ ဆိုတာကတော့ နောက်တစ်ပိုင်း စဥ်းစားရမယ်လို့ သုံးသပ်ပါတယ်” ဟု စိုင်းလိတ်က ဆက်ဆိုသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ပါတီသည် စစ်ကောင်စီ လက်အောက်ခံ UEC ထံသို့ ပါတီ မှတ်ပုံတင်ခြင်း မပြုလုပ်သော်လည်း တခြားနည်းလမ်းများဖြင့် နိုင်ငံရေးကို ဆက်လက် လုပ်ဆောင်နိုင်ဖို့ မျှော်လင့်ထားကြောင်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီ ရွေးကောက်ပွဲ ကော်မရှင်ထံ လျှောက်ထားသည့် နိုင်ငံရေးပါတီ စုစုပေါင်း ၂၁ ပါတီ ရှိနေပြီး ပြည်ထောင်စု တစ်ဝန်းလုံး စည်းရုံးမည့် နိုင်ငံရေးပါတီ ၅ ပါတီ၊ ပြည်နယ်တစ်ခု အတွင်း စည်းရုံးမည့် နိုင်ငံရေး ပါတီ ၁၆ ပါတီအထိ ရှိထားကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...