MPT ဖုန်းလိုင်း ပိတ်ခံထားရာမှ တစ်ဆင့် Kpay အကောင့်ထဲရှိ ပိုက်ဆံများ အလိုအလျောက် ပျောက်ဆုံးနေ

သျှမ်းပြည် လွိုင်လင်ခရိုင် ကျေးသီးမြို့နယ် ဝမ်ဟိုင်းတွင် MPT ဆင်းကဒ် အသုံးပြုသူများ ဖုန်းလိုင်းပိတ်ခံထား ရာမှတစ်ဆင့် Kpay အကောင့်ထဲရှိ ပိုက်ဆံများ အလိုအလျောက် ပျောက်ဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။

Kpay

ဖြစ်စဉ်မှာ (မတ်လ ၁၈ ရက်) ညနေ ၉ နာရီခန့်တွင် ကျေးသီးမြို့နယ် ဝမ်ဟိုင်းတွင် နေထိုင်သော အမျိုးသမီးတစ်ဦးသည် MPT ဆင်းကဒ်ကို အသုံးပြုပြီး (၁၂) နာရီဝန်းကျင် ဖုန်းလိုင်းပိတ်ခံရပြီး၊ ထိုအတောအတွင်း Kpay အကောင့်ထဲရှိ ပိုက်ဆံ ကျပ်ငွေ (၁) သိန်းအား အခြားအကောင့်ထဲသို့ အလိုလို လွှဲအပ်သွားကြောင်း ကြုံတွေ့ခဲ့ရသူ နန်းဆိုင် (အမည်လွှဲ) က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ အစက ကျွန်မ Facebook ကြည့်နေတုန်း ဖုန်းလိုင်း ကစ ပြတ်သွားတာ။ ဒီမှာက ဖုန်းလိုင်းခဏခဏ ပြတ်တော့ သူများဖုန်းလိုင်းဖြတ်တာလားပဲ ထင်နေတာ။ မနက်ရောက်တော့ အိမ်ကလူကိုမေးတော့ ဖုန်းလိုင်းက မပြတ်ပါဘူး ဆိုပြီးပြောမှ ကျွန်မလည်း ဒါဆို Kpay အကောင့်ထဲက ပိုက်ဆံတွေ ခိုးခံရပြီလားလို့ ရိပ်မိလာတာ။ တကယ်လည်း ကျွန်မအကောင့်ထဲက ပိုက်ဆံ (၁)သိန်းအကုန် ပါသွားတယ် “ ဟု ၎င်းက ပြောသည်။

အဆိုပါ ဖုန်းလိုင်းပိတ်ခံထားရသူများသည် MPT ဆင်းကဒ်ကို အသုံးပြုထားသူများဖြစ်ကြပြီး ဆင်းကဒ် မှတ်ပုံတင်ထားသူများမှာလည်း ပိတ်ခံနေရကြောင်း သိရသည်။

Kpay

အလားတူ ယမန်နေ့ (မတ်လ ၁၉) ရက် ကျေးသီးမြို့နယ် ဝမ်းဟိုင်းရွာတွင် နေထိုင်သည့် အမျိုးသမီး ၃ ဦးသည်လည်း ဖုန်းလိုင်းပိတ်ခံထားရာမှတစ်ဆင့် Kpay အကောင့်ထဲရှိ ပိုက်ဆံများ တခြားအကောင့်ထဲသို့ လွှဲအပ်သွားပြီး ပိုက်ဆံအများအပြား ဆုံးရှုံးနေရကြောင်း သိရသည်။

“ ဖုန်းလိုင်းပိတ်ပြီး Kpay လည်းအလိုလို ဝင်လို့မရလို့ ဝင်ရတဲ့အချိန်လည်း ပိုက်ဆံက မရှိတော့ဘူး။ မနေ့က တစ်ရက်တည်း ၃ ယောက်ဖြစ်တယ်။ အကုန်လုံး ဝမ်ဟိုင်းကလူတွေဘဲ ဖြစ်နေတယ်။ ကျွန်မကတော့ အခုချိန်ထိ ဖုန်းလိုင်း ပြန်မရသေးဘူး။ Kpay အကောင့်ထဲလည်း ဝင်လို့မရသေးဘူး။ အကောင့်ထဲက ကျပ် (၁၃) သိန်းရှိတယ်။ ကျွန်မ သူငယ်ချင်း နှစ်ယောက်တော့ သိန်း (၃၀) ပါသွားပြီ “ ဟု ဖုန်းလိုင်း ပိတ်ခံထားရသူ နန်းနောင့် (အမည်လွှဲ) က ပြောသည်။

ယခု (မတ်လအတွင်း) ကျေးသီးမြို့နယ် ဝမ်ဟိုင်းရွာမှာ နေထိုင်သည့် အမျိုးသမီး ၅ ဦးခန့်သည် MPT ဆင်းကဒ်ကို အသုံးပြုကာ ဖုန်းလိုင်း ပိတ်ခံထားရာမှ တစ်ဆင့် Kpay အကောင့်ထဲရှိ ပိုက်ဆံများ ဆုံးရှုံးနေရသူ နှင့် လက်ရှိအချိန်ထိ ဖုန်းလိုင်း ပြန်လည်အသုံးပြု၍ မရသေးသူများရှိနေကြောင်း သိရသည်။

Kpay

ထို့အပြင် ဖုန်းလိုင်းပိတ်ရမှု နှင့် ပတ်သက်ပြီး IT နည်းပညာဆိုင်ရာ အသိပညာရှင်တစ်ဦးက “ ဒီခေတ်ကာလမှာ နိုင်ငံရေး အခြေနေ မကောင်းတော့ လိုင်းပေါ်မှာ လိမ်လည်လုပ်စားတဲ့သူတွေ အရမ်းများပါတယ်။ စစ်ကောင်စီ လက်အောက်ခံက ဝန်ထမ်းတွေလည်း ဖြစ်နိုင်တယ်၊ သူက ဒီလူကို ဖုန်းနံပါတ် သိရင် ပထမ တစ်ခါ စမ်းပိတ်မယ်။ ပိတ်ခံရပြီဆိုရင် သူ့ဆီပြန်လာလျှောက်ရမှာသိတော့ နံပါတ်သိရင် Code ရရင် အကောင့်တစ်ခုကို ဝင်မယ်ဆိုရင် လွယ်လွယ်လေးပါ။ ဒီတော့ သတိထားရမှာပေါ့ သူများဆီသွားလျှောက်တဲ့ ဖုန်းနံပါတ်တွေ၊ Password ပြန်ပြောင်းထားပါ “ ဟု ၎င်းက ပြောသည်။

ထိုသို့ လိမ်လည်ခံရပြီးနောက် Kpay သုံးစွဲရန် လုံခြုံမှု မရှိလာလျှင် သက်ဆိုင်ရာ ရဲတပ်ဖွဲ့၊ ကမ္ဘောဇဘဏ်ကို တိုင်ကြားပြီး ကျုးလွန်သူကို အရေးယူ ဆောင်ရွက် ဖမ်းဆီးစေလိုကြောင်း ၎င်းက တိုက်တွန်းထားသည်။

ထို့အပြင် စစ်ကောင်စီကလည်း Kpay အကောင့်များကို အဆင့် (၂) အထိ မမြှင့်တင်ထားသည့် အကောင့်များကို ပိတ်သိမ်းမည်ဖြစ်ကြောင်း၊ မှတ်ပုံတင်၊ ဖုန်းနံပါတ် နှင့် မကိုက်ညီသည့် နံပါတ်များကိုလည်း အကောင့်ပိတ်သွားမည်ဟု ယမန်နှစ်တွင် ထုတ်ပြန်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...