ပင်လောင်းမြို့နယ်အတွင်း တိုက်ပွဲ ဆက်လက်ပြင်းထန်နေဆဲ

သျှမ်းပြည် တောင်ကြီးခရိုင် ပင်လောင်းမြို့နယ်ထဲတွင် စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲ ဆက်လက်ပြင်းထန်နေလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။

စစ်ကောင်စီ

ပင်လောင်းမြို့နယ် နမ်းနိန်းကျေးရွာ နှင့် ကောင်းယုတောင်ပေါ်ဘက်တွင် စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ PDF တို့ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီ ဂျက်တိုက်လေယာဉ်ဖြင့် ဝင်ရောက်တိုက်ခိုက် နေကြောင်း သိရသည်။

အလားတူ ယမန်နေ့ (မတ် ၂၀) ရက်တွင် စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် ၂ ကြိမ် ဝင်ရောက် ပစ်ခတ်ခဲ့ပြီး ယနေ့ မတ် ၂၁ ရက် သတင်းရေးသားနေသည့်အချိန်ထိ တိုက်ပွဲငြိမ်နေကြောင်း PNDF KK တာဝန်ရှိသူ ကိုဘန်ဂျမင်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ မနေ့ထိတော့ တိုက်ပွဲကတော့ ပြင်းထန်နေသေးတယ်။ စစ်ကောင်စီကတော့ ဂျက်တိုက် လေယာဉ်နဲ့ လာရောက် ပစ်ကူတယ်။ အခုထိတော့ နမ်းနိန်း အနီးနားက တောင်ပေါ်တွေမှာ တိုက်ပွဲ ဖြစ်ပွားနေတယ်။ ဒီနေ့ တိုက်ပွဲတွေတော့ မကြားသေးဘူး” ဟု ကိုဘင်ဂျမင်က ပြောသည်။

အဆိုပါ ယမန်နေ့က ပင်လောင်းမြို့နယ်အတွင်း တိုက်ပွဲသည် စစ်ကောင်စီဘက်က ခန့်မှန်းခြေ အရ သေဆုံးသူ ၈ ဦး လောက်အထိရှိကြောင်း ကိုဘန်ဂျမင်းက ပြောသည်။ ထိုသို့ တိုက်ပွဲ ငြိမ်နေရခြင်းသည် စစ်ကောင်စီဘက်မှ စစ်အင်အား ဖြည့်တင်းနေသည့် အခြေအနေရှိကြောင်း ကိုဘင်ဂျမင် က ပြောသည်။

ကရင်နီ (ကယား) တော်လှန်ရေးတပ်ပေါင်းစု

သို့သော် ပင်လောင်းဘက်တွင် ယနေ့ တိုက်ပွဲ မဖြစ်ပွားသော်လည်း မိုးဗြဲမြို့ အင်းအရှေ့ဘက်ကမ်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယခုရက်ပိုင်း ဖယ်ခုံဘက်တွင် တိုက်ပွဲက ငြိမ်နေပြီး ပင်လောင်းဘက် နှင့် ကရင်နီပြည်ဘက်တွင် တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

“ ဒီနေ့ မနက်တော့ မိုးဗြဲ အရှေ့ဘက်ကမ်းဘက်မှာတော့ ပစ်ခတ်သံတွေ ကြားနေရတယ်။ တိုက်ပွဲကတော့ မိုးဗြဲအရှေ့ဘက်ကမ်းဖြစ်တယ်။ တိုက်ပွဲအသေးပါပဲ။ ခနလောက်ပဲ ဖြစ်သွားတာ။ ဖယ်ခုံဘက်တော့ အခုတလော တိုက်ပွဲငြိမ်နေတယ်” ဟု ဖယ်ခုံ PDF တပ်ရင်း ၂ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဖယ်ခုံမြို့နယ်အတွင်း တိုက်ပွဲငြိမ်နေရခြင်းသည် စစ်ကောင်စီတပ်ဘက်က သေဆုံးမှု များသည့်အတွက်ကြောင့် စစ်အင်အားများ ဖြည့်တင်းနေသဖြင့် တိုက်ပွဲ အချိန်မရွေး ဖြစ်ပွားလာနိုင်ကြောင်း ဖယ်ခုံမြို့ PDF တပ်ဖွဲ့များက ပြောသည်။

ယခု မတ်လအတွင်း ဖယ်ခုံမြို့ တိုက်ပွဲထဲတွင် စစ်ကောင်စီ တပ်ဖက်က သေဆုံးသူ အလောင်း ၈၀ ကျော်ရှိကြောင်း ဖယ်ခုံ PDF တပ်ရင်း ၂ ထံမှ သိရှိရသည်။

“ ကျနော်တို့ ဖယ်ခုံဘက်မှာ တိုက်ပွဲဖြစ်တာတော့ စစ်ကောင်စီဘက်က သေဆုံးမှုများတယ်။ အခု မတ်လအတွင်း တိုက်ပွဲဆိုရင် ခေါင်းအိ တိုက်ပွဲမှာက ၄၈ လောင်း တွေ့တယ်။ ဖယ်ခုံ အင်းအရှေ့ဘက်ကမ်း တိုက်ပွဲကတော့ ၂၃ လောင်း နဲ့ ၆ ယောက်အရှင်ဖမ်းမိတယ်။ မိုးဗြဲ အင်းအရှေ့ဘက်ကမ်းမှာက အလောင်း ၄ လောင်းတွေ့တယ်။ ကုန်းသာရွာမှာကျတော့ ၅ လောင်းထပ်တွေ့တယ်” ဟု ၎င်းက ပြောသည်။

ယခု မတ်လ ၁၁ ရက်မှစပြီး စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ တိုက်ပွဲ စတင် ပြင်းထန်လာခဲ့သည့်အတွက်ကြောင့် သျှမ်းပြည် ပင်လောင်းမြို့နယ်ထဲတွင် ဒေသခံ ၆,၀၀၀ ကျော်က ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။

ပြီးခဲ့သည့် မတ်လ ၁၁ ရက်နေ့တွင်လည်း နမ်းနိန်းကျေးရွာထဲတွင် စစ်ကောင်စီက ဝင်ရောက်ပစ်ခတ်ခဲ့သည့်အတွက်ကြောင့် ဒေသခံ ၁၉ ဦး နှင့် သံဃာ ၃ ပါးတို့က သေဆုံးသွားခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပင်လောင်း ခရမ်းချဉ်သီးစိုက်သူ အရှုံးပေါ်

0
သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ်တွင် ခရမ်းချဉ်သီးဈေးနှုန်း ကျဆင်းမှုကြောင့် အရင်းအနှီးပြန်မရသည့်အထိ ဆုံးရှုံးမှုများ နေကြောင်း စုံစမ်းသိရသသည်။ မြန်မာနိုင်ငံအတွင်း နေ့စဉ်နှင့်အမျှ ကုန်ဈေးနှုန်းများ မြှင့်တက်လာသည့်အလျောက် ပင်လောင်းမြို့နယ်တွင် ပြီးခဲ့သည့် မေလ နောက်ဆုံးပတ်မှ စပြီး ခရမ်းချဉ်သီးဈေးနှုန်း ဆက်တိုက်ကျဆင်းနေကြောင်း စိုက်ပျိုးရေးသမား ကိုချမ်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ပြီးခဲ့တဲ့ပတ်က တစ်ပိဿကို...

ပင်လောင်းဒေသခံများ PNO အတွက် နေ့စဉ်ထမင်းထုပ်ပို့နေရ

0
သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ်ရှိ ကျေးရွာများတွင် ပအိုဝ်းပြည်သူ့စစ် PNO က ကျေးရွာများအတွက် လုံခြုံရေးယူပေးနေသည်ဟုဆိုကာ ဒေသခံများကို နေ့စဉ် ထမင်းထုပ်ပို့ဆောင်ခိုင်းကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မေလ ပထမပတ်မှစပြီး ပင်လောင်းမြို့နယ် လုံးပျဉ်းကျေးရွာ၊ တောင်မဲသင်းကျေးရွာ နှင့် မြောက်စလုံးကျေးရွာတို့တွင် ပအိုဝ်းပြည်သူ့စစ် (PNO) တို့က ကျေးရွာလုံခြုံရေးယူပေးနေသည်ဟုဆိုကာ...

ပင်လောင်းတွင် တောင်ကျရေ ရုတ်တရက်စီးဆင်းမှုကြောင့် စိုက်ခင်းများ ပျက်စီး

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ ပျက်စီးကုန်ကြောင်း သတင်းရရှိသည်။ ယမန်နေ့ မေလ (၂၁)ရက်တွင် ပင်လောင်းမြို့နယ် အပါအဝင် သျှမ်းတောင်တွင် မိုးများရွာသွန်းခဲ့ပြီးနောက် နောင်ပီကျေးရွာတွင် တောင်ကျရေများ ရုတ်တရက်ကျဆင်းကာ ကော်ဖီထုတ်စိုက်ခင်း၊ ပြောင်းစိုက်ခင်းနှင့် ခရမ်းချဉ်စိုက်ခင်းများသို့ ရေဝင်လာသဖြင့် သီးနှံစိုက်ခင်းများ ပျက်စီးဆုံးရှုံး သွားခဲ့ရသည်။ ထိုသို့ သဘာဝဘေးကြုံတွေ့မှုကြောင့်...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...