Wednesday, January 28, 2026

ပင်လောင်းမြို့နယ်အတွင်း တိုက်ပွဲ ဆက်လက်ပြင်းထန်နေဆဲ

သျှမ်းပြည် တောင်ကြီးခရိုင် ပင်လောင်းမြို့နယ်ထဲတွင် စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲ ဆက်လက်ပြင်းထန်နေလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။

စစ်ကောင်စီ

ပင်လောင်းမြို့နယ် နမ်းနိန်းကျေးရွာ နှင့် ကောင်းယုတောင်ပေါ်ဘက်တွင် စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ PDF တို့ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီ ဂျက်တိုက်လေယာဉ်ဖြင့် ဝင်ရောက်တိုက်ခိုက် နေကြောင်း သိရသည်။

အလားတူ ယမန်နေ့ (မတ် ၂၀) ရက်တွင် စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် ၂ ကြိမ် ဝင်ရောက် ပစ်ခတ်ခဲ့ပြီး ယနေ့ မတ် ၂၁ ရက် သတင်းရေးသားနေသည့်အချိန်ထိ တိုက်ပွဲငြိမ်နေကြောင်း PNDF KK တာဝန်ရှိသူ ကိုဘန်ဂျမင်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ မနေ့ထိတော့ တိုက်ပွဲကတော့ ပြင်းထန်နေသေးတယ်။ စစ်ကောင်စီကတော့ ဂျက်တိုက် လေယာဉ်နဲ့ လာရောက် ပစ်ကူတယ်။ အခုထိတော့ နမ်းနိန်း အနီးနားက တောင်ပေါ်တွေမှာ တိုက်ပွဲ ဖြစ်ပွားနေတယ်။ ဒီနေ့ တိုက်ပွဲတွေတော့ မကြားသေးဘူး” ဟု ကိုဘင်ဂျမင်က ပြောသည်။

အဆိုပါ ယမန်နေ့က ပင်လောင်းမြို့နယ်အတွင်း တိုက်ပွဲသည် စစ်ကောင်စီဘက်က ခန့်မှန်းခြေ အရ သေဆုံးသူ ၈ ဦး လောက်အထိရှိကြောင်း ကိုဘန်ဂျမင်းက ပြောသည်။ ထိုသို့ တိုက်ပွဲ ငြိမ်နေရခြင်းသည် စစ်ကောင်စီဘက်မှ စစ်အင်အား ဖြည့်တင်းနေသည့် အခြေအနေရှိကြောင်း ကိုဘင်ဂျမင် က ပြောသည်။

ကရင်နီ (ကယား) တော်လှန်ရေးတပ်ပေါင်းစု

သို့သော် ပင်လောင်းဘက်တွင် ယနေ့ တိုက်ပွဲ မဖြစ်ပွားသော်လည်း မိုးဗြဲမြို့ အင်းအရှေ့ဘက်ကမ်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယခုရက်ပိုင်း ဖယ်ခုံဘက်တွင် တိုက်ပွဲက ငြိမ်နေပြီး ပင်လောင်းဘက် နှင့် ကရင်နီပြည်ဘက်တွင် တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

“ ဒီနေ့ မနက်တော့ မိုးဗြဲ အရှေ့ဘက်ကမ်းဘက်မှာတော့ ပစ်ခတ်သံတွေ ကြားနေရတယ်။ တိုက်ပွဲကတော့ မိုးဗြဲအရှေ့ဘက်ကမ်းဖြစ်တယ်။ တိုက်ပွဲအသေးပါပဲ။ ခနလောက်ပဲ ဖြစ်သွားတာ။ ဖယ်ခုံဘက်တော့ အခုတလော တိုက်ပွဲငြိမ်နေတယ်” ဟု ဖယ်ခုံ PDF တပ်ရင်း ၂ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဖယ်ခုံမြို့နယ်အတွင်း တိုက်ပွဲငြိမ်နေရခြင်းသည် စစ်ကောင်စီတပ်ဘက်က သေဆုံးမှု များသည့်အတွက်ကြောင့် စစ်အင်အားများ ဖြည့်တင်းနေသဖြင့် တိုက်ပွဲ အချိန်မရွေး ဖြစ်ပွားလာနိုင်ကြောင်း ဖယ်ခုံမြို့ PDF တပ်ဖွဲ့များက ပြောသည်။

ယခု မတ်လအတွင်း ဖယ်ခုံမြို့ တိုက်ပွဲထဲတွင် စစ်ကောင်စီ တပ်ဖက်က သေဆုံးသူ အလောင်း ၈၀ ကျော်ရှိကြောင်း ဖယ်ခုံ PDF တပ်ရင်း ၂ ထံမှ သိရှိရသည်။

“ ကျနော်တို့ ဖယ်ခုံဘက်မှာ တိုက်ပွဲဖြစ်တာတော့ စစ်ကောင်စီဘက်က သေဆုံးမှုများတယ်။ အခု မတ်လအတွင်း တိုက်ပွဲဆိုရင် ခေါင်းအိ တိုက်ပွဲမှာက ၄၈ လောင်း တွေ့တယ်။ ဖယ်ခုံ အင်းအရှေ့ဘက်ကမ်း တိုက်ပွဲကတော့ ၂၃ လောင်း နဲ့ ၆ ယောက်အရှင်ဖမ်းမိတယ်။ မိုးဗြဲ အင်းအရှေ့ဘက်ကမ်းမှာက အလောင်း ၄ လောင်းတွေ့တယ်။ ကုန်းသာရွာမှာကျတော့ ၅ လောင်းထပ်တွေ့တယ်” ဟု ၎င်းက ပြောသည်။

ယခု မတ်လ ၁၁ ရက်မှစပြီး စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ တိုက်ပွဲ စတင် ပြင်းထန်လာခဲ့သည့်အတွက်ကြောင့် သျှမ်းပြည် ပင်လောင်းမြို့နယ်ထဲတွင် ဒေသခံ ၆,၀၀၀ ကျော်က ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။

ပြီးခဲ့သည့် မတ်လ ၁၁ ရက်နေ့တွင်လည်း နမ်းနိန်းကျေးရွာထဲတွင် စစ်ကောင်စီက ဝင်ရောက်ပစ်ခတ်ခဲ့သည့်အတွက်ကြောင့် ဒေသခံ ၁၉ ဦး နှင့် သံဃာ ၃ ပါးတို့က သေဆုံးသွားခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပင်လောင်းတွင် စစ်ဘေးရှောင်များ နေရပ်ပြန်မဲမထည့်ပါက ရွာထဲနေခွင့်မပြုဟု ရွာသူကြီးများက ဖိအားပေးနေ

0
သျှမ်းပြည် ပင်လောင်းမြို့နယ်တွင် စစ်ဘေးရှောင်များအား ရောက်ရာအရပ်မှ ပြန်လာခိုင်းပြီး မဲထည့်ခိုင်းကာ မဲမထည့်ပါက နောင်တွင် ရွာထဲ၌နေခွင့်မပြုဟုဆိုကာ ရွာသူကြီးများက ဖိအားပေးနေကြောင်း ဒေသခံများက ပြောသည်။ ယနေ့ ဇန်နဝါရီလ ၂၅ ရက် နံနက်ပိုင်းမှစတင်၍ ပင်လောင်းမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အသီးသီးရှိ မဲရုံများတွင် ရွေးကောက်ပွဲ အပိုင်း...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...