စစ်ကောင်စီ ဦးစီးပြုလုပ်သည့် ကျိုင်းတုံဟော်နန်း ၆၀ ရာခိုင်နှုန်း ဆောက်လုပ်ပြီးစီးနေ

သျှမ်းပြည် ကျိုင်းတုံခရိုင် ကျိုင်းတုံမြို့တွင် စစ်ကောင်စီမှ ဦးစီးပြုလုပ်သည့် ဟော်နန်းအသစ် ၆၀ ရာခိုင်နှုန်း ဆောက်လုပ်ပြီးစီးနေပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

photo by – Ko Hom ကျိုင်းတုံဟော်နန်း ပုံစံ

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇွန်လ ၂၆ ရက်နေ့မှစပြီး ကျိုင်းတုံမြို့ ရပ်ကွက် (၅) နောင်တုံရေကန် အနီးရှိ စကိတ်ကွင်း အဟောင်းတွင် စစ်ကောင်စီမှ ဦးစီးပြီး သမိုင်းဝင် အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့များ ပူးပေါင်း၍ ဟော်နန်း အသစ်ကို စတင်ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိ ကျိုင်းတုံဟော်နန်းအသစ်သည် ၆၀ ရာခိုင်နှုန်းခန့် ဆောက်လုပ်ပြီးစီးနေပြီ ဖြစ်ကြောင်း သမိုင်းဝင် အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ကော်မတီဝင် စိုင်းဆမ်တစ်ဆေက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ အပြင်ကတော့ ပြီးသလောက် ဖြစ်နေပြီ။ ခေါင်းမိုး မိုးဖို့ဘဲ လိုတော့တယ်။ ဘာအရောင် နဲ့ မိုးမယ်လို့ စဉ်းစားပြီး ဆွေးနွေးနေတာပေါ့။ ၁၀၀ ရာခိုင်နှုန်းမှာ ၆၀ ရာခိုင်နှုန်းလောက်တော့ ပြီးစီးနေပြီ။ ဆောက်လည်း ဆောက်နေတုန်းပါ “ ဟု ၎င်းက ပြောသည်။

photo by – Ko Hom ကျိုင်းတုံဟော်နန်း ပုံစံ

အဆိုပါ ဟော်နန်းဆောက်လုပ်ဖို့ရန်အတွက် အသုံးပြုစရိတ်မှာ သိန်းပေါင်း (၄၀,၀၀၀) ကုန်ကျမည်ဖြစ် ကြောင်းလည်း သိရသည်။

ထို့အပြင် ဟော်နန်းအသစ် ဆောက်လုပ်ပြီးသွားပါက ပျောက်ဆုံးနေသည့် သမိုင်းဝင် သျှမ်းစော်ဘွားများ၏ အမွေအနှစ် ပြန်လည်ရှာဖွေရေး ကော်မတီအသစ်ကို ဖွဲ့စည်းမည်ဖြစ်ကြောင်း၊ သမိုင်းဝင် အမွေအနှစ်များကို ပြန်လည်ထိန်းသိမ်း သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

“ ဒီက အမွေအနှစ်တွေ ထိုင်းရောက်နေတဲ့သူတွေ ပြန်ရှာဝယ်ပြီး ပို့လာပေးမှရမယ်။ ဒီက အမွေအနှစ်တွေကို ထိုင်းမှာသွားရောင်းခဲ့ပြီးပြီ။ ဒါတွေကို ထိုင်းရောက်နေတဲ့ သျှမ်းလူမျိုးတွေ စုပေါင်းပြီး သျှမ်းစော်ဘွားရဲ့ သမိုင်းဝင် အမွေအနှစ်တွေကို ပြန်ရှာဝယ်ပြီး ပို့လာပေးမှပဲ ရတော့မယ် “ ဟု ၎င်း ကော်မတီဝင် တစ်ဦးက ထပ်လောင်းပြောသည်။

photo by – Ko Hom ကျိုင်းတုံဟော်နန်း ပုံစံတူ

စစ်ကောင်စီ ဦးစီးပြီး ဆောက်လုပ်နေသည့် ကျိုင်းတုံဟော်နန်း အသစ်သည် ယခု (၂၀၂၃) ခုနှစ်၊ နှစ်ကုန်ပိုင်း လောက်မှာ အပြီးဆောက်လုပ်သွားမည်ဟုလည်း သိရသည်။

ကျိုင်းတုံ ဟော်နန်းအသစ်ကို မဆောက်လုပ်ခင် လွန်ခဲ့တဲ့ ၂၀၂၂ ဖေဖော်ဝါရီ ၁၇ ရက်တွင် အာဏာသိမ်း စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင် ကိုယ်တိုင်လာရောက်ပြီး ဟော်နန်းအသစ် ဆောက်လုပ်ဖို့ရန် အုတ်များ လာချခဲ့ကြောင်း ဒေသခံများကပြောသည်။

၁၉၀၆ ခုနှစ်တွင် သျှမ်းစော်ဘွားကြီး (စဝ်ကွန်ကျောက်အင်ထလျန်း) ကိုယ်တိုင်က ကျိုင်းတုံမြို့ရှိ ဟော်နန်းကို ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

၁၉၉၁ ခုနှစ် (နိုဝင်ဘာလ ၉ ရက်နေ့) မှာ န.ဝ.တ (အစိုးရခေတ်) ဗိုလ်ချုပ်မှူးကြီး သန်းရွှေ က ကျိုင်းတုံ ဟော်နန်းကို ဘူဒိုဇာဖြင့် ဖြိုဖျက်ပျက်စီးခဲ့ပြီး ထိုနေရာ၌ ဟိုတယ် အသစ်ဆောက်လုပ်ပြီး လက်ရှိ ကျိုင်းတုံဟိုတယ်ကို နှစ်ပေါင်း ၇၀ အတွင်း ငှားပေးထားကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...