Wednesday, February 11, 2026

စစ်ကောင်စီ

ကိုရင်လေးကို ရိုက်ခဲ့သည့် ဆရာတော် ခံဝန်လက်မှတ်ထိုးခိုင်း

သျှမ်းပြည် လားရှိုးမြို့နယ် တာပုံကျေးရွာ ဘုန်းကြီးကျောင်းတွင် စာချဆရာတော်က ကိုရင်လေးအပေါ် ရိုက်နှက်ခဲ့သည်ကို အပြစ်ပေး အရေးယူမှု မရှိဘဲ ခံဝန်လက်မှတ်သာ ထိုးခိုင်းကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ဧပြီ ၁၄ ရက်တွင် တာပုံဘုန်းကြီးကျောင်းတွင် ကျောင်းထိုင်ဆရာတော် ၊ စာချဆရာတော် ၊ ကိုရင်လေး မိဘ နှင့်...

လားရှိုးမြို့နယ် အတွင်း TNLA တပ်သားက ဒေသခံများထဲ ပိုက်ဆံ အတင်းအဓမ္မကောက်ခံ

သျှမ်းပြည် လားရှိုးမြို့နယ် မိုင်းကျက်ကျေးရွာအုပ်စု နမ့်ဆော့ကျေးရွာထဲတွင် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တပ်သားက ဒေသခံပြည်သူများထံ ငွေ အတင်းအဓမ္မတောင်းခံခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဧပြီ ၁၂ ရက်တွင် TNLA တပ်သား (၄) ဦးသည် သေနတ်ဖြင့် နမ့်ဆော့ကျေးရွာအတွင်းသို့ ဝင်ရောက်လာခဲ့ပြီး...

“ဝ” ခေါင်းဆောင်တို့၏ နိုင်ငံရေး စစ်ရေး ဦးဆောင်မှုကို ခံယူမည်ဟု PSLF/TNLA ထုတ်ပြန်ပြောဆို

သျှမ်းပြည်အတွင်း အခြေချ လှုပ်ရှားနေသည့် ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး PSLF / TNLA တပ်ဖွဲ့ သည် “ဝ” ခေါင်းဆောင်ကြီးများ၏ နိုင်ငံရေး၊ စစ်ရေး ဦးဆောင်မှုများကို လေးနက်တည်ကြည်စွာ ခံယူမည် ဖြစ်ကြောင်း ထုတ်ပြန်ပြောဆိုထားသည်။ ယမန်နေ့ (ဧပြီ ၁၇) ရက်တွင် ကျရောက်သည့်...

သျှမ်းပြည်တွင် ယခုနှစ် သင်္ကြန်ကာလအတွင်း ရေနစ်သေဆုံးသူ ၆ ဦးရှိ

သျှမ်းပြည် မူဆယ်မြို့နယ်၊ သီပေါမြို့နယ် နှင့် ကျောက်မဲမြို့နယ်တွင် ယခုနှစ် သင်္ကြန်ကာလအတွင်း ရေနစ်သေဆုံးသူ ၆ ဦး ရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် (ဧပြီလ ၁၅ ရက်) သင်္ကြန်အကြတ်နေ့တွင် ရွှေလီမြစ်အတွင်း ရေဆင်းကစားသည့် အမျိုသား ၃ ဦး ရေနစ် သေဆုံးသွားခဲ့ပြီး သီပေါမြို့နယ်...

မူဆယ်မြို့ ရဲစခန်းပစ်ခတ်မှု၊ ဗိုလ်မှူးတစ်ဦးအပါအဝင် အရပ်သားထိခိုက်ဒဏ်ရာရ

သျှမ်းပြည် မူဆယ်မြို့ ရဲစခန်းတွင် ပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီ၏ လက်အောက်ခံ ပြည်သူ့စစ်မှ ဗိုလ်မှူးတစ်ဦးအပါအဝင် အရပ်သားပြည်သူ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (ဧပြီလ ၁၆ ရက်) ညနေ ၈ နာရီခွဲကျော် အချိန်၌ မူဆယ်မြို့ ရဲစခန်း၏ အနောက်ဘက်ခြမ်းတွင် ပစ်ခတ်မှုဖြစ်ပြီး နာရီဝက်ခန့်အကြာ ပစ်ခတ်မှုသံများ...

ဖယ်ခုံ – ပင်လောင်းမြို့နယ် စစ်ကောင်စီ အင်အားဖြည့် နေ့စဥ်တိုက်ပွဲဖြစ်ပွားနေ

သျှမ်းပြည် တောင်ကြီးခရိုင် ပင်လောင်းမြို့နယ် နှင့် ဖယ်ခုံမြို့နယ်ရှိ ကျေးလက်ဒေသတွင် စစ်ကောင်စီတပ်ဖွဲ့မှ စစ်ကြောင်းထိုးလာခြင်းကြောင့် တိုက်ပွဲ အချိန်မရွေး နေ့စဉ် နီးပါးဖြစ်ပွားနေကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် (ဖေဖော်ဝါရီ ၂၄ ရက်)မှစပြီး သျှမ်း - ကယားနယ်စပ်ဒေသ တလျှောက်ရှိ ပင်လောင်း၊ ဖယ်ခုံ၊ မိုးဗြဲဘက်တွင် စစ်ကောင်စီတပ်ဖွဲ့...

လားရှိုး ဗုံးပေါက် (၄) ဦးသေ၊ ၁၀ ဦး အထက် ထိခိုက်ဒဏ်ရာရ

သျှမ်းပြည် လားရှိုးမြို့ ရန်တိုင်းအောင်ဘုရား ဗဟိုမဏ္ဍပ် အနီးတွင် ယနေ့ (ဧပြီ ၁၃) ရက် နံနက် ၁၁ နာရီခွဲကျော်တွင် ဗုံးထပ်ဆင့် ပေါက်ကွဲမှုဖြစ်ပွားပြီး သေဆုံးသူ (၄) ဦး ထက်မနည်းရှိကာ (၁၀) ဦး အထက် ထိခိုက်ဒဏ်ရာ ရရှိကြောင်း လားရှိုးမြို့...

မိုးနဲမြို့နယ်အတွင်း သင်္ကြန်အကြောင်းပြချက်ဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူး ပိုက်ဆံကောက်

သျှမ်းပြည် မိုးနဲမြို့နယ်အတွင်း သင်္ကြန်အကြောင်းပြချက်ဖြင့် မြို့နယ် အုပ်ချုပ်ရေးမှူး နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပိုက်ဆံလိုက်လံ ကောက်ယူနေကြောင်း သတင်းရရှိသည်။ လက်ရှိ သင်္ကြန်ကာလအတွင်း စစ်ကောင်စီ လက်အောက်ခံ မြို့နယ်အုပ်ချုပ်ရေးမှူးက မိုးနဲမြို့ လွိုင်မြေရပ်ကွက်ထဲတွင် လုပ်ငန်းရှင်များထံ ပိုက်ဆံ ကောက်ယူနေကြောင်း သိရသည်။ “ လုပ်ငန်းရှင်တွေကောက်တာ။ လုပ်ငန်းကြီးရင်တော့ ၁ သိန်းလောက်ထိ...

လဲချားမြို့နယ်အတွင်း တိုက်ပွဲကြောင့် ထွက်ပြေး တိမ်းရှောင်နေရသည့် စစ်ရှောင်များ စားနပ်ရိက္ခာ အကူညီလိုအပ်နေ

သျှမ်းပြည် လဲချားမြို့နယ် ဟိုဖိုင်ကျေးရွာ ဝါဆိုဘုန်းကြီးကျောင်းရှိ စစ်ရှောင်များသည် စားနပ်ရိက္ခာအတွက် အရေးပေါ် အကူညီလိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ ( ဧပြီ ၁၁ ရက်) နံနက်ပိုင်းက သျှမ်းတပ် (၂) တပ် တိုက်ပွဲကြောင့် လဲချားမြို့နယ် မတ်လန်းကျေးရွာအုပ်စု နမ့်မော်မွန်ရွာနှင့် ဝမ်နောင်ဟွမ်ရွာမှ ဒေသခံ ပြည်သူ...

ထိုင်းရောက် မြန်မာရွှေ့ပြောင်း လင်မယား နှစ်ဦး စကားများရာမှ ကလေး နှင့် အမျိုးသမီး သတ်ခံရ

ထိုင်းနိုင်ငံ လမ်းပွန်းခရိုင် လမ်းပွန်းမြို့နယ်အတွင်း နေထိုင်သည့် မြန်မာရွှေ့ပြောင်း လင်မယား နှစ်ဦးသည် စကားများ ရန်ဖြစ်ရာမှ အမျိုးသမီး နှင့် ကလေးငယ် သေဆုံးသည်အထိ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ (ဧပြီလ ၉ ရက်) ညသန်းခေါင်ကျော် (၂) နာရီတွင် မြန်မာရွှေ့ပြောင်း လင်မယားနှစ်ဦး ငှားရမ်းနေထိုင်သည့်...

Latest news