တာချီလိတ် ရာဘာခြံတစ်ခြံ မီးလောင်မှုဖြစ် ဒေသခံများ စိုးရိမ်

မြန်မာ – ထိုင်း နယ်စပ် သျှမ်းပြည် တာချီလိတ်မြို့ရှိ ရာဘာခြံတစ်ခြံတွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ်များ မီးကူးစက်မည်ကို ဒေသခံများ စိုးရိမ်နေကြောင်း စုံစမ်း သိရှိရသည်။

မီးလောင်မှု

ယမန်နေ့ ဧပြီ (၁၉) ရက် ည (၇) နာရီခွဲကျော်က တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်အတွင်းရှိ ကချင်ရွာအနီး ရာဘာတောတစ်ခုမှာ မီးလောင်မှုဖြစ်ပွားပြီး လူနေအိမ် ရပ်ကွက် နှင့် နီးသဖြင့် ပြည်သူများ စိုးရိမ်ထိတ်လန့်နေကြောင်း သိရှိရသည်။

“မနေ့ည မီးလောင်တာက လူနေအိမ် နဲ့ အရမ်းနီးတယ်။ ၂ နာရီကြာမှ မီးသတ်နိုင်ခဲ့တယ်။ အိမ် နဲ့ အရမ်းနီးတော့ ကျနော်တို့လည်း အိမ်တွေပါသွားမှာကို စိုးရိမ်တယ်” ဟု ကချင်ရွာတွင်း နေထိုင်သည့် ဒေသခံ အမျိုးသားတစ်ဦး ကပြောသည်။

ရာဘာတောအတွင်း မီးလောင်မှုဖြစ်ပွားခြင်းသည် အသေးစိတ် အချက်လက်ကို မသိရှိရသေးပေ။

မီးလောင်မှု

သင်္ကြန်မတိုင်ခင် ကာလတွင်လည်း ရာဘာခြံတစ်ခု၌ မီးလောင်မှုဖြစ်ပွားခဲ့သေးသော်လည်း ယခုလို နေအိမ်နှင့် မနီးကပ်သဖြင့် ပြည်သူများ စိုးရိမ်မှု မရှိခဲ့ကြောင်း အဆိုပါ အမျိုးသား ကပြောသည်။

“မီးရှို့မယ်ဆိုရင်လည်း စည်းနဲ့ဘောင်နဲ့ ရှို့သင့်တယ်။ နေအိမ်တွေမှာ အမှိုက်တွေ ရှို့မယ်ဆိုရင်လည်း သံပုံးထဲ ထည့်ပြီး ရှို့ရင်ကောင်းတယ်။ နေအိမ်တွေ မကူးအောင်ပေ့ါ။ ကိုယ့်တောင်ယာ တောင်ကုန်းမှာ ရှို့မယ်ဆိုရင်လည်း စနစ်တကျ ရှို့ရင်ကောင်းတယ်။ ဒါက ပြောဖို့ခက်ပါတယ်။ ဒါက တောင်သူတွေရဲ့ စီးပွားရေး ဖြစ်နေတော့ တားလို့မရဘူး။ အသိပညာပေးနိုင်ရင်တော့ ကောင်းတာပေ့ါ” ဟု တာချီလိတ် ဒေသခံ တစ်ဦးက ပြောသည်။

ပွင့်လင်းရာသီ ရောက်ရှိချိန်ဖြစ်သည့် အတွက် တောင်သူများ တောင်ယာ မီးရှို့မှုရှိခြင်း၊ တောမီးလောင်မှု ဖြစ်ပွားခြင်း တို့ကြောင့် တာချီလိတ်မြို့နယ်အတွင်း လေထုညစ်ညှမ်းမှု နှစ်စဥ်နှစ်တိုင်း ဖြစ်ပေါ်နေလျက်ရှိသော်လည်း သက်ဆိုင်ရာ တာဝန်ရှိသူများက ကာကွယ်မှု၊ လေထုသန့်ရှင်းမှုများ လုပ်ဆောင်ပေးမှုများ မရှိကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...