တောင်လေးလုံး လွှတ်ငြိမ်းထဲ နိုင်/ကျဥ်းမပါ

သျှမ်းပြည် တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ်ရှိ ညောင်ရွှေ အကျဥ်းထောင် (တောင်လေးလုံး) အကျဥ်းထောင်မှ လွတ်ငြိမ်းခွင့်ရသည့် အကျဥ်းသားများ အနက် နိုင်/ကျဥ်းများ နှင့် အမျိုးသမီးများ မပါခဲ့ကြောင်း သတင်း သိရသည်။

အကျဥ်းထောင်

ဧပြီလ ၁၇ ရက်နေ့ နှစ်ဆန်းတစ်ရက်နေ့ နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့်ရသည့် အကျဥ်းထောင်အသီးသီးမှ အကျဥ်းသားများ အနက် နိုင်ငံရေး အကျဥ်းသားများ နှင့် အမျိုးသမီး အကျဥ်းသားများ မပါဝင်ခဲ့ကြောင်း နိုင်/ကျဥ်းများကို ကူညီပေးနေသည့် ရှေ့နေတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မနေ့က ညနေအထိ လူတွေကို လွတ်ပေးနတာတော့ သိရတယ်၊ ဒါပေမဲ့ အမျိုးသားတွေချည်းပဲ၊ အမျိုးသမီးက မပါလာခဲ့ဘူး၊ နောက်ပြီးတော့ အခုလွတ်လာတဲ့ အထဲမှာ နိုင်/ကျဥ်းတွေက မပါလာခဲ့ဘူး၊ နိုင်/ကျဥ်းမဟုတ်တဲ့ နှစ်ရှည်ကျတဲ့ သူတွေနဲ့ ရွှေ့ပြောင်းလာတဲ့ သူတွေပဲ လွတ်ပေးတယ်” ဟု အထက်ပါ ရှေ့နေက ပြောသည်။

တောင်လေးလုံး အကျဥ်းထောင်မှ နှစ်ဆန်းတစ်ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့် ရပြီး ပြန်လည် လွတ်မြောက် သူများသည် အမျိုးသားများသာဖြစ်ကြောင်း နှင့် လက်ရှိတွင် စုစုပေါင်း အရေအတွက်ကို မသိရသေးကြောင်းလည်း ၎င်းက ဆိုသည်။

လက်ရှိတွင် သျှမ်းပြည်မှ ညောင်ရွှေ အကျဥ်းထောင်၊ လားရှိုးအကျဥ်းထောင်၊ ကျိုင်းတုံအကျဥ်းထောင် နှင့် တခြား မြို့နယ်အသီးသီးရှိ အကျဥ်းထောင်များမှ အကျဥ်းသားများ လွတ်ငြိမ်းခွင့်ရသော်လည်း နိုင်ငံရေး အကျဥ်းသား အနည်းငယ်သာ ပါခဲ့ကြောင်းလည်း သိရသည်။

“ပြန်လွှတ်လာတဲ့ တော်တော်များများက ခိုးဆိုးလုယက်တွေပဲ ဖြစ်ကြတယ်ထင်တယ်၊ ရပ်ကွက်အတွင်း ရပ်ရွာအတွင်း လာပြီးတော့ နှောင့်ယှက်ပေးမှာပဲ စိုးရိမ်ရတယ် “ ဟုလည်း တောင်ကြီးမြို့နယ်မှ ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့မှ လွတ်ငြိမ်းခွင့်ပေးလိုက်သည့် အကျဥ်းသားများသည် စုစုပေါင်း ၃,၁၁၃ ဦးရှိ နေပြီး၊ ကချင်ပြည်မှ ၁၂၅ ဦး၊ ကယားပြည်မှ ၁၁ ဦး၊ ကရင်ပြည်မှ ၈၃ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ၁၇၇ ဦး၊ တနင်္သာရီတိုင်းဒေသကြီးမှ ၁၄၅ ဦး၊ ပဲခူးတိုင်းဒေသကြီးမှ ၉၃ ဦး၊ မကွေးတိုင်း ဒေသကြီးမှ ၃၉၈ ဦး၊ ရခိုင် ပြည်မှ ၁၇၃ ဦး ၊ ရန်ကုန်တိုင်း ဒေသကြီးမှ ၁,၂၇၇ ဦး၊ ဧရာဝတီတိုင်းမှ ၈၂ ဦး နှင့် သျှမ်းပြည်က ၁၅၂ ဦး တို့အား လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လွတ်ငြိမ်းချမ်းသာခွင့်ရသူများအနက် နိုင်ငံခြားသား (၉၈) ဦးနှင့် သီရိလင်္ကာ နိုင်ငံသား ၅ ဦးတို့ ပါဝင် ကြောင်းလည်း စစ်ကောင်စီက ဖော်ပြထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...