Friday, April 26, 2024

ဆီဆိုင်မြို့နယ် လေပြင်းတိုက်ခိုက်မှုကြောင့် ပျက်စီး

Must read

သျှမ်းပြည် တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ် ကယန်းလေးရွာတွင် လေပြင်းတိုက်ခိုက်မှုကြောင့် ဒေသခံ အိမ်ခြေ ၃၀ ကျော် ပျက်စီးဆုံးရှုံးမှုရှိကြောင်း စုံစမ်းသိရသည်။

လေပြင်းတိုက်ခိုက်မှုကြောင့် နေအိမ်များ ပျက်စီး

ပြီးခဲ့သည့် (ဧပြီလ ၁၇ ရက်) ညနေပိုင်းတွင် ဆီဆိုင်မြို့နယ် ကယန်းလေးရွာမှာ လေပြင်း တိုက်ခိုက်မှုကြောင့် ဒေသခံ အိမ်ခြေ ၃၀ ကျော်တွင် အိမ်ခေါင်မိုး နှင့် ထရံများ ပျက်စီးသွားခဲ့ပြီး ပြန်လည်ထူထောင်ရေး အတွက် အကူအညီ လိုအပ်နေကြောင်း ကယန်းလေးရွာဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“အိမ်ခြေ ၃၀ ကျော်လောက်ရှိတယ်။ အိမ်ခေါင်မိုး၊ ထရံတွေ အကုန် ပါသွားတာ။ တချို့လူတွေက ပြန်ပြင်ပြီးနေပါပြီ။ ပိုက်ဆံရှိတဲ့ လူတွေတော့ အဆင်ပြေတာပေါ့ဗျာ။ မရှိတဲ့လူတွေတော့ ပိုက်ဆံလိုက်ချေးပြီး ပြန်ပြင်နေရတယ်“ ဟု ၎င်းက ပြောသည်။

အဆိုပါ လေပြင်းတိုက်ခိုက်မှုကြောင့် နေအိမ်၏ ခေါင်းမိုးနှင့် ထရံ ပျက်စီးဆုံးရှုံးသွားသည့် ဒေသခံတချို့မှာ အသစ်တစ်ဖန်ပြန်လည်တည်ဆောက်ဖို့အတွက် ငွေရေးကြေးရေး အခက်အခဲရှိကြောင်း ၎င်းက ဆက်ပြောသည်။

ထို့အပြင် ဆီဆိုင်မြို့နယ်တွင် နွေရာသီကာလသို့ ရောက်တိုင်း ရေရှားပါးပြဿနာနှင့် အမြဲကြုံတွေ့နေရပြီး ယခုနှစ်အတွင်း ရာသီဉတု ဖောက်ပြန်မှုကြောင့် မိုးသီးကျခြင်း၊ လေပြင်းတိုက်ခိုက်ခြင်းမှတစ်ဆင့် ဒေသခံနေအိမ်များလည်း ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article