Monday, July 22, 2024

ကွတ်ခိုင်မြို့

ကွတ်ခိုင်မြို့နယ် စစ်ကောင်စီ အရာရှိ နှင့် တပ်သား အချင်းချင်း ပစ်ခတ်မှုဖြစ်ပွား

သျှမ်းပြည် ကွတ်ခိုင်မြို့နယ်အတွင်းတွင် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ အချင်းချင်း ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၃ ရက်တွင် ကွတ်ခိုင်မြို့နယ်ရှိ တိုးဂိတ်အနီးတွင် စစ်ကောင်စီ လက်အောက်ခံ အရာရှိ တစ်ဦး နှင့် တပ်သားတို့က အရက်တူတူသောက်ရာမှ စကားများပြီး အချင်းချင်း သေနတ်ပစ်ခတ်မှု...

ကွတ်ခိုင် လေပြင်းတိုက် ကလေးငယ်တစ်ဦးသေဆုံး၊ အဆောက်အဦးပျက်စီး

သျှမ်းပြည် ကွတ်ခိုင်မြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ကလေးငယ်တစ်ဦး သေဆုံးပြီး စာသင်ကျောင်း အပါအဝင် နေအိမ်များ ပျက်စီးမှု ရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇူလိုင် ၁၉) ရက် ညနေ ၅ နာရီဝန်းကျင်တွင် ကွတ်ခိုင်မြို့နယ် မန်နောင်ကျေးရွာမှ ကလေးငယ်တစ်ဦး ကျွဲကျောင်းသွားနေစဉ် လေပြင်းကြောင့် လွှင့်ပါသွားပြီး ကျောက်တုံးနှင့်တိုက်မိကာ...

ကွတ်ခိုင်မြို့နယ် တစ်ရက်တည်း KIA နဲ့ စကစ ထိတွေ့တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွား

သျှမ်းပြည် မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်တွင် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့က ထိတွေ့တိုက်ပွဲ ထပ်မံ ဖြစ်ပွားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၆) ရက် မနက်ပိုင်း ၁၀ နာရီ ဝန်းကျင်တွင် ကွတ်ခိုင်မြို့နယ်၊ ခိုမုန်းကျေးရွာနား...

ကွတ်ခိုင်မြို့နယ် စစ်ကောင်စီ လက်နက်ကြီးကြောင့် အမျိုးသမီး ၃ ဦး ထိခိုက်ဒဏ်ရာရ

သျှမ်းပြည် ကွတ်ခိုင်မြို့နယ်အတွင်း စစ်ကောင်စီ တပ်ဖွဲ့မှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ အမျိုးသမီး ၃ ဦး ထိခိုက်ဒဏ်ရာ ရသွားကြောင်း စုံစမ်း သိရသည်။ ယမန်နေ့( ဇူလိုင် ၁၀) ရက်နံနက်ပိုင်း ၁၀ နာရီဝန်းကျင်တွင် မိုင်းယုလေးဘက်မှ လာသည့် ဆိုင်ကယ်စီး အမျိုးသမီး နှစ်ဦး...

ကွတ်ခိုင်မြို့နယ် တစ်နေ့တည်း စစ်ကောင်စီ နှင့် KIA တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွား

သျှမ်းပြည် ကွတ်ခိုင်မြို့နယ်အတွင်း တစ်နေ့တည်း အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့ ထိတွေ့ တိုက်ပွဲ နှစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယမန်နေ့ (ဇူလိုင် ၉ ) ရက် နံနက်ပိုင်း ၁၁ နာရီဝန်းကျင်တွင် တစ်ကြိမ် ၊...

ကွတ်ခိုင်မြို့နယ် KIA နှင့် စစ်ကောင်စီ တိုက်ပွဲဖြစ်၊ ရွာအတွင်း လက်နက်ကြီးကျ ပေါက်ကွဲ

သျှမ်းပြည် မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်အတွင်း စစ်ကောင်စီ တပ်ဖွဲ့ နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့ တိုက်ပွဲဖြစ်ပွားပြီး ပန်းဆေးကျေးရွာအတွင်းသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲကြောင်း စုံစမ်း သိရသည်။ ပြီးခဲ့သည့် ဇွန် ၁၁ ရက် ညပိုင်း ၈ နာရီခွဲ ဝန်းကျင်အချိန်မှ စတင်ကာ...

ကွတ်ခိုင်မြို့နယ် တရက်တည်း ပစ်ခတ်မှု နှစ်ကြိမ်ဖြစ်၊ ဒေသခံများ ကတုတ်ကျင်းထဲ ဝင်ခိုရ

သျှမ်းပြည် မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်အတွင်း၌ တစ်နေ့တည်းအတွင်း ပစ်ခတ်မှု နှစ်ကြိမ် ဖြစ်ပွားခဲ့သည့် အတွက် ဒေသခံများက ကတုတ်ကျင်းထဲ ဝင်ရောက်ခိုရကြောင်း စုံစမ်း သိရှိရသည်။ ယနေ့ ဇွန်လ ၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ၁၀ မိနစ်တွင် ကွတ်ခိုင်မြို့နယ်၊ နောင်ဆွေကျေးရွာအနီး၌ လက်နက်ကြီး...

ကွတ်ခိုင်မြို့နယ်အတွင်းရှိ အလယ်တန်းကျောင်း KIA မှ စာသင်ခွင့် ပိတ်သိမ်း

သျှမ်းပြည် ကွတ်ခိုင်မြို့နယ်၊ မိုင်းယုလေး ကျေးရွာအတွင်းရှိ အလယ်တန်း စာသင်ကျောင်း တစ်ကျောင်းကို ကချင်လွတ်လပ်ရေး တပ်မတော် ( KIA) က စာသင်ခွင့် ပိတ်သိမ်းလိုက်ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လ ၅ ရက်မှ စပြီး ကွတ်ခိုင်မြို့နယ် မိုင်းယုလေး ကျေးရွာရှိ အလယ်တန်းကျောင်းကို...

နေရပ်ပြန် ကွတ်ခိုင်မြို့နယ် စစ်ဘေးရှောင်များ နေအိမ်ပြန်ဆောက်ရန် အကူအညီလိုအပ်

သျှမ်းပြည် မူဆယ်ခရိုင် ကွတ်ခိုင်မြို့နယ်၊ ကောင်းလိန်ကျေးရွာအုပ်စု ကောင်းလိန်ကျေးရွာ နှင့် မန်လုံ ကျေးရွာတို့မှ နေရပ်ပြန်သည့် စစ်ဘေးရှောင်များသည် နေအိမ်ပြန်ဆောက်ရန်အတွက် အကူအညီ လိုအပ်နေကြောင်း စုံစမ်းသိရသည်။ အဆိုပါ စစ်ဘေးရှောင်များသည် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် စစ်ကောင်စီတပ် နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် KIA တပ်တို့...

ကွတ်ခိုင်မြို့နယ်မှ လူငယ်တစ်ဦး ဖမ်းခံရပြီး ယနေ့ထိ ပြန်မလွှတ်သေး

သျှမ်းပြည် မူဆယ်ခရိုင် ကွတ်ခိုင်မြို့နယ် ဟိုမောကျေးရွာ အုပ်စုမှ လူငယ် အမျိုးသားတစ်ဦး ဖမ်းခံရပြီး ယနေ့ထိ ပြန်မလွှတ်သေးကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဧပြီလ ၁ ရက်နေ့တွင် ဟိုမောကျေးရွာအုပ်စု လွယ်ခွမ်ကျေးရွာတွင် နေထိုင်သည့် ပြည်သူ့စစ်ဟောင်း ဖြစ်ခဲ့ဖူးသော အသက် ၂၀ အရွယ်ရှိ မိုင်းစိုးထွန်းကို ကွတ်ခိုင်မြို့ပေါ်...

Latest news