ကွတ်ခိုင်မြို့နယ် အမျိုးသမီးနှစ်ဦး မုဒိမ်းကျင့်ခံရမှု သတင်းထွက်ပါက ရွာကို မီးရှို့ဖျက်မည်ဟု စစ်ကောင်စီ ခြိမ်းခြောက်

သျှမ်းပြည် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာအုပ်စုရှိ ဆွမ်လုံကျေးရွာနေ အမျိုးသမီး ၂ ဦးကို စစ်ကောင်စီတပ်သားများက မုဒိမ်းပြုကျင့်မှု နှင့် ပတ်သက်ပြီး သတင်းထပ်မံ ထွက်ပေါ် လာပါက ရွာကို မီးရှို့ဖျက်ဆီးမည်ဟု စစ်ကောင်စီက ခြိမ်းခြောက်ကြောင်း စုံစမ်း သိရသည်။

.

ပြီးခဲ့သည့် ဇူလိုင်လ ၃၀ ရက် ညပိုင်း ၁၀ နာရီ ဝန်းကျင်တွင် နမ့်ဖတ်ကာ ကျေးရွာအုပ်စုရှိ ဆွမ်လုံကျေးရွာ ဒေသခံ အမျိုးသမီး ၂ ဦးကို စစ်ကောင်စီ တပ်သားများက အိမ်တွင်းထဲသို့ ရောက်ရှိလာပြီး မုဒိမ်းပြုမှု ကျူးလွန်ခဲ့သည်။

စစ်ကောင်စီ

ယင်းကဲ့သို့ အမျိုးသမီးများကို မုဒိမ်းကျင့်ခဲ့ပြီးသည့်နောက် သတင်းပေါက်ကြားမှု ရှိပါက သေနတ်ဖြင့် ပစ်သတ်မည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့သည့်အပြင် ရွာကိုလည်း မီးရှို့ဖျက်ဆီးမည်ဟု စစ်ကောင်စီက ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း ကွတ်ခိုင်မြို့နယ်မှ အမျိုးသမီးအရေး ဆောင်ရွက်သူ အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဖြစ်စဥ်ဖြစ်ပွားခဲ့ပြီး နောက်တစ်နေ့မှာပဲ ရွာထဲကို စစ်ကြောင်း တစ်ကြောင်းဝင်လာတယ်၊ ဖြစ်သွားတဲ့ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး သတင်းပေါက်ကြားမှု မဖြစ်စေနဲ့၊ တပ်နာမည် ထိခိုက်စေတယ်၊ သတင်းပေးတဲ့ သူရှိရင် ပစ်သတ်မယ်ဆိုပြီး ခြိမ်းခြောက်တယ်။ ရွာပတ်လည်မှာ စစ်တပ်တွေ ရှိပြီးသား၊ ရွာကိုမီးရှို့ ပစ်လိုက်လို့ တောင်ရတယ် လို့ ပြောသွားတယ်” ဟု ကွတ်ခိုင်မြို့နယ်မှ အမျိုးသမီးအရေး လှုပ်ရှား ဆောင်ရွက်သူ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ စစ်ကောင်စီ စစ်ကြောင်းသည် ခမယ ၅၆၉ တပ်ရင်းဖြစ်ပြီး သတင်းပေါက်ကြားမှု မရှိစေရန် အတွက် ဖြစ်စဥ် ဖြစ်ပွားခဲ့ပြီး ယနေ့အချိန်အထိ ဆွမ်လုံကျေးရွာအတွင်းတွင် စစ်ကောင်စီ တပ်သားများ ဝင်ရောက်နေထိုင်ပြီး ခြိမ်းခြောက်နေကြောင်းလည်း သိရသည်။

စစ်ကောင်စီဘက်မှ ခြိမ်းခြောက်ပြောဆိုမှုအပြင် ကျေးရွာအတွင်းပါ ဝင်ရောက်နေထိုင်ပြီး ဒေသခံများ ကြောက်လန့်အောင် လုပ်နေသည့်အတွက် ဒေသခံများကလည်း သတင်းဖြစ်စဥ်ကို နှုတ်ပိတ်ထားရကြောင်းလည်း အထက်ပါ အမျိုးသမီးက ဆက်ပြောသည်။

“ရွာသားတွေမှာတော့ ဘယ်သူမှ စကားမဟရဲတဲ့ အခြေအနေ ဖြစ်နေတယ်။ ဖြစ်ပျက် သွားတာတွေကြောင့် ဒေသခံတွေလည်း စိတ်ဒဏ်ရာတွေ ရနေကြပြီ။ ကျူးလွန်ခံရတဲ့သူတွေဆိုလည်း ဘယ်မှ မသွားရဲ၊ ဘာမှ မပြောရဲ ဖြစ်နေတယ်၊ အပြင်လူမပြောနဲ့ သူတို့ဆွေမျိုးဆိုလည်း မနည်း နားချပြီး စကားပြော ယူရတာ” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

မုဒိမ်းမှု ကျုးလွန်ခံရသည့် အမျိုးသမီးတစ်ဦးသည် အသက် ၃၀ နှစ်ကျော်အရွယ် ကလေး ၂ ဦးရှိသည့် မိခင်တစ်ဦးနှင့် နောက်တစ်ဦးသည် ကိုယ်ဝန်သည် အမျိုးသမီးတစ်ဦး ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီ တပ်သားများသည် အိမ်ရှင်အမျိုးသားများကို လက်ထိပ်ခတ်ပြီး သေနတ်ဖြင့် တေ့ကာ အမျိုးသမီးများကို ၎င်းတို့၏ ရှေ့မှာပင် မုဒိမ်းမှု ပြုကျင့်ခဲ့ကြောင်းလည်း သိရသည်။

ယင်းကဲ့သို့ ဖြစ်စဥ် နှင့် ပတ်သက်ပြီး စစ်ကောင်စီ အနေဖြင့် ကျူးလွန်သူများကို ပြင်းထန်စွာ အရေးယူ ဆောင်ရွက် စေလိုကြောင်း နှင့် တာဝန်ယူမှု ၊ တာဝန်ခံမှု ရှိစေလိုကြောင်း ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင် (SHRF) ကလည်း သြဂုတ်လ ၈ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

“သူတို့ လုပ်ရပ်က အင်မတန်ကို ရက်စက်လွန်းတဲ့ လုပ်ရပ်ဖြစ်တယ်။ ပြည်သူလူထု အပေါ်မှာ တမင် သပ်သပ် နှိပ်စက်တဲ့ လုပ်ရပ်တွေ ဖြစ်တယ်လို့လည်း မြင်မိတယ်၊ ဒါကြောင့် စစ်ကောင်စီ အနေနဲ့ ဒေသခံတွေအပေါ်မှာ ထိုက်သင့်တဲ့ ပေးလျှော်မှု၊ တာဝန်ယူမှု တာဝန်ခံမှု ရှိသင့်တယ်။ ကျူးလွန်တဲ့ တပ်သားတွေကိုလည်း ပြင်းထန်စွာ ထိရောက်စွာ အရေးယူပေးစေချင်တယ်” ဟု ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်၏ ပြောရေးဆိုခွင့်ရှိသူ စိုင်းဟော်ရှဲန်က သျှမ်းသံတော်ဆင့်ကိုပြောသည်။

ကွတ်ခိုင်မြို့နယ်သည် စစ်ကောင်စီ နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်တို့အကြား မကြာခဏ တိုက်ပွဲ ဖြစ်ပွားလေ့ရှိပြီး တိုက်ပွဲပဋိပက္ခတွေကြား ပြည်သူလူထုတွေက အဘက်ဘက်ကနေ လူ့အခွင့်အရေး ချိုးဖောက်မှုများစွာ ကျူးလွန်ခံနေရကြောင်းလည်း သိရသည်။

ယခု ၂၀၂၃ ခုနှစ် မတ်လမှ ဧပြီလ အထိ သျှမ်းပြည် အတွင်း လိင်ပိုင်းဆိုင်ရာ နှင့် ကျား – မ ကွဲပြားမှုပေါ် အခြေခံသည့် အကြမ်းဖက်ခံရမှုများသည် ယခင်နှစ်များထက် တိုးလာကြောင်း ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ် လှုပ်ရှား ဆောင်ရွက်ရေး အသင်း (SWAN) ကလည်း ပြီးခဲ့သည့် ဇွန်လ ထဲတွင် ထုတ်ပြန်ခဲ့ သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...