ကွတ်ခိုင်ဒေသခံ နှစ်ဦးကို စစ်ကောင်စီ ဖမ်းဆီးသွားပြီး တစ်ဦးကို သေနတ်ဖြင့် ပစ်ခဲ့

သျှမ်းပြည် မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ် အခြေစိုက် စစ်ကောင်စီတပ်သည် ဒေသခံ နှစ်ဦးကို ဖမ်းဆီးပြီး တစ်ဦးကို သေနတ်ဖြင့် ပစ်ခဲ့ကြောင်း စုံစမ်း သိရသည်။

ကွတ်ခိုင်မြို့

ဇူလိုင်လ ၂၉ ရက်နေ့ ညပိုင်းအချိန်တွင် ကွတ်ခိုင်မြို့နယ် မန်နောင်ကျေးရွာ ဘုန်းကြီးကျောင်း အနောက်ဘက် တောအုပ်မှ တစ်ဆင့် စစ်ကောင်စီ စစ်ကြောင်းတစ်ခုသည် ဘုန်းကြီးကျောင်းဝန်းထဲ အရပ်သား ၂ ဦးကို ဖမ်းခေါ်လာပြီး တစ်ဦးကို သေနတ်ဖြင့် ပစ်ခဲ့ကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ညမှောင်ရီ စပျိုးအချိန်ဆိုတော့ ဘယ်သူဘယ်ဝါမှန်း သဲသဲကွဲကွဲတော့ မသိရဘူး၊ စစ်ဆေးမေးမြန်းတဲ့ ပုံစံတော့ တွေ့ရတယ်၊ ကိုရင်တွေ ဦးဇင်းတွေ အကုန်လုံးကို ကျောင်းဝင်းထဲပဲနေဖို့ အော်ပြီး အမိန့်ပေးတယ်၊ ပြီးတော့ တစ်ဦးကို သေနတ်နဲ့ ပစ်လိုက်တယ်၊ သေသလား ရှင်သလားတော့ မသိရဘူး၊ ခဏအကြာတော့ အဲ့စစ်ကြောင်း ကလည်း ပြန်ထွက်သွားတယ်” ဟု ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီ စစ်ကြောင်း ပြန်လည်ထွက်သွားချိန်တွင် အရပ်သား နှစ်ဦးကိုလည်း ၎င်းတို့နှင့် အတူ ပြန်လည် ဖမ်းဆီးခေါ်ဆောင်သွားပြီး သွေးကွက်ကို ခြေထောက်ဖြင့် မြေအနည်းငယ်ဖြင့် ဖုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ ဖမ်းဆီးခံရသည့် အရပ်သား ၂ ဦးသည် မည်သည့်ကျေးရွာမှ ဖြစ်ကြောင်းကို သျှမ်းသံတော်ဆင့်မှ ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။

ထို့အပြင် ပြီးခဲ့သည့် ဇူလိုင် ၂၅ ရက်တွင်လည်း တီးမဒေသခံ အရပ်သား ကချင်လူငယ် (၂) ဦးကို စစ်ကောင်စီ တပ်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားပြီး ယနေ့အထိ အဆက်အသွယ် မရကြောင်းလည်း ဒေသခံများထံမှ သိရသည်။

“အကြောင်းရင်းမသိ ဖမ်းဆီးသွားတာပဲ၊ အခုထိလည်း ဘယ်နေရာကို ဖမ်းဆီးသွားလည်း ဆိုတာတွေကို မိသားစု ဝင်တွေက မသိရသေးဘူး၊ စစ်ကောင်စီဘက်က လက်နက်ကြီးတွေကို နေ့စဥ်ရက်ဆက်ပစ်တာ၊ ကျေးရွာတွေ ထဲကိုလည်း ဝင်ပြီးတော့ လူတွေကို ဖမ်းပြီး စစ်ဆေးတာက နေ့တိုင်းရှိတယ်” ဟု ဒေသခံများက ပြောသည်။

ဇူလိုင်လအတွင်း စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုကြောင့် နမ့်ဖတ်ကာမှ ဒေသခံ အမျိုးသမီး (၁) ဦး ၊ လူငယ် (၁) ဦး သေဆုံးကာ ၊ နမ့်အွမ်ကျေးရွာအုပ်စု ဆိုင်းခေါင်(ဝ်) မှ အရပ်သား အမျိုးသား (၁) ဦးလည်း သေဆုံးရပြီး အလောင်းကို စစ်ကောင်စီ တပ်သားများ လုယူသွားခဲ့သည်။

 ဇူလိုင်လ ပထမပတ်အတွင်းမှ စတင်ကာ အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့သည် သျှမ်းပြည်အတွင်း အခြေစိုက် လှုပ်ရှားသည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှု ခပ်စိပ်စိပ် ဖြစ်လာသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...

ရှုပ်ထွေးပွေလီ ကိစ္စများကြား တရုတ်အတွက် အိန္ဒိယ သမုဒ္ဒရာထွက်ပေါက်ပေးချင်တဲ့ စစ်ကောင်စီ

0
မြန်မာနိုင်ငံသည် တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ဖန်တီးပေးနိုင်သည့် နိုင်ငံဖြစ်ကြောင်း ယခုနှစ် ၂၀၂၆ တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားတွင် စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ထည့်သွင်း ပြောကြားခဲ့သည်။ စစ်ရေးပဋိပက္ခများ ပြင်းထန်ခဲ့သည့် သျှမ်းပြည်မြောက်ပိုင်းကို ဖြတ်သန်းသွားမည့် မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းနှင့် အခြားသော စီးပွားရေးစီမံကိန်းကြီးများကိုလည်း တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာ...

မိုးဗြဲအနောက်ခြမ်းကို စစ်တပ် စစ်ကြောင်းထိုး၊ စစ်ရှောင်များ သတိထားသွားလာရန် 

0
သျှမ်း - ကရင်နီ န​ယ်စပ် မိုးဗြဲမြို့အနောက်ဘက်ခြမ်းရှိ ကျေးရွာများကို စစ်ကောင်စီတပ် နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) တို့ အင်အားအလုံးအရင်းဖြင့်  စစ်ကြောင်းထိုးနေကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က ယမန်နေ့ ( ဖေဖော်ဝါရီလ ၂၅ ရက်)တွင် ထုတ်ပြန်ထားသည်။  ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ အနောက်ဘက်ခြမ်းရှိ လွယ်ယင်းမင်္ဂလာကျေးရွာ နှင့် လာမောက်ရွာဖက်ကို  စစ်ကောင်စီတပ်နှင့် PNO စစ်ကြောင်းထိုးမှုများရှိနေကြောင်းကို စစ်ရေးသတင်းအရင်းမြစ်တစ်ဦးက...