ကွတ်ခိုင်အတွင်း စစ်ကောင်စီ လက်နက်ကြီး ရမ်းသမ်းပစ် နေအိမ်တစ်လုံး ပျက်စီးရ

သျှမ်းပြည် ကွတ်ခိုင်မြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့မှ လက်နက်ကြီးဖြင့် တစ်ဖက်သတ် ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူ့နေအိမ် တစ်လုံး ပျက်စီးကြောင်း စုံစမ်း သိရသည်။

လက်နက်ကြီး

ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက် ညပိုင်း ၁၁ နာရီဝန်းကျင်တွင် ကွတ်ခိုင်မြို့ အခြေစိုက် အမှတ် ၁၂၃ အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့သည် တပ်ကုန်းမှ တစ်ဆင့် နမ့်ဖတ်ကာဘက်သို့ ဦးတည်ပြီး လက်နက်ကြီးများ တစ်ဖက်သတ် ရမ်းသမ်း ပစ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယင်းကဲ့သို့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် နမ့်ဖတ်ကာ ကျေးရွာအုပ်စု ၊ မိုင်ဆောင်ကုန်းကျေးရွာမှ နေအိမ်တစ်လုံး ထိမှန်ပြီး အိမ်ရှင်မိသားစု ထိခိုက်မှု မရှိခဲ့ကြောင်း အမည်မဖော်လိုသူ ဒေသခံ အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“လက်နက်ကြီး နဲ့ အဆက်မပြတ် ရမ်းရမ်းပစ်ခဲ့တာ ည ၁၁ နာရီ ကနေ ၁ နာရီထိ အသံတွေ ကြားရတယ်။ ရွာထဲက အိမ်တစ်လုံးပေါ် လက်နက်ကြီးစ မှန်ပြီး တစ်အိမ်လုံး ရစရာမရှိ ပျက်စီးသွားတယ်၊ အိမ်ရှင်မိသားစု သားအမိ ၃ ဦးကတော့ အသက်ဘေးကတော့ လွတ်သွားတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံအမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် အဆိုပါ အိမ်ပျက်စီးသွားသည့်အတွက် အိမ်ရှင် သားအမိ ၃ ဦး နေထိုင်ရန်အတွက် ယာယီတဲကို ဒေသခံများက စုပေါင်းလုပ်ပေးထားကြောင်းလည်း သိရသည်။

လက်နက်ကြီး ထိမှန်မှုကြောင့် ပျက်စီးခဲ့ရသည့် အိမ်ရှင်မိသားစုသည် တစ်နေ့လုပ် တစ်နေ့စားများသာ ဖြစ်ကြသည့် အတွက် နေအိမ်ပြန်ဆောက်လုပ်ဖို့ တာဝန်ရှိသူများ လာရောက်ကူညီဆောက်ပေးစေလို ကြောင်းလည်း အထက်ပါ ဒေသခံက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

“အိမ်မှာလည်း သူတို့ သားအမိ ၃ ဦးပဲ ရှိနေတော့ တော်တော်ကို ခက်ခဲတာပေါ့။ ဖြစ်နိုင်ရင်တော့ တာဝန်ရှိသူတွေ လာရောက် ကူညီပေးစေချင်ပါတယ်၊ လက်နက်ကိုင် တပ်ဖွဲ့တွေကလည်း ရွာတွေဘက်ကို လက်နက်မပစ်ကြဖို့၊ ရွာနားမှာ တိုက်ပွဲမဖြစ်ဖို့ တိုက်တွန်းချင်ပါတယ်” ဟု အထက်ပါ အမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ဆက်ပြော သည်။

ယမန်နေ့ ဇူလိုင်လ ၂၅ ရက်နေ့ မနက်ပိုင်းအချိန်တွင် မူဆယ်မြို့နယ် ဆိုင်းခေါင်(ဝ်) ကျေးရွာအတွင်းသို့ စစ်ကောင်စီဘက်မှ လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့သည့်အတွက် ဒေသခံ ၂ ဦးသေ၊ ၃ ဦးဒဏ်ရာ ပြင်းထန်စွာ ရရှိသွားကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၃ ရက်နေ့မှ စတင်ကာ စစ်ကောင်စီတပ်ဖွဲ့သည် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA နှင့် ထိတွေ့တိုက်ပွဲ ပြင်းထန်လာခဲ့ပြီး လေကြောင်းဖြင့်ပါ တိုက်ခိုက်မှု အပြင် လက်နက်ကြီး/ငယ်ဖြင့်လည်း တစ်ဖက်သတ် ရမ်းသမ်းမှု ပြုလုပ်လာခဲ့ခြင်းဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...

ရှုပ်ထွေးပွေလီ ကိစ္စများကြား တရုတ်အတွက် အိန္ဒိယ သမုဒ္ဒရာထွက်ပေါက်ပေးချင်တဲ့ စစ်ကောင်စီ

0
မြန်မာနိုင်ငံသည် တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ဖန်တီးပေးနိုင်သည့် နိုင်ငံဖြစ်ကြောင်း ယခုနှစ် ၂၀၂၆ တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားတွင် စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ထည့်သွင်း ပြောကြားခဲ့သည်။ စစ်ရေးပဋိပက္ခများ ပြင်းထန်ခဲ့သည့် သျှမ်းပြည်မြောက်ပိုင်းကို ဖြတ်သန်းသွားမည့် မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းနှင့် အခြားသော စီးပွားရေးစီမံကိန်းကြီးများကိုလည်း တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာ...

မိုးဗြဲအနောက်ခြမ်းကို စစ်တပ် စစ်ကြောင်းထိုး၊ စစ်ရှောင်များ သတိထားသွားလာရန် 

0
သျှမ်း - ကရင်နီ န​ယ်စပ် မိုးဗြဲမြို့အနောက်ဘက်ခြမ်းရှိ ကျေးရွာများကို စစ်ကောင်စီတပ် နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) တို့ အင်အားအလုံးအရင်းဖြင့်  စစ်ကြောင်းထိုးနေကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က ယမန်နေ့ ( ဖေဖော်ဝါရီလ ၂၅ ရက်)တွင် ထုတ်ပြန်ထားသည်။  ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ အနောက်ဘက်ခြမ်းရှိ လွယ်ယင်းမင်္ဂလာကျေးရွာ နှင့် လာမောက်ရွာဖက်ကို  စစ်ကောင်စီတပ်နှင့် PNO စစ်ကြောင်းထိုးမှုများရှိနေကြောင်းကို စစ်ရေးသတင်းအရင်းမြစ်တစ်ဦးက...