Wednesday, January 28, 2026

ကွတ်ခိုင်မြို့နယ်

ကွတ်ခိုင်မြို့နယ် စစ်ရှောင် (၂) ဦးကို ပြည်သူစစ် မှ အကြောင်းမဲ့ ရိုက်နှက်

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မိုင်းယုလေး စစ်ရှောင်စခန်းတွင် နေထိုင်သည့် အမျိုးသား (၂) ဦးကို စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့က အကြောင်းမဲ့ ရိုက်နှက်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (သြဂုတ် ၂၃)ရက် နေ့လည် ၁နာရီဝန်းကျင်တွင် ကွတ်ခိုင်မြို့နယ် မိုင်းယုလေး စစ်ရှောင်စခန်းတွင် နေထိုင်သည့်အမျိုးသား(၂)ဦးသည် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့က...

ကွတ်ခိုင်မြို့နယ် မိုင်းယုလေး စစ်ရှောင်များ ဆန်ပြုတ်သောက်နေရ

သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်းရှိ မိုင်းယုလေးကျေးရွာမှ စစ်ဘေးရှောင်များသည် ကိုဗစ် - ၁၉ ကာလ အတွင်း အလုပ်လက်မဲ့ဖြစ်လာသောကြောင့် စားနပ်ရိက္ခာထောက်ပံ့မှုများ လိုအပ်နေကြောင်း သိရသည်။ ပြီးခဲ့သည့် သြဂုတ်လ ၁ ရက်နေ့တွင် မိုင်းယုလေး ကျေးရွာမှ စစ်ရှောင်စခန်းအတွက် အိမ်ထောင်စု လူဦးရေ အရ လူမှုကူညီကယ်ဆယ်ရေးနှင့်...

ကွတ်ခိုင်မြို့နယ် ကျွဲကျောင်းသား(၂)ဦး လက်နက်ကြီးထိမိ၊ တဦးပွဲချင်းပြီးသေဆုံ

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် တာမိုးညဲမြို့ နမ့်မောကျေးရွာအုပ်စု နမ့်ဆာကျေးရွာတွင် ကျွဲကျောင်းသား (၂) ဦး လက်နက်ကြီးထိမိကာ တဦးသေဆုံးပြီး၊ တဦး ဒဏ်ရာအပြင်ထန်းရရှိကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ဇူလိုင် ၂၇ မနက် ၁၀ နာရီခန့်တွင် အသက် (၂၀) အငိုနှင့် (၁၄) နှစ်အရွယ် အယိုင်တို့သည်...

ကွတ်ခိုင်မြို့ လွယ်မုန်ဆာစစ်ရှောင် ထောက်ပံ့မှုများကို စစ်ကောင်စီ ဖြတ်တောက်

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့ရှိ လွယ်မုန်ဆာစစ်ရှောင်စခန်းတွင် ယခင်က လစဉ်ရရှိခဲ့ဖူးသည့် ထောက်ပံ့မှုများကို စစ်ကောင်စီက ဖြတ်တောက်လိုက်သဖြင့် စစ်ရှောင်များ ဒုက္ခရောက်နေကြောင်း စုံစမ်းသိရသည်။ လစဉ်ထောက်ပံ့မှုများကို စစ်ကောင်စီဘက်မှ ဖြက်တောက်ပစ်လိုက်သည့် အပြင် မြန်မာနိုင်ငံအတွင်း တတိယလှိုင်းအဖြစ် ကူးစက်ပျံ့နှံ့လာသည့် ကိုဗစ် -၁၉ ရောဂါကြောင့် စစ်ရှောင်စခန်းမှ ပြည်သူများ သည် အလုပ်အကိုင်ပါ...

ကွတ်ခိုင် လွယ်ကန်ဒေသခံများ စိုးရိမ်စိတ်ဖြင့် နေရပ်ပြန်ရ

သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ပန်ကူစစ်ရှောင်ပြည်သူများသည် မိမိနေရပ် လွယ်ကန်ကျေးရွာသို့ ပြန်ကြသော်လည်း တိုက်ပွဲ ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်နေကြကြောင်း စုံးစမ်းသိရသည်။ ကွတ်ခိုင်မြို့နယ် လွယ်ကန်ကျေးရွာ အတွင်း တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊ကိုးကန့်တပ်မတော် (MNDAA)တို့ ပူးပေါင်းကာ စစ်ကောင်စီ တပ်ဖွဲ့ နှင့် ဇွန် ၁၅ရက် မှ...

ကွတ်ခိုင်မြို့နယ် အတွင်း ပစ်ခတ်မှုဖြစ်

သျှမ်းပြည်မြောက်ပိုင်း ကွက်ခိုင်မြို့နယ် နမ့်ပါချီးကျေးရွာအနီးတွင် ယနေ့ (မေ ၁၃)ရက် မနက်ပိုင်းတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ မနက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ပါချီးကျေးရွာ အနီးတွင် ဖြစ်ပွားသည့် ပစ်ခတ်မှုသည် မည်သည့်အဖွဲ့မှ ပစ်ခတ် နေကြသည်ကို ဒေသခံများက မသိရှိကြသေးပေ။ “တိုက်ပွဲရယ်လို့တော့ မဟုတ်ဘူး။ ပစ်ခတ်မှုပါပဲ။ ဘယ်အဖွဲ့ဖြစ်လည်းဆိုတာတော့ ကျနော်တို့လည်း...

ကွတ်ခိုင်မြို့နယ် စစ်ကောင်စီ နှင့် လက်နက်ကိုင်တပ်ပေါင်းစု တိုက်ပွဲ ဆက်လက်ပြင်းထန်

သျှမ်းပြည်မြောက်ပိုင်း ကွက်ခိုင်မြို့ စစ်ကောင်စီ နှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ပေါင်းစု တို့သည် ယနေ့ (မေ ၇)ရက် နေ့လည် ၂နာရီ မှစတင်ကာ တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေကြောင သတင်းရရှိသည်။ ကွတ်ခိုင်မြို့နယ် နမ့်ခုံကျေးရွာ အနောက်ဘက် အနီးတဝှိက် စစ်ကောင်စီ အုပ်စု နှင့်...

ကွတ်ခိုင်မြို့နယ်တွင် မဲရလဒ် ယခုချိန်ထိ မထုတ်ပြန်နိုင်သေး

သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် မဲရေတွက်မှု ပြဿနာ ရှိနေသဖြင့် ယခုချိန်ထိ ရလဒ် မထုတ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ “မဲရလဒ်ကို ဒီနေ့ မနက် ထုတ်ပြန်မယ်လို့ ပြောပြီး၊ မနက်မှာ မထုတ်နိုင်ဘူး။ ညနေလည်း ထုတ်မလားဆိုပြီး ကျနော်တို့စောင့်နေတယ်။ မထုတ်ပြန်နိုင်ဘူး ဖြစ်နေတယ်” ဟု မူဆယ်ခရိုင် အမှတ်(၅)မဲဆန္ဒနယ်တွင်...

ကွတ်ခိုင်မြို့နယ်တွင် ကြိုတင်မဲရေတွက်မှု လက်ရှိအချိန်ထိမပြီးစီးနိုင်သေး

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် လက်ရှိ ညသန်းခေါင်ချိန်ထိ ကြိုတင်မဲ ရေတွက်မှု မပြီးသေးကြောင်း စုံစမ်းသိရသည်။ ကြိုတင်မဲများတွင် အသက် ၆၀နှစ်အထက် သက်ကြီးရွယ်အိုမဲများသာမက အသက် ၁၈နှစ်အရွယ်များပါနေကြောင်း၊ ကြိုတင်မဲအရေအတွက်သည် သာမန်မဲထက်ပိုများနေကြောင်း ကွတ်ခိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း စိုင်းပြည့်ဖြိုးကျော် က သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ ကြိုတင်မဲတွေ အခုချိန်ထိ မပြီးသေးဘူး။...

ကွတ်ခိုင်မြို့နယ် တာမိုးညဲမြို့ ကြိုတင်မဲပေးသူများ ဖိအားပေးခံနေရ

သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် တာမိုးညဲမြို့တွင် အသက် ၆၀ နှင့် အထက် ကြိုတင်မဲပေးရာ၌ မိမိဆန္ဒအလျောက် မပေးခဲ့ရဘဲ ဖိအားပေးခြင်းခံနေရကြောင်း စုံစမ်းသိရသည်။ တာမိုးညဲမြို့ ရပ်ကွက် (၂) တွင် ယမန်နေ့ နိုဝင်ဘာ ၂ ရက်က သက်ကြီးများ ကြိုတင်မဲသွားပေးရာတွင် မိမိဆန္ဒ မဟုတ်သည့်...

Latest news