Wednesday, January 28, 2026

ကွတ်ခိုင်မြို့နယ် ကျွဲကျောင်းသား(၂)ဦး လက်နက်ကြီးထိမိ၊ တဦးပွဲချင်းပြီးသေဆုံ

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် တာမိုးညဲမြို့ နမ့်မောကျေးရွာအုပ်စု နမ့်ဆာကျေးရွာတွင် ကျွဲကျောင်းသား (၂) ဦး လက်နက်ကြီးထိမိကာ တဦးသေဆုံးပြီး၊ တဦး ဒဏ်ရာအပြင်ထန်းရရှိကြောင်း စုံစမ်းသိရှိရသည်။

ဖြစ်စဉ်မှာ ဇူလိုင် ၂၇ မနက် ၁၀ နာရီခန့်တွင် အသက် (၂၀) အငိုနှင့် (၁၄) နှစ်အရွယ် အယိုင်တို့သည် ကျွဲသွားကျောင်းရင် မပေါက်ကွဲသေးသည့် လက်နက်ကြီး ထိမိသောကြောင့် ထိုနေရာတွင် အငို ဆိုသူက သေဆုံးသွားပြီး အယိုင်က ဒဏ်ရာပြင်ထန်းစွာရရှိခဲ့ကြောင်းသိရသည်။

“ အကြီးကောင်က ပွဲချင်းပြီးသေသွားတာ။ အငယ်တယောက်တော့ ဗုံးစမှန်းလို့ မျက်နှာတွေထိတယ်။ ခြေထောက်တွေကောထိတယ်။ ကျွဲကျောင်းသွားရင်ဖြစ်တာ။ အဲနေရာက အရင်က ရွာဟောင်းဖြစ်တယ်” ဟု နမ့်ဆာရွာခံ အမျိုးသမီးတဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဒဏ်ရာပြင်ထန်းစွာရရှိသည့် အယိုင်သည် တာမိုးညဲဆေးရုံးတွင် လက်ရှိဆေးကုသမှုခံယူနေရကြောင်း သိရသည်။

“ သူကတော့ ကျန်းမားရေးတော့ သိပ်စိတ်မပူရဘူး။ မျက်နှာတွေထိထားတော့ ရောင်နေတယ်။ ခြေထောက်တွေ နာနေတာ။ လမ်းလျှောက်လို့မရသေးဘူး” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

ထိုနေရာတွင် ဒေသခံများ တောင်ယာ၊ လယ်ယာသွားသည့်လမ်းဖြစ်သည့်အပြင် ကျွဲ၊နွားများကို လွတ်ထားသည့် နေရာဖြစ်ကြောင်းသိရသည်။

ထိုသို့ဖြစ်ပွားမှုကြောင့် ပြည်သူများကြောက်နေရပြီး တောင်ယာများကို သွားရန်အတွက် စိုးရိမ်နေရကြောင်း၊ သက်ဆိုင်ရာများက လာရောက်ဖြေရှင်းစေလိုကြောင်း အထက်ပါ နမ့်ဆာရွာခံ အမျိုးသမီးက ဆိုသည်။

“ ကျမတို့ တောင်ယာသွားတဲ့လမ်းလည်းဟုတ်တယ်။ ကျမတို့ကြောက်တာပေါ့။ ခုဆိုတောင်ယာတွေသွားဖို့တောင် မသွားရဲတော့ဘူး။ ဗုံးတွေကျန်နေသေးတယ်လို့ကြားတယ်။ သက်ဆိုင်ရာသူတွေကို လာရှင်းပေးစေချင်တယ်” ဟု နမ့်ဆာရွာခံ အမျိုးသမီးက ပြောသည်။

ပေါက်ကွဲမှုမဖြစ်ခင်က ဇူလိုင် ၁၉ တွင် နမ့်ဆာရွာအနီးပတ်ဝန်းကျင်တွင် တိုင်းရင်းသားလက်နက်ကိုင်များနှင့် စစ်ကောင်စီတပ်တို့အကြားတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများပြောပြချက်အရသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဖယ်ခုံ စစ်တပ် လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံများ စပါးပြန်ရိတ်ရန်ခက်ခဲနေ

0
ဖသျှမ်းပြည် ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းတွင် စစ်ကော်မရှင်တပ်မှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံများ စပါးသွားရိတ်ရန် အခက်အခဲဖြစ်နေကြောင်း သတင်းရရှိသည်။ ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းတွင် အောက်တိုဘာလ နောက်ဆုံးပတ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် PNO နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ နှစ်ဘက်ထိတွေ့ တိုက်ပွဲများ ငြိမ်သက်နေသော်လည်း စစ်ကော်မရှင်တပ်မှ လက်နက်ကြီးဖြင့်...

ကွတ်ခိုင်မြို့နယ် မန့်ဝိန်းပြည်သူတစ်ဦးကို SSPP တပ်ရင်းမှူး ပစ်သတ်ခဲ့သည့်အမှု လျော်ကြေးငွေဖြင့် ကြေအေး

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် မုံးဟွမ်တိုက်နယ်ရှိ ပြည်သူတစ်ဦးကို SSPP တပ်ရင်းမှူးက သေနတ်ဖြင့် ပစ်သတ်ခဲ့သည့်အမှုကို လျော်ကြေးငွေဖြင့် ကြေအေးလိုက်ကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၁၈) ရက်တွင် ကွတ်ခိုင်မြို့နယ် မုံးဟွမ်တိုက်နယ် မန်ဝိန်းကျေးရွာတွင် ဖြစ်ပွားခဲ့သည့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ၏ အမှတ်-၁၈၀ တပ်ရင်းမှူး စိုင်းစိန္န...

စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် သေဆုံးသွားတဲ့ ပြည်သူတစ်ဦးကို တော်လှန်ရေးတပ်ဖွဲ့ဝင်ဟု စစ်လော်ဘီက ဝါဒဖြန့်

0
သျှမ်း-ကရင်နီ (ကယားပြည်) နယ်စပ်ဒေသ မိုးဗြဲမြို့မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် ပြည်သူသေဆုံးတာမဟုတ်ဘဲ တော်လှန်ရေးတပ်ဖွဲ့သေဆုံးတယ်ဆိုပြီးတော့ ‌ရွှေဖီမြေသတင်းဌာနက ရေးသားတင်ထားတဲ့ သတင်းတွေကို စခရင်ရှော့ယူပြီး စစ်ကောင်စီလော်ဘီချန်နယ်က သတင်းအမှားဖြန့်နေတာကို တွေ့ရှိရပါတယ်။ မိုးဗြဲမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် သေဆုံးသွားတဲ့ ပြည်သူတစ်ဦးကို တော်လှန်ရေးတပ်ဖွဲ့ဝင် ဆိုတဲ့ သတင်းအမှားဟာ ပြီးခဲ့တဲ့ ဧပြီလ‌...

စစ်ကောင်စီပစ်ခတ်သည်ဟု ယူဆရသည့် လက်နက်ကြီးကျည် ထိုင်းဘက်ခြမ်း မယ်ဟောင်ဆောင် မုန်လာခြံထဲကျရောက်

0
မြန်မာ-ထိုင်းနယ်စပ် ကရင်နီပြည်တွင် စစ်ကောင်စီတပ်နှင့် ကရင်နီတော်လှန်ရေးအင်အားစုများ တိုက်ပွဲပြင်းထန်လျက်ရှိရာ စစ်ကောင်စီဘက်မှ ပစ်ခတ်သည်ဟု ယူဆရသည့် လက်နက်ကြီးကျည် ထိုင်းဘက်ခြမ်း မယ်ဟောင်ဆောင်ခရိုင်ရှိ မုန်လာခြံထဲသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သတင်းသိရသည်။ စစ်ကောင်စီတပ် အသုံးပြုမှုများသည့် ၁၂၀ မမ လက်နက်ကြီးကျည်သည် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင် နားပါပျက်ကျေးရွာရှိ မုံလာခြံ အလယ်ထဲသို့ ၂...

မိုးဗြဲမြို့ စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် မိန်းကလေး ၁ ဦးသေဆုံးပြီး၊ ၄ ဦးဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ သျှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် (၁၆)နှစ်အရွယ် မိန်ကလေး ၁ ဦးသေဆုံးပြီး၊ ၄ ဦးဒဏ်ရာရရှိကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၁ )ရက် မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် တောင်ယာတွင် အလုပ်လုပ်နေသည့် ဒေသခံ ၅...