ကွတ်ခိုင်မြို့နယ် မိုင်းယုလေး စစ်ရှောင်များ ဆန်ပြုတ်သောက်နေရ

သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်းရှိ မိုင်းယုလေးကျေးရွာမှ စစ်ဘေးရှောင်များသည် ကိုဗစ် – ၁၉ ကာလ အတွင်း အလုပ်လက်မဲ့ဖြစ်လာသောကြောင့် စားနပ်ရိက္ခာထောက်ပံ့မှုများ လိုအပ်နေကြောင်း သိရသည်။

ပြီးခဲ့သည့် သြဂုတ်လ ၁ ရက်နေ့တွင် မိုင်းယုလေး ကျေးရွာမှ စစ်ရှောင်စခန်းအတွက် အိမ်ထောင်စု လူဦးရေ အရ လူမှုကူညီကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးမှ ဆန်၊ ဆီ၊ ဆားနဲ့ ကုလားပဲများကို နှစ်ပတ်စာ ထောက်ပံ့ပေးမှုရှိခဲ့သော်လည်း လုံလောက်မှု မရှိကြောင်း မိုင်းယုလေးရွာမှ ဒေသခံ တစ်ဦးက သျှမ်းသံတော် ဆင့်ကို ပြောသည်။

“လူတစ်ယောက် တစ်ရက်ကို ဆန်နှစ်ဗူးပေးတယ်၊ နှစ်ပတ် (၁၄) ရက်စာအတွက် ထောက်ပံ့ပေးတယ်၊ ဆီကို တစ်အိမ်ထောင် ၅၀ ကျပ်သားနဲ့ ဆား၊ ကုလားပဲတွေကတော့ တစ်အိမ် တစ်မျိုးစီရတယ်၊ ဒါပေမယ့် အရင်သူ တို့လာမထောက်ပံ့ပေးခင်ကတည်း စားဝတ်နေရေးတွေက ခက်ခဲနေတာလေ၊ အဲ့ကြောင့်ချေးငှားပြီး ယူထား တဲ့ဟာကို ပြန်ဆပ်ရင်းနဲ့ မကျန်နိုင်တော့ဘူး” ဟု ၎င်းက ဆိုသည်။

အဆိုပါ မိုင်းယုလေးကျေးရွာရှိ စစ်ဘေးရှောင်စခန်းများသည် အရပ်သားအစိုးရလက်ထက်တွင် လစဉ်ထောက်ပံ့မှုများ ရရှိခဲ့သော်လည်း လက်ရှိ စစ်ကောင်စီလက်ထက်တွင် ဟိုခိုစစ်ရှောင်စခန်းအတွင်း နေထိုင် ကြသည့် ပြည်သူများက ဆန်ပြုတ်ကိုသာ ပြုတ်သောက်နေရကြောင်းသိရသည်။

“ဆန်ကို ချွေတာတဲ့အနေနဲ့ ပွလာအောင် ပြုတ်သောက်ရတာပေါ့၊ စစ်ကောင်စီက နိုင်ငံတော် အာဏာသိမ်း ပြီးတဲ့ နောက်ပိုင်း ဒါပထမဆုံး ထောက်ပံ့မှု ရတာပဲ“ ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

အဆိုပါ မိုင်းယုလေးကျေးရွာ အတွင်းရှိ စစ်ဘေးရှောင်များသည် တအာင်းတပ်မတော် (TNLA)၊ ကချင်တပ် မတော် (KIA)နှင့် စစ်ကောင်စီတို့ တိုက်ပွဲကြောင့် ထွက်ပြေး တိမ်းရှောင်ခဲ့ရသူများ ဖြစ်ကြောင်းလည်း သိရ သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

တောင်ကြီးရောက် စစ်ဘေးရှောင်များ တစ်ပတ်တစ်ကြိမ် ဧည့်စာရင်းတိုင်ခ ပေးနေရ

0
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့သို့ တိမ်းရှောင်ရောက်ရှိလာသည့် စစ်ဘေးရှောင်များသည် တစ်ပတ်တစ်ခါ ဧည့်စာရင်း တိုင်ကြားနေရပြီး တစ်ကြိမ်လျှင် ကျပ်ငွေ သုံးထောင် (၃,၀၀၀) ပေးဆောင်နေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့သို့ တိမ်းရှောင်ရောက်ရှိနေသည့် စစ်ဘေးရှောင်များသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် စစ်ကော်မရှင်တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ လွိုင်ကော်မြို့တွင် ဖြစ်ပွားခဲ့သည့်...

ပင်းတယ ရောက် စစ်ရှောင်အချို့ ပြန်စရာ အိမ်မရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့သို့ လာရောက် စစ်ဘေးရှောင်နေသော သျှမ်းမြောက် စစ်ရှောင်အချို့ သည် ပြန်စရာအိမ်မရှိတော့သဖြင့် ယနေ့ထိတိုင် နေရပ်မပြန်နိုင်သေးကြောင်း သတင်းရရှိသည်? စစ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တောင်းပိုင် ဖယ်ခုံ၊ မိုးဗြဲ၊ပင်လောင်းမြို့နယ်နှင့် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ လားရှိုးတို့တွင် စစ်ကော်မရှင်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့သည်။ ထို့အပြင် စစ်ကော်မရှင်တပ်သည့် အရပ်သားနေအိမ်ကိုဉီးတည်ပြီး...