KIA ရိုက်နှက်မှုကြောင့် ဒေသခံတဦး ဒဏ်ရာပြင်းထန်၊ KIA ဘက်မှ တာဝန်ယူမည်မဟုတ်

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ပန်လောကျေးရွာတွင် မြေယာကိစ္စကြောင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) က ဒေသခ (၆)ဦးကို ဖမ်းဆီး ရိုက်နှက်ခဲ့ကြောင်း စုံစမ်းသိရသည်။

KIA ရိုက်နှက်မှုကြောင့် ဒေသခံတဦး ဒဏ်ရာပြင်းထန်

ဖြစ်စဉ်မှာ လွန်ခဲ့သည့် အောက်တိုဘာ (၂၄)ရက် ကွတ်ခိုင်မြို့နယ် ပန်လောကျေးရွာ ဒေသခံများသည် ကချင်တပ်မတော် (KIA) ထိန်းချုပ်နယ်မြေထဲ တောင်ယာလုပ်ရန်အတွက် ခြံခုတ်ရှင်းလင်းမှုကြောင့် KIA မှ ပြည်သူ (၉၈)ဦးကို ဖမ်းဆီးခဲ့ပြီး၊ ထိုထဲမှ ကျေးရွာ အုပ်ချုပ်ရေးကော်မတီ (၆)ဦးကို ရိုက်နှက်ခဲ့တာဖြစ်ကြောင်း သိရသည်။

ဖမ်းဆီး ရိုက်နှက်ခံရသူ တချို့သည် ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး တချို့မှာ နံရိုးကျိုးသွားသည် အထိဒဏ်ရာရရှိခဲ့သော်လည်း KIA မှ တာဝန်ယူ ဆေးကုသပေးမည် မဟုတ်ကြောင်း ရိုက်ခံရသည့် ပြည်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

KIA ရိုက်နှက်မှုကြောင့် ဒေသခံတဦး ဒဏ်ရာပြင်းထန်

“ကျနော်တို့က ခြံသွားရှင်းလို့ဆိုပြီးတော့ အကုန်လုံးကို ဖမ်းထားတာ။ အုပ်ချုပ်ရေးပိုင်းက ကော်မတီတွေကို ဖမ်းဆီးပြီး ရိုက်နှက်တာ။ သူတို့ရိုက်တာ ကျွဲ၊ နွား ရိုက်သလိုပဲ။ လက်တီးနဲ့လည်း ထိုးတယ်။ ခြေထောက်တွေနဲ့လည်း ကန်တယ်။ ရိုက်ခံရတဲ့ထဲမှာ တယောက်ကတော့ ဒဏ်ရာပြင်းထန်တယ်။ နံရိုးကျိုးသွားတာလားမသိဘူး” ဟု ရိုက်ခံရသူတဦးက ပြောသည်။

ထိုရိုက်ခံရသူများသည် လက်ရှိတွင် မိမိစရိတ်ဖြင့်သာ ဆေးကုသနေရကြောင်း၊ ဆေးရုံ၊ ဆေးခန်းသို့ သွားပြီး ဓာတ်မှန်ရိုက်ခြင်းလည်း မရှိသေးကြောင်း ရိုက်ခံရသူတစ်ဦးက ပြောသည်။

KIA ရိုက်နှက်မှုကြောင့် ဒေသခံတဦး ဒဏ်ရာပြင်းထန်

“သူတို့ရိုက်တာ အသားတွေတောင် ညိုမဲတယ်။ တယောက်တော့ နံရိုးကျိုးသွားသလို ခံစားရတယ်တဲ့။ သူ့ကို ဆေးရုံခေါ်သွားပြီး ဓာတ်မှန်ရိုက်ရအုံးမယ်။ သူတိုခြေထောက်နဲ့ကန်တော့ ဗိုက်နားထိသွားလို့ထင်တယ်။ မထနိုင်သေးဘူးလို့ပြောတယ်” ဟု ပန်လောဒေသခံက ပြောသည်။

ပန်လောကျေးရွာဒေသခံ ပြည်သူများကို ထိုနေရာတွင် တောင်ယာမလုပ်ရန် တားမြစ်ထားသောကြောင့် ရိုက်နှက်ခံရသည့်သူများကို ပြစ်ဒဏ်ပေးသည့်အနေဖြင့် ကျန်းမာရေးပိုင်းဆိုင်ရာများကို တာဝန်ယူဖြေရှင်းပေးသွားမည် မဟုတ်ကြောင်း KIA မှ ပြောရေးဆိုခွင့်ရှိသူ ဦးဘရန်ဂေါင်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီနယ်မြေက ကျနော်တို့ ထိန်းချုပ်နယ်မြေ။ လာပြီး မလုပ်နဲ့လို့ ကျနော်တို့ အကြိမ်ကြိမ် သတိပေးခဲ့တယ်။ ဒီတခါတော့ ကျနော်တို့လည်း ခေါ်ပြီး စစ်ဆေး ရိုက်နှက်တာရှိတယ်။ ရိုက်နှက်ပြီး ဒဏ်ရာရတဲ့သူတွေကိုလည်း ကျနော်တို့ တာဝန်မယူပါဘူး။ သူတို့ရဲ့ ပြစ်ဒဏ်ပဲ” ဟု KIA မှ ဦးဘရန်ဂေါင်က ဆိုသည်။

ကွတ်ခိုင်မြို့နယ် ပန်လောကျေးရွာပြည်သူများသည် တောင်ယာလုပ်ရန်အတွက် KIA တပ်ဖွဲ့ ထိန်းချုပ်သည့်နယ်မြေအတွင်းရှိ ထင်းရှူးပင်များ၊ ဝါးပင်များကို ခုတ်ထစ်ရှင်းလင်းမှုကြောင့် KIA မှ ပြည်သူများပိုင်ဆိုင်သည့် ဆိုင်ကယ် (၁၇)စီးကို သိမ်းဆည်းခဲ့ကြောင်း သိရသည်။

ထို ဆိုင်ကယ် (၁၇)စီးကို ပြန်လည်လိုချင်ပါက ပန်လောကျေးရွာပြည်သူများ ခုတ်ထစ်ခဲ့သည့် ထင်းရှူးပင်နှင့် ဝါးပင် အတွက် လျော်ကြေးငွေ (၁၅)သိန်းနှင့် နွားတကောင်ကို လျော်ကြေးပေးဆောင်ရမည်ဟု KIA ဘက်မှ တောင်းဆိုထားသည်။

“ကျနော်တို့ တောင်ယာလုပ်ဖို့အတွက် အပင်တွေ ခုတ်ပစ်လို့ဆိုပြီးတော့ သူ (KIA)တို့က ကျနော်တို့ကို ပိုက်ဆံ (၁၅)သိန်းနဲ့ နွားတကောင် တောင်းတယ်။ တကယ်လို့ ကျနော်တို့ မပေးရင် သူတို့သိမ်းထားတဲ့ ဆိုင်ကယ်တွေကို ပြန်မပေးဘူးလို့ ပြောတယ်” ဟု ပန်လောကျေးရွာဒေသခံမှ ရိုက်ခံရသည့်သူက ပြောသည်။

ထိုကိစ္စနှင့်ပတ်သက်ပြီး ကချင်တပ်မတော် (KIA)တာဝန်ရှိသူ ဦးဘရန်ဂေါင်က “သူတို့က ထင်းရှူးပင်ကော၊ ဝါးပင်တွေကိုပါ ခုတ်ပစ်တယ်။ ကျနော်တို့ လျော်ကြေးငွေ သိန်း (၅၀)တောင်းထားတယ်။ သူတို့ကနေ (၁၅)သိန်းနဲ့ နွားတကောင် လာပေးမယ်လို့ ပြောတယ်။ ကျနော်တို့လည်း သဘောတူပေးပြီးတော့ ဖမ်းဆီးထားတဲ့ (၆)ဦးကို ပြန်လွှတ်ပေးလိုက်တယ်။ ဒါပေမဲ့ ဒီနေ့ဒီချိန်ထိတော့ သူတို့ဘက်က ဘာမှ ပြန်ပြောလာတာ မရှိသေးဘူး” ဟု ပြောသည်။

ထိုနယ်မြေသည် ယခင်က ‌ဒေသခံပြည်သူများ ပိုင်ဆိုင်ပြီး လုပ်ကိုင်ခဲ့ရာ ကချင်တပ်မတော် (KIA)က ကွတ်ခိုင်ပြည်သူ့စစ်ထံမှ သိမ်းဆည်းရယူခဲ့တာဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ကျနော်တို့က အတင်းအဓမ္မ ဖမ်းတာမျိုးတွေကတော့ မလုပ်ဖို့ တားမြစ်ထားတာ ရှိပါတယ်”

0
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းက ကချင်ပြည်နယ် မိုးမောက်မြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် KIA တို့အကြား ဖြစ်ပွားခဲ့သည့် မြို့သိမ်းတိုက်ပွဲများကြောင့် ဒေသခံများသည် တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရသည်။ လွယ်ဂျယ်မြို့နယ်ခွဲသို့ ရောက်ရှိလာသည့် စစ်ဘေးရှောင်များကို KIA ဘက်မှ တပ်သားစုဆောင်းရေး ပြုလုပ်နေခြင်းသည် ယခုနှစ်ဆန်းပိုင်းမှ စတင်ကာ ဩဂုတ်လအတွင်း ရက်ခြား ခပ်စိပ်စိပ် စောင့်ဖမ်းလာကြောင်း စစ်ဘေးရှောင်ပြောပြချက်အရ သိရသည်။ တရုတ်-မြန်မာနယ်စပ် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့နယ်ခွဲရှိ မန်ဂေါ်ကောင်း၊ လွယ်ဂျယ်တောင်ပေါ် စေတီကုန်း၊ ကောင်းဆာ၊...

လွယ်ဂျယ်စစ်ရှောင်စခန်းများတွင် KIA တပ်သားစုဆောင်းရေး ရက်ခြားစောင့်ဖမ်းခြင်းကြောင့် စစ်ရှောင်ဝမ်းရေးအခက်ကြုံ

0
ကချင်ပြည် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့နယ်ခွဲရှိ ယာယီစစ်ဘေးရှောင်စခန်းများထဲသို့ ကချင်လွတ်လပ်ရေးတပ်မတော် ( KIA) ဘက်မှ တပ်သားစုဆောင်းနေသဖြင့် စစ်ဘေးရှောင်များ အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ခုနစ် နှစ်ဆန်းပိုင်းတွင် ကချင်ပြည် မိုးမောက်မြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် KIA တို့အကြား တိုက်ပွဲများကြောင့် ဒေသခံများသည် တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့ဘက်သို့...

မူဆယ်-နမ့်ခမ်း လမ်းမပေါ် KIA တပ်သားက အမျိုးသားတဉီးကို သေနတ်ဖြင့်ပစ်

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) စစ်ဆေးရေးဂိတ်တွင် လုံခြုံရေး တာဝန်ယူထားသည့် တပ်သားတဉီးက ဒေသခံ အမျိုးသားတဦးကို သေနတ်ဖြင့် ပစ်ခဲ့ကြောင်း သတင်းရရှိသည်။  ယနေ့ (ဩဂုတ်လ ၁၈ ရက်) မနက် ၁၀ နာရီခွဲဝန်းကျင်တွင်  မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ် နမ့်လျှန်ကျေးရွာအနီးရှိ   (KIA) စစ်ဆေးရေးဂိတ်...

မြန်မာတဝှမ်း ရေဘေးသင့်ကြုံတွေ့ချိန် စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်၊ အရပ်သား ၄ ဦးသေဆုံး

0
သျှမ်းပြည်မြောက်ပိုင်း မဘိမ်းမြို့နယ်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေချိန် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၄ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိကာ နေအိမ် ၂၀ ခန့် ပျက်စီးခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ယမန်နေ့ (သြဂုတ် ၁၂)ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။ မဘိမ်းမြို့နယ်တွင် ဇူလိုင်လ နောက်ဆုံးပတ်မှစတင်၍ တရုတ်နိုင်ငံဘက်ရှိ ရွှေလီမြစ်အထက်ပိုင်းမှ ဆည်ရေများ လွှတ်ချမှုနှင့် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ရွှေလီမြစ်နှင့် နမ့်ပေါ်ချောင်းရေများ မြင့်တက်လာကာ ကျေးရွာအချို့နှင့် မြို့ပေါ်ရပ်ကွက်အချို့တွင် ရေလွှမ်းမိုးမှုများဖြစ်ပွားနေကြောင်း သိရသည်။ ထိုသို့ ရေဘေးကြုံနေရချိန်တွင် ဇူလိုင်လ ၂၈ ရက် မှ ဩဂုတ်လ ၈ ရက်အထိ စစ်ကောင်စီတပ်က မဘိမ်းမြို့နယ်အတွင်း လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ရေဘေးကြုံနေရသည့်အချိန်တွင် အရပ်သားများကို လေကြောင်းမှ တိုက်ခိုက်ခြင်းသည် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်သည့်အပြင် လူသားမဆန်သည့် လုပ်ရပ်ဖြစ်ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “တစ်ဖက်က ပြည်သူတွေ ရေဘေးသင့်နေချိန် အချင်းချင်းကူညီရမယ့်အချိန်မှာ အခုလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာက လူ့အခွင့်အရေးကို ချိုးဖောက်သလို တော်တော်ကို လူမဆန်တဲ့ လုပ်ရပ်တွေကို လုပ်ခဲ့တာပါ။ခုထိလည်း စစ်ရေးအခြေနေတွေက တင်းမာနေပါတယ်” ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။ (ဇူလိုင်လ ၂၈ ရက်) မနက် ၁၁ နာရီခန့်တွင် စစ်ကောင်စီတပ်က Y-12 လေယာဉ်ဖြင့် မဘိမ်းမြို့ ရပ်ကွက် (၂) နှင့် (၃) ကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာအရပ်သား ၃ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိကာ နေအိမ် ၁၀ လုံးထက်မနည်း ပျက်စီးခဲ့သည်။ (ဇူလိုင်လ ၃၀ ရက်)တွင် မဘိမ်းမြို့နယ် ဘဟဲကျေးရွာနှင့် ရပ်ကွက် (၃) ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၄ ဦး ဒဏ်ရာရရှိပြီးနေအိမ် ၅ လုံးခန့် ပျက်စီးခဲ့ကြောင်း သိရသည်။ ထို့အပြင် (ဩဂုတ်လ ၃ ရက်) ည ၁၁ နာရီခန့်တွင် မဘိမ်းမြို့ ရပ်ကွက် (၂) ကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ ဦး သေဆုံးပြီးနေအိမ် ၃ လုံးထက်မနည်း ပျက်စီးခဲ့ကြောင်း သိရသည်။ (ဩဂုတ်လ ၆ ရက်) ည ၁၁ နာရီခန့်တွင်လည်း မဘိမ်းမြို့ ရပ်ကွက် (၃) ရှိ မဘိမ်းဆေးရုံကြီးကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးရုံအဆောက်အအုံ ၃ လုံး ပျက်စီးခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ထုတ်ပြန်ထားသည်။ လက်ရှိတွင် မဘိမ်းမြို့နယ်နှင့် မိုးမိတ်မြို့နယ်တို့၌ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် စစ်ကောင်စီတပ်တို့အကြား စစ်ရေးတင်းမာမှုဆက်လက်ရှိနေကြောင်း ဒေသခံများက ပြောသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၁ ရက် မှ စတင်ပြီး မိုးမိတ်မြို့အနီးတွင် KIA နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေပြီးဩဂုတ်လ ၁၂ ရက်အထိ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မိုးမိတ်မြို့အနီး ၂ ရက်ဆက် တိုက်ပွဲပြန်ဖြစ်၊ စစ်ရေးဆက်လက်တင်းမာနေ

0
သျှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့အနီးတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နင့် စစ်ကော်မရှင်တပ် တို့ အကြား တိုက်ပွဲပြန်လည်ဖြစ်ပွားနေပြီး စစ်ရေး ဆက်လက်တင်းမာနေကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (ဩဂုတ်လ ၁၁ ရက်) မွန်းလွဲ ၁ နာရီခန့်မှစတင်ကာ မိုးမိတ်မြို့နှင့် ၂ မိုင်ခန့်အကွာရှိ ညောင်နီကျေးရွာ အနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး၊ ယမန်နေ့(...