Wednesday, April 24, 2024

ကျောက်မီးသွေး

ကျောက်မီးသွေးတူးဖော်မည့် သတင်းကြောင့် မိုးနဲပြည်သူများစိုးရိမ်နေ

သျှမ်းပြည် တောင်းပိုင် နမ့်စန်မြို့နယ် ဟိုက်ဖတ်ကျေးရွာ နမ့်မော်ငင်းကန်အနီးတွင် ကျောက်မီးသွေး တူးဖော်မည့်သတင်းကြောင့် ရေအရင်းအမြစ် ထိခိုက်မည်ကို မိုးနဲဒေသခံများစိုးရိမ်ပူပန်နေကြသည်။ နမ့်စန်မြို့နယ် ဟိုက်ဖတ်ကျေးရွာ နမ့်မော်ငင်းကန်သည် မိုးနဲမြို့နယ်လူထုအားကိုးအားပြုနေရသည့် နမ့်ဟူးစက်တော် ရေထွက်ဦးနှင့် နီးစပ်ဆက်နွယ်နေသဖြင့် နမ့်မော်ငင်းထိခိုက်ပျက်စီးပါက မိုးနဲလူထု စိုက်ပျိုးရေးအတွက် ရေအရင်းအမြစ်ထိခိုက်ပျက်စီးစေနိုင်ကြောင်း ဒေသခံများပြောပြချက်အရသိရသည်။ “ အကယ်၍သူတို့ကျောက်မီးသွေးတကယ်လာတူးရင်တော့ မိုးနဲ ကတော့သွားပြီ။...

ကန့်ကွက်မှုကြား လဲချားမြို့နယ် အတွင်း ကျောက်မီးသွေးတူးရန် ကုမ္ပဏီ ကြိုးစားနေ

သျှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ် ဟဲဆိုင်ကျေးရွာအုပ်စုရှိ ကျောက်မီးသွေး တူးဖော်နိုင်ရန်အတွက် ကုမ္ပဏီတခု မှ ဆက်လက် ကြိုးစားနေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ ၆ ရက်က လဲချားမြို့နယ် ဟဲဆိုင်ကျေးရွာ အတွင်း ကျောက်မီးသွေး တူးဖော်ရန် အတွက် ကုမ္ပဏီ တခုက လူလွှတ်၍ ဟဲဆိုင်ကျောင်းတိုက် ဆရာတော်ထံ သွားရောက်...

ကုမ္ပဏီမှရွာအောက်ထိကျောက်မီးသွေးတူးယူနေမှု ရွာကျွံမည်ကို တန့်ယန်းမြို့ နယ်ခံများစိုးရိမ်  

သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ်တွင် ရွာအောက်အထိ ကျောက်မီးသွေး တူးနေမှုကြောင့် ကျေးရွာအတွင်း အက်ကြောင်းများ ဖြစ်ပေါ်နေရာ ကျေးရွာတခုလုံး ကျွံကျမည်ကို တန့်ယန်းမြို့မှ နယ်ခံများကစိုးရိမ်နေကြသည်။ တန့်ယန်းမြို့ အနောက် တောင်ဘက် ၉ မိုင်အကွာ နားဟုတ်အုပ်စု ၀င် တတ်လျက်ရွာတွင် ထိုသို့ဖြစ်ပွါးနေခြင်းဖြစ်ပါသည်။ ထိုဖြစ်စဉ်ကို ဝိုင်းဝန်းဖြေရှင်းပေးရန် ရွာသူ ရွာသားများ...

ဝမ်ပန်ပြည်သူ့စစ် လဲချားမြို့နယ်အတွင်း ကျောက်မီးသွေး တူးဖော်ရန် ကြိုးစားနေ

သျှမ်းပြည် တောင်ပိုင်း လဲချားမြို့နယ် အတွင်း ဝမ်ပန်ပြည်သူ့စစ် ကျောက်မီးသွေး တူးဖော်ရန် ကြိုးစားနေသည် ဟု ဒေသခံများ ပြောပြချက် အရသိရသည်။   ဝမ်ပန်ပြည်သူ့စစ် ခေါင်းဆောင် ခူးဒေါန သည် ဖေဖော်ဝါရီ ၁၅ ရက် ညပိုင်းက ကျောက်မီးသွေးတူးဖော်မည့် ကိစ္စနှင့် ပတ်သက်ပြီး ဒေသခံလူထုကို ခေါ်ယူတွေ့ဆုံ...

မိုင်းခုတ်ဒေသခံများကန့်ကွက်မှုကြား က ကျောက်မီးသွေး ဆက်လက်တူးနေ

သျှမ်းပြည် အရှေ့ပိုင်း မိုင်းဆတ်ခရိုင် မိုင်းခုတ်မြို့ နယ်တွင် ကျောက်မီးသွေး တူးဖော်ရေး စီမံကိန်းကို ဒေသခံများ ကန့်ကွက်သည့် ကြားမှ ဆက်လက် လုပ်ဆောင်နေကြောင်း သတင်းရရှိသည်။ ထိုကျောက်မီးသွေး တူးဖော်မှုသည် အောက်တိုဘာ ၁၈ ရက်နေ့မှ စတင်ကာ တူးဖော်ခဲ့မှ ယနေ့တိုင်ဆက်လက်တူးနေကြောင်း မိုင်းခုတ်မြို အသက် ၄၀...

မိုင်းကိုင်တွင် ကုမ္ပဏီသစ် ကျောက်မီးသွေး တူးဖော်ရန် ကြိုးစားနေ

သျှမ်းပြည် တောင်ပိုင်း မိုင်းကိုင်မြို့နယ် အတွင်း ကုမ္ပဏီ အသစ် ကျောက်မီးသွေးတူးဖော်ရန် ကြိုးစားနေသည့် အပေါ် ဒေသခံပြည်သူများ ကန့်ကွက်လိုက်သည်။ ကျောက်မီးသွေးကျောက်မီးသွေးကျောက်မီးသွေး မိုင်းကိုင်မြို့နယ် အတွင်း ယခင်တွင်လည်း ကျောက်မီးသွေး တူးဖော်ပြုလုပ်ခဲ့သည့် ကုမ္ပဏီများကို ဒေသခံများက ဆန္ဒပြပြီး ရပ်ဆိုင်းခဲ့သည်။ သို့သော်လည်း လက်ရှိမှာ “ ရွှေမြေတောင်ကြီး” ဆိုသည့် ကုမ္ပဏီ...

မိုင်းခုတ် ကျောက်မီးသွေးစီမံကိန်း ဒေသခံများ အလိုမရှိကြောင်း ဆုတောင်းပွဲပြုလုပ် ဆန္ဒထုတ်ဖော်

သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်ခရိုင် မိုင်းခုတ်မြို့နယ် အတွင်း သဘာဝ ပတ်ဝန်းကျင်အား ထိခိုက်စေမည့် ကျောက်မီးသွေး တူးဖော်ရေးစီမံကိန်းအတွက် ဒေသခံပြည်သူများကန့်ကွက်သည့် အနေဖြင့် ဆုတောင်းပွဲ ပြုလုပ်ခဲ့ ကြောင်းသိရသည်။ ဆုတောင်းပွဲလုပ်ခြင်းဖြင့် ဆန္ဒထုတ်ဖော်မှု ကို မိုင်းခုတ်မြို့နယ် အတွင်း မိုင်းဖုန်းဆရာတော် တည်ထားသည့် စိုင်မိန်းဓာတ်တော် စေတီတော်တွင် အောက်တိုဘာ ၂၂...

  ဒေသခံလူထုကန့်ကွက်သည့်ကြား   ထိုင်း-မြန်မာ ပေါင်းပြီး မိုင်းခုတ်တွင်ကျောက်မီးသွေးတူးဖော်ရန် ပြင်ဆင်နေ

သျှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းဆတ် မြို့နယ် မိုင်းခုတ်မြို့ တွင် ထိုင်း-မြန်မာ ပူးပေါင်းပြီး ကျောက်မီးသွေး တူးဖော်ရန် သွားရောက် ပြင်ဆင်နေကြောင်း သတင်းရရှိသည်။ စက်တင်ဘာ လကုန်က ထိုင်း-မြန်မာ ပူးပေါင်း ကုမ္ပဏီ သည် မိုင်းခုတ်  အနီးကျောက်မီးသွေး တူးဖော်ရန် စက်ယန္တရားများ နှင့် လုပ်ငန်းခွင်သုံး...

မိုင်းကိုင်မြို့ သံဃာတော်နှင့်ဒေသခံများ ကန့်ကွက်သည့်ကြား ကုမ္မဏီက RCSS အမည်အားအသုံးပြုပြီး ကျောက်မီးသွေးတူးဖော်နေ

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့တွင် သံဃာတော်များနှင့်မြို့မိမြို့ဖ များမှ တားဆီးသည့်ကြားမှ RCSS မှ ခွင့်ပြုသည်ဟုဆိုကာ ကုမ္ပဏီ မှ ကျောက်မီးသွေးများအား တူးဖော်နေသောကြောင့် ကွင်းဆင်း စစ်ဆေးအရေးယူပေးရန် ဒေသခံလူထုက တောင်းဆိုလိုက်သည်။ ဇွန်လ ၁၄ ရက်နေ့က မိုင်းကိုင်မြို့နယ် သံဃာတော်နှင့် ဒေသခံပြည်သူလူထုတို့က မိုင်းကိုင်မြို့နယ် ၀မ်ယတ် ခမ်းနားအုပ်စု...

မိုင်းကိုင်မြို့နယ်အတွင်း ကျောက်မီးသွေးဆက်လက်တူးဖော်ပါက ဆန္ဒပြမည်ဟုဆို

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်း ကျောက်မီးသွေးများ ဆက်လက် တူးဖော်ပါက ဥပဒေဘောင် အတွင်းမှနေပြီး ဆန့်ကျင်ကန့်ကွက် ဆန္ဒထုတ်ဖော်သွားမည် ဟု ဒေသခံများကပြောသည်။   မိုင်းကိုင်မြို့နယ် ၀မ့်ယတ်အုပ်စု ခမ်းနားကျေးရွာ ဘက်တွင် မည်သည့် ကုမ္ပဏီမှ ကျောက်မီးသွေး လာရောက် တူးဖော်ခြင်းမပြုကြရန် သံဃာတော် နှင့် ဒေသခံများ ပြောဆိုလိုက်သည်။ ဇွန် ၉...

Latest news