Wednesday, January 28, 2026

မိုင်းခုတ်ဒေသခံများကန့်ကွက်မှုကြား က ကျောက်မီးသွေး ဆက်လက်တူးနေ

သျှမ်းပြည် အရှေ့ပိုင်း မိုင်းဆတ်ခရိုင် မိုင်းခုတ်မြို့ နယ်တွင် ကျောက်မီးသွေး တူးဖော်ရေး စီမံကိန်းကို ဒေသခံများ ကန့်ကွက်သည့် ကြားမှ ဆက်လက် လုပ်ဆောင်နေကြောင်း သတင်းရရှိသည်။

Photo by မိုင်းခုတ်ဒေသခံတဦး။ မိုင်းခုတ်ဒေသအတွင်း တူးဖော်နေတသည့် ကျောက်မီးသွေး ပုံ

ထိုကျောက်မီးသွေး တူးဖော်မှုသည် အောက်တိုဘာ ၁၈ ရက်နေ့မှ စတင်ကာ တူးဖော်ခဲ့မှ ယနေ့တိုင်ဆက်လက်တူးနေကြောင်း မိုင်းခုတ်မြို အသက် ၄၀ ကျော် စိုင်းလုံ က သျှမ်းသံတော်ဆင့် ပြောသည်။

“ သူတို့ကတော့ စမ်းသပ်ကာလ အနေနဲ့ ၂ဧက လောက်ရှိပြီ တူးနေတာ။ နေ့တိုင်းပဲ တူးနေတယ်။ ကျနော်တို့ တူးနေတာတွေ ရပ်ဖို့ ပြောပေမယ့် သူတို့ က မရပ်ဘူး” ဟု စိုင်းလုံ ကဆိုသည်။

ကျောက်မီးသွေး တူးဖော်မှုကြောင့် ဒေသခံများ လယ်ယာ ပျက်စီးခြင်း၊ သဘာဝပတ်ဝန်းကျင် ပျက်စီးခြင်းနှင့် ကျန်းမာရေး ပြဿနာ ဖြစ်လာမည်ကို စိုးရိမ်နေကြကြောင်း စိုင်းလုံ က ပြောသည်။

Photo by မိုင်းခုတ်ဒေသခံတဦး။ မိုင်းခုတ်ဒေသအတွင်း တူးဖော်နေတသည့် ကျောက်မီးသွေး ပုံ

“ သူတို့က စမ်းသပ်လို့သာပြောတာ တူးဖော်နေတဲ့ အရွယ်အစားတွေ ကို ကြည့်ရင် အစမ်းမဟုတ်ဘူး” ဟု လည်း မိုင်းခုတ်ဒေသခံ စိုင်းလုံ က ပြောသည်။

ကျောက်မီးသွေး တူးဖော်ခြင်း မှ လွှတ်မြောက်ရန် အတွက် မိုင်းခုတ်ဒေသခံ ၃၀၀ ကျော်သည် အောက်တိုဘာ လကုန် တွင် ဆုတောင်းပွဲပြုလုပ်ခဲ့သေးသည်။

သို့သော် ဒေသခံများ၏ ကန့်ကွက်မှုကို ဥပက္ခာပြုကာ ကျောက်မီးသွေး တူးဖော်ရေး စီမံကိန်းကို ကုမ္ပဏီ မှ အလုပ်သမားများက မြေ ဧက ၃၂၀၀ အကျယ် ကို စတင်ရှင်းလင်းမှု ပြုလုပ်ခဲ့သည်။

မိုင်းခုတ်မြို့တွင် ၂၈နှစ် တူးခွင့်ရထားသည့် ကျောက်မီးသွေး စီမံကိန်း ကို ဇူလိုင်လ ၂၀၁၉  က ထိုင်း Sahakol Equipment Co. Ltd (SQ) Company နှင့် မြန်မာရွှေရေကန် (Golden Lake Co. Ltd) ကုမ္ပဏီတို့မှ နှစ်ဦးနှစ်ဖက်ဖက်စပ် သဘောတူညီချက် ရေးထိုးခဲ့ကြသည်။

ထို့ပြင် ကျောက်မီးသွေး မိုင်းနှင့် ကျောက်မီးသွေး သုံးဓာတ်အားပေး စက်ရုံ အတွက် လမ်းဆောက်လုပ်ရန် မိုင်းခုတ် ကျေးရွာ အုပ်စု အတွင်းရှိ ကျေးရွာ ၈ရွာ ပြောင်းရွှေ့ရမည် ဟု သျှမ်းလူ့အခွင့်အရေး မဏ္ဍိုင် မှ ယနေ့ ထုတ်သည့် ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သီပေါအထိ တရုတ်နံပတ်ပြားတပ် ကားကြီးများ ကျောက်မီးသွေး လာရောက်သယ်ယူပြီး ချင်းရွှေဟော်ဂိတ်မှတဆင့် ရောင်းချ

0
သျှမ်းပြည် သီပေါမြို့နယ် နမ္မကျောက်မီးသွေးတွင်းအထိ တရုတ်နံပတ်ပြားတပ် ကုန်တင်ကားကြီးများ ကျောက်မီးသွေး လာရောက်သယ်ဆောင်ပြီး ချင်းရွှေဟော်ဂိတ်မှတဆင့် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချနေကြောင်း စုံစမ်းသိရသည်။ လားရှိုးမြို့ကို ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်နိုင်ပြီးနောက် ယမန်နှစ် စက်တင်ဘာလမှ စတင်ပြီး သီပေါမြို့နယ်ရှိ ငွေရည်ပုလဲ ကုမ္ပဏီ တူးဖော်နေသည့် နမ္မကျောက်မီးသွေးတွင်းသို့ တရုတ်နံပတ်ပြားတပ် ကုန်တင်ကားကြီးများ...

ကျေးသီးမြို့နယ် ကျောက်မီးသွေး တူးဖော်မှုဒဏ်ကြောင့် ကလေးငယ်များ အရေးပြားရောဂါ စတင်ဖြစ်

0
သျှမ်းပြည် တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်း ကျောက်မီးသွေး အလွန်အကျွံ တူးဖော်မှုကြောင့် ကလေးငယ်များ အရေးပြားရောဂါ စတင်ဖြစ်ပွားလာကြောင်း စုံစမ်းသိရသည်။ ကျေးသီးမြို့နယ် ကျောက်မီးသွေးအလွန်အကျွံတူးဖော်မှုကြောင့် သစ်တောများပြုန်းတီးကာ ပတ်ဝန်းကျင်ညစ်ညမ်းခြင်း၊ ရေသန့်ရှင်းမှုမရှိခြင်းတို့ကြောင်း ကလေးငယ်များ အရေးပြားရောဂါ၊ ယားယံရောဂါများ စတင်ဖြစ်လာကြောင်း ကျေးလက်ကျန်းမာရေး ဆရာမ တစ်ဉီးက သျှမ်းသံတော်ဆင့် ကိုပြောသည်။ “ ကျေးသီးဘက်မှာက...

တာချီလိတ် ရေကြီးမှု အဆိုးရွားဆုံးကြုံတွေ့နေရ

0
ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် ရေကြီး၊ရေလျှံသည် ယခုနှစ်အတွင်း ၈ကြိမ်တိုင်ခဲ့ပြီး၊ အဆိုးရွားဆုံးအခြေအနေဖြစ်ကာ ပိတ်မိနေသူများရှိနေကြောင်း စုံစမ်းသိရသည်။ တာချီလိတ်မြို့နယ်အတွင်းနှင့် မြို့ပတ်လည်ရှိဒေသများတွင် ရေကြီး၊ရေလျှံမှုကြောင့် နေအိမ်အဆောက်အဉီး အားလုံးနီပါး မြှုပ်ကုန်ပြီး၊ အများစုသည် ရှောင်တိမ်းရန် ခက်ခဲသဖြင့် အိမ်ခေါင်မိုးပေါ်သို့ တက်နေရသည်။ ထို့ပြင် ရေကြီးမှု ရုတ်တရက်ဖြစ်ပွားသဖြင့် အိမ်ထဲပိတ်မိနေသည့် ပြည်သူများရှိကြောင်း တာချီလိတ်မြို့ဒေသခံ တစ်ဉီးက...

ကျေးသီးမြို့နယ် ကျောက်မီးသွေး အလွန်အကျွံ တူးဖော် အနံ့ဆိုးထွက်၊ ဒေသခံများ ကျန်းမာရေးထိခိုက်နေ

0
သျှမ်းပြည် ကျေးသီးမြို့နယ်တွင် ကျောက်မီးသွေး အလွန်အကျွံ တူးဖော်နေခြင်းကြောင့် အနံဆိုးထွက်ပြီး ဒေသခံပြည်သူများ ကျန်းမာရေးထိခိုက်နေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၃ ဇူလိုင်လ မှ စတင်ပြီး လက်ရှိအချိန်ထိ ၈ လ အတောအတွင်း လွိုင်လင်ခရိုင် ကျေးသီးမြို့ အရှေ့ဘက်ရှိ မိုင်းကောင်ကျေးရွာတဝိုက်တွင် ကုမ္ပဏီ ၄ ခုမှ...

သီပေါမြို့နယ် ကျောက်မီးသွေးတူးသည့် ငွေရည်ပုလဲ ကုမ္ပဏီကို ဒေသခံ လူငယ်များ ကန့်ကွက်

0
သျှမ်းပြည် ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်း ကျောက်မီးသွေး တူးဖော်နေသည့် ငွေရည်ပုလဲ ကုမ္ပဏီကို ဒေသခံ လူငယ်များ ကန့်ကွက်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁ ရက်တွင် ကျောက်မဲခရိုင်အတွင်းမှ လူငယ်များ စုပေါင်းကာ သီပေါမြို့နယ်၊ နမ့်မကျေးရွာအုပ်စုအတွင်း ကျောက်မီးသွေး တူးနေသည့် ငွေရည်ပုလဲ...