CATEGORY

အာဘော်

“သျှမ်းမြောက် စစ်ကောင်စီတပ် ပြိုကွဲတော့မည်လော”

ဆွေးနွေးမှုများ မအောင်မမြင် ဖြစ်ပြီးနောက် ကြိုတင်မျှော်လင့်ပြီး ဖြစ်သည့် စစ်ပွဲသည် သျှမ်းမြောက်၌ ပြင်းထန်နေပြီ ဖြစ်သည်။ ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၂၇ ရက်က စတင်ခဲ့သည့် ညီနောင်မဟာမိတ်တို့၏ ကြီးမား ကျယ်ပြန့်သည့် ထိုးစစ်သည် ဇန်နဝါရီ ၁၁ ရက်နေ့ ဟိုင်ဂင် သဘောတူညီချက်ကြောင့် ၅ လခွဲကြာ...

“မပြောမဆိုနဲ့ အလစ်အငိုက်ပေါ့ သာလွန်အင်အားသုံးပြီးမှ ဖယ်ရှားတယ်”

သျှမ်းပြည် နမ့်ခမ်းမြို့နယ် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်သားများကို အင်အားသုံးဖယ်ရှားကာ ကားတင်ပြီး မူဆယ်ဘက်သို့ ပို့ဆောင်လိုက်သည့် ကိစ္စနှင့် ပတ်သက်၍SSPP ပြန်ကြားရေးဌာနက မေလ (၃၁)ရက်တွင် သဘောထား ထုတ်ပြန်လာခဲ့သည်။ ပြီးခဲ့သည့် မေလ ၂၇ ရက်နေ့က နမ့်ခမ်းမြို့နယ် ရွှေလီမြစ်ကမ်းဘေးရှိ SSPP တပ်စွဲထားသည့် ကျေးရွာများသို့ TNLA တပ်ဖွဲ့မှ စစ်အင်အားဖြည့်တင်းလာပြီး ၎င်းကျေးရွာများကို ဝိုင်းရံပိတ်ဆို့ကာ SSPP တပ်သားများအား လက်နက်ကိုင် ဆောင်ခွင့်မပြုဘဲ ကားတင်ခေါ်ဆောင်ကာ မူဆယ် သို့မဟုတ် မန်ဟီးရိုးမြို့သို့ ယာဉ်တန်းဖြင့် ပို့ဆောင်ခဲ့သည်။  လတ်တလော အခြေအနေတွင် PSLF/TNLA နှင့် SSPP/SSA အကြား နယ်မြေအငြင်းပွားမှုကြောင့် နှစ်ဘက်တပ်ဖွဲ့အကြား တင်းမာမှု ဖြစ်ပေါ်နေပြီး ၎င်းပြဿနာနှင့် ပက်သတ်၍ ဧပြီလ ၂၁ ရက်တွင် ဗဟိုအဆင့် ထိပ်သီးကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SSPP ပြန်ကြားရေးဌာနထုတ်ပြန်ချက်အရ သိရသည်။ သို့သော် TNLA တပ်ဖွဲ့အနေဖြင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်လိုသည့် ဆန္ဒမရှိကြောင်း လက်ရှိဖြစ်ပေါ်နေသော ဖြစ်စဉ်များနှင့် မဟာမိတ်ကျင့်ဝတ်မဲ့စွာ နိုင်ငံရေးအသာစီး ရလိုမှု၊ လူမျိုးရေး ခွဲခြားဆက်ဆံလိုမှု အခြေခံဖြင့် ဘောင်ကျော် ပြုမူပြောဆိုသည့် လုပ်ရပ်မှန်သမျှကိုSSPP/SSA က လုံးဝ ကန့်ကွက်ရှုတ်ချကြောင်းလည်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) အဖွဲ့ဝင်များ ဖြစ်ကြသည့် SSPP/SSA နှင့် PSLF/TNLA နှစ်ဘက်တပ်ဖွဲ့အကြားနမ့်ခမ်းမြို့နယ်တွင် လက်ရှိဖြစ်ပေါ်နေသည့် တင်းမာမှုများနှင့် ပတ်သက်ပြီး SSPP/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဖုန်းဟန်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားသည်။ မေး ။        ။ မေ ၃၁ရက် က SSPP အနေနဲ့ ထုတ်ပြန်ကြေညာချက် ထုတ်ပြန်တယ်လို့ ကြားသိရပါတယ်။ ကြေညာချက် ထုတ်ပြန်ရတဲ့အကြောင်းရင်းကို ပြောပြပေးပါဦး။ ဖြေ ။        ။ ကျနော်တို့ ထုတ်ပြန်ကြေညာချက်ရဲ့ ရည်ရွယ်ချက်က ဒီ TNLA တပ်ဖွဲ့ကနေ ကျနော်တို့ ထုန့်မောဝ်း ရွှေလီချိုင့်ဝှမ်းမှာ ရှိနေတဲ့ ကျနော်တို့ တပ်ဖွဲ့တွေကို ဖယ်ရှားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး သူတို့မီဒီယာကနေ ကျနော်တို့ ညှိနှိုင်းပြီးတော့မှ ဖယ်ရှားတယ်ဆိုတဲ့ဟာပေါ့နော်၊ အဲ့ဒါ  မဟုတ်ဘူးဆိုတာ ကျနော်တို့ ဖြေရှင်းချက်ထုတ်ချင်တာပါ။ တကယ်တမ်း ဒီဟာက ဘယ်လိုဖြစ်ရမလဲ၊ ကွဲလွဲပြီးမှ ထုတ်ပြန်တဲ့အတွက်ကြောင့်မလို့ ကျနော်တို့ ပြည်သူလူထုကော၊ တခြားမဟာမိတ် အဖွဲ့အစည်းကော အထင်အမြင်မှား ဖြစ်စေတဲ့အတွက်ကြောင့် ဒါကို ပြန်ပြီးမှ ဖြေရှင်းချက် ပြုတဲ့သဘော ဖြစ်ပါတယ်ခင်ဗျ။ မေး ။        ။ တစ်ဘက်ကလည်း နမ့်ခမ်းမြို့နယ်ထဲမှာရှိတဲ့ SSPP တပ်တွေကို TNLA ကနေပြီးတော့မှ အင်အားသုံးပြီး ကားနဲ့ဖယ်ရှားလိုက်တာကိုဆိုရှယ်မီဒီယာမှာ တက်လာတာ တွေ့ရတယ်။ အဲ့ဒီဖြစ်ပေါ်တဲ့ အကြောင်းရင်းကကော ဘာကြောင့်လဲခင်ဗျ။ ထုတ်ပြန်ကြေညာချက်ထဲမှာ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ထောက်ပြတာလည်းမရှိတော့ အဲဒီကိစ္စကို ပြောပြပေးပါဦး။ ဖြေ ။        ။ သူတို့ဖယ်ရှားခဲ့တဲ့ အကြောင်းရင်းက နမ့်ခမ်းအုပ်ချုပ်ရေးကို သူတို့ပလောင်တစ်ဖွဲ့တည်း အုပ်ချုပ်ချင်တာ သူတို့ရည်ရွယ်ချက်က အဲ့လိုသဘောပေါ့။ ဒါပေမယ့် နမ့်ခမ်းမြို့နယ်ထဲမှာ ကျနော်တို့ SSPP/SSA အခြေချလာတာ နှစ်ပေါင်းမနည်းတော့ဘူးလေ။ ၁၀၂၇ စစ်ဆင်ရေး မစတင်ခင်ကတည်းက SSPP က ရှိနေပြီးသားဖြစ်တယ်။ ဆိုတော့ ဒီဟာက လွယ်လွယ်လေးနဲ့ ဒါမျိုးလာပြောရင် အဆင်မပြေဘူးလေ။ ကျနော်တို့လည်း သျှမ်းပြည်အတွင်းမှာ အတူတကွ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးမူကို အခြေခံပြီးမှ သူတို့ကို အကြောင်းပြန်ထားတာ ရှိတယ်၊နမ့်ခမ်းနဲ့ ပတ်သက်တဲ့ဟာတွေပေါ့လေ။ ကျနော်တို့ စာပြန်ပြီးတဲ့နောက်ပိုင်းမှာ မပြောမဆိုနဲ့ အလစ်အငိုက်ပေါ့ သာလွန်အင်အားသုံးပြီးမှ ဖယ်ရှားတယ်။ ဆိုတော့ ဒီဟာက ညှိနှိုင်းပြီးမှ ဖြစ်ပေါ်လာတဲ့ကိစ္စမဟုတ်ဘူးဆိုတာကို မိဘပြည်သူများ သိရှိဖို့ပေါ့လေ၊ ရည်ရွယ်ချက်က ဒါကို ပြန်ပြီးမှတုံ့ပြန်ဖို့ဖြစ်တယ်။ လွေးယေဦးက ပြောထားတာက  ကျနော်တို့ ညှိနှိုင်းပြီးမှ ဖယ်ရှားတယ်လို့ ပြောတာကလေ အဲ့တာမဟုတ်ဘူး။ နယ်မြေအငြင်းပွားမှု ပြဿနာကခဏတွင်းချင်း ဖြေရှင်းလို့ရတဲ့ ပြဿနာလည်း မဟုတ်ဘူး။ ပြီးတော့ ကျနော်တို့ သျှမ်းနဲ့ ပလောင်က အတူတကွ နှစ်ပေါင်းထောင်ချီရာချီ အတူနေလာတဲ့ သျှမ်းပြည်သားအချင်းချင်းပဲ ဖြစ်တယ်၊ ညီအစ်ကို အရင်းလို ဖြစ်နေတာပေါ့ဗျာ။ ဒီဟာတော့ မဖြစ်သင့်တဲ့ ကိစ္စဖြစ်တယ်ဆိုပြီးမှ ကျနော်တို့ ရပ်တည်ချက်က ဒီလိုမျိုး ရှိပါတယ်။ မေး ။        ။ လက်ရှိအနေအထားအရ တပ်အင်အားတွေ ဖယ်ရှားခံရတဲ့အပေါ် SSPP အနေနဲ့ ဘာဆက်လုပ်ဖို့ ပြင်ဆင်နေလဲ။ ဖြေ ။        ။ အဓိကကတော့လေ ဖယ်ရှားတဲ့ ကာယကံရှင်ကိုယ်တိုင် ဖြေရှင်းဖို့လိုတာပေါ့၊ ကျနော်တို့ FPNCC အပါအဝင်ပေါ့။ ဒါပေမယ့်ကာယကံရှင် ပလောင်အဖွဲ့က ဖြေရှင်းချက်လည်း လိုတယ်၊ ပြီးတော့ ကျနော်တို့စုဖွဲ့မှုက FPNCC အောက်မှာဆိုတော့ FPNCC မှာလည်း တာဝန်ရှိတာပေါ့။ FPNCC အဖွဲ့ဝင် အချင်းချင်း အငြင်းပွားမှုကို ဖြေရှင်းပေးဖို့ တာဝန်ရှိတယ်။ အဓိကကတော့ ပလောင်အဖွဲ့နဲ့ ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးမှုညှိနှိုင်းရေး ကော်မတီ FPNCC အနေနဲ့ပေါ့။ မေး ။        ။ လက်ရှိအနေအထားအရ နမ့်ခမ်းမြို့နယ်တစ်ခုလုံးက SSPP တပ်အင်အား မရှိတော့ဘူးဆိုတဲ့ သဘောပဲလား။ ဖြေ ။        ။ အုပ်ချုပ်ရေးပိုင်းနဲ့ အခွန်ဌာနတွေပေါ့ သူတို့(TNLA) ဖယ်ရှားတဲ့ဟာတွေက၊ အဲ့လိုမျိုး မူဆယ်မြို့နယ်ထဲကို ပြန်ပို့တယ်ဆိုတဲ့ သဘောပါ။ လုံးဝမရှိတော့ဘူးလို့တော့ ပြောလို့မရဘူးပေါ့။ မေး ။        ။ လက်ရှိအနေအထားအရ အမျိုးသားရေးကိစ္စနဲ့ မဟာမိတ်ကိစ္စတို့မှာ SSPP ရဲ့ ရပ်တည်ချက်က ဘယ်လိုရှိလဲ။ ဖြေ ။        ။ ကျနော်တို့က စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအတွင်းမှာ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အခြေခံထားတဲ့ နိုင်ငံရေးရပ်တည်ချက်ရှိတယ်။ ဒါက ဘယ်တိုင်းရင်းသားမဆို တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို လက်ခံတယ်၊ နောက်ပြီးတော့မှ လက်တွေ့ကျင့်သုံးတယ်ဆိုရင် ဘာပြဿနာမှ မရှိဘူးလေ။ ကျနော်တို့ သျှမ်းအချင်းချင်း ညီညွတ်လို့ အခြားတိုင်းရင်းသားတွေ မညီညွတ်လို့လည်း မရပါဘူး။ ဒါပေမယ့် တခြားတိုင်းရင်းသားတွေ ညီညွတ်လို့ သျှမ်းတိုင်းရင်းသားအချင်းချင်း စုစည်းညီညွတ်မှု မပြုလုပ်နိုင်ဘူးဆိုရင်လည်း ဒါက ပြေလည်မှာမဟုတ်ဘူးလေ။ ဆိုတော့ မျှမျှတတပေါ့တိုင်းရင်းသားတွေနဲ့ သဟဇာတဖြစ်အောင်လည်း နေရမယ်၊ ကျနော်တို့ သျှမ်းအချင်းချင်း စုစည်းညီညွတ်မှုလည်း လိုအပ်တယ်ပေါ့။ ဒါက ကျနော်တို့ စဉ်ဆက်မပြတ် လက်ကိုင်စွဲထားတဲ့  ပေါ်လစီဖြစ်ပါတယ်။ မေး ။        ။ တစ်ဘက်မှာလည်း ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့နေတာကတော့ ဝါဒဖြန့် ပုတ်ခတ်တဲ့သတင်းတွေကတော့ အများကြီး ထွက်ပေါ်နေတယ်။အဓိကကတော့ SSPP က RCSS ကိုဆိုရင် ညှာတာမပေးဘူး၊ အမြဲတမ်းအင်အားသုံးပြီးမှ ပြန်တိုက်ခိုက်တယ်လို့ပြောတယ်။ ဒါပေမယ့် မဟာမိတ်နဲ့ ပတ်သက်လာရင် အမြဲတမ်း အလျော့ပေးနေတယ်။ တပ်တွေလည်း မဆုတ်သင့်တဲ့နေရာ ဆုတ်ပေးနေတဲ့အပိုင်းမှာ ဒေသခံ သျှမ်းလူထုအပေါ်ကစိတ်ပိုင်းဆိုင်ရာ ထိခိုက်နေတဲ့အပေါ် SSPP အနေနဲ့ ဘယ်လိုပြောလိုပါသလဲ။ ဖြေ ။        ။ အဲ့တာက သူ့ဘက်ကိုယ့်ဘက် အမြင်က ဘယ်လိုမှ မတူနိုင်ဘူးလေ။ ဘယ်လိုဖြစ်လဲဆိုတော့ ကျနော်တို့ RCSS က အမြဲအင်အားသုံးပြီး တိုက်ခိုက်တယ်ဆိုတာတော့ အနိုင်ကျင့်တယ်ဆိုတဲ့ သဘောကတော့ မဟုတ်ပါဘူး။ အရင်တုန်းက ဒီတိုက်ခိုက်မှု ပြဿနာ မဖြစ်ခင်တုန်းကRCSS ရှိတဲ့ နယ်မြေထဲမှာ နယ်မြေကျွံပြီးမှ ရောက်သွားတာလည်း မရှိပါဘူး၊ ဝင်ရောက်ပြီးမှ စွက်ဖက်မှုလည်း မရှိဘူးလေ။ ဆို တော့ ပြဿနာအရင်းခံက RCSS တက်လာပြီးမှ ဒီဘက်က ပြဿနာတက်တာလေ။ ပြဿနာအရင်းအမြစ်ကို ကျနော်တို့ ကောင်းကောင်းလေ့လာထားမှ ဒါကပိုပြီးတော့ သိသာထင်ရှားနိုင်တယ်။ ဆိုတော့ ဒါက မဟုတ်ပါဘူးပေါ့။ နောက်ပြီး ကျနော်တို့ တပ်ဆုတ်တယ်ဆိုတာက တချို့နေရာတွေမှာ အခုဖြစ်နေတဲ့ ကိစ္စက ကျနော်တို့ အဖွဲ့အစည်းရဲ့ ဆုံးဖြတ်ချက်နဲ့ ဖယ်ရှားတာမဟုတ်ဘူးလေ။ ဒါက မီဒီယာ ဝါဒဖြန့်တဲ့ ကိစ္စလည်းဖြစ်တယ်။ ဘယ်တော့မဆို ကျနော်တို့က တပ်ပေါင်းစုရယ်၊ ပါတီရယ်၊ တပ်ရယ်ဆိုတာအဓိက မဏ္ဍိုင် (၃) ရပ်အနေနဲ့ ရပ်တည်နေတဲ့ အဖွဲ့အစည်းဖြစ်တယ်။ မဟာမိတ် မရှိလို့လည်း မဖြစ်ပါဘူး၊ ကျနော်တို့တပ်က အင်အားမတောင့်တင်း မခိုင်မာလို့လည်း မရဘူးဆိုတာပေါ့။ လူတွေက SSPP ဂုဏ်သိက္ခာကျအောင် ပြောကြမှာပဲလေ။ ဆိုတော့ ပြဿနာအရင်းအမြစ်က ကျနော်တို့က စတာ မဟုတ်ဘူးဆိုတာ ဖော်ပြလိုပါတယ်။ မေး ။        ။ တစ်ဘက်ကလည်း PSLF/TNLA ပြောတာကတော့ SSPP ရဲ့ သဘောတူညီချက်နဲ့ တပ်ဆုတ်တယ်လို့ပြောတယ်။ ဒါပေမယ့် SSPP ရဲ့ ထုတ်ပြန်ကြေညာချက်ထဲမှာ ဒါက တိုက်ပွဲခေါ်သံ ခေါ်နေတယ်ဆိုတဲ့ သဘောမျိုးဖြစ်နေတော့ နောက်ဆုံးဒီအခြေအနေအရက ကျနော်တို့လည်းကြားနေတယ်၊ ရွှေလီမြစ်ဝှမ်းမှာ ရှိနေတဲ့ SSPP တပ်အားလုံးက ဖယ်ဖို့ TNLA နဲ့ တခြားပူးပေါင်းအဖွဲ့တွေက စီစဉ်နေတယ်လို့ ကြားတယ်။ အဲ့တော့တကယ်တမ်းအင်အားသုံးပြီး ထပ်ဖိအားပေးလာရင် စစ်ရေးအရ ဖြေရှင်းတဲ့အထိ ရောက်သွားမလား၊ ဒီကိစ္စက ဘယ်လိုဖြစ်သွားမလဲ။ ဖြေ ။        ။ အဲ့တာက အခြေအနေအပေါ် မူတည်ပြီးမှ ကျနော်တို့ ဆုံးဖြတ်ရမယ့်ကိစ္စဖြစ်တယ်။ ကြိုတင်ပြောထားတာမျိုး၊ အခြေအနေကလည်းကျနော်တို့ ဖန်တီးတာမျိုး မဟုတ်တဲ့အတွက် ပြောဖို့က အဆင်မပြေဘူးဗျ။ ဘာလို့လဲဆိုရင် ဘယ်လိုအခြေအနေ ဖြစ်လာမလဲဆိုရင် ကျနော်တို့ပြောလို့မရဘူးလေ။ မေး ။        ။ တစ်ဘက်ကလည်း နမ့်ခမ်းလူထုက အရင်တုန်းကတော့ SSPP ရှိနေတော့ ဘာပဲဖြစ်ဖြစ် လူထုအတွက်က ခွန်အားတစ်မျိုးတစ်ဖုံ ရှိကောင်းရှိပါလိမ့်မယ်။ အခုက SSPP တပ်ဖွဲ့အနေနဲ့ နမ့်ခမ်းလူထုကို အကာအကွယ် မပေးနိုင်ဘဲနဲ့ တပ်ဖယ်ရှားခံလိုက်ရတယ်၊ သူတို့ကိုယ်သူတို့တောင် မကာကွယ်နိုင်ဘူး။ တစ်ဘက်ကလည်း နမ့်ခမ်းလူထုကလည်း စိတ်ပိုင်းဆိုင်ရာပေါ့ ငါတို့ကို အကာအကွယ်ပေးမယ့် တပ်မတော်က မရှိတော့ဘူး ဆိုတဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေက တနည်းတဖုံ ခံစားနေရတဲ့အပေါ်မှာကော SSPP အနေနဲ့ ဘယ်လိုမျိုး ခွန်အားပေးလိုလဲ၊ ဘယ်လိုမျိုး ပြောကြားလိုပါသလဲ။ ဖြေ ။        ။ ကျနော်တို့ မိဘမရှိတဲ့ မိသားစုကတော့ ခနတဖြုတ် အားငယ်ကြမှာပဲလေ၊ ဒါပေမယ့် ဘယ်ကိစ္စမဆို ကျနော်တို့က ပြဿနာရှိရင်ဖြေရှင်းချက်လည်း ရှိလိမ့်မယ်။ ရောဂါရှိရင် ဆေးရှိမယ်ဆိုတာပေါ့လေ။ ဒါက ကျနော်တို့အချင်းချင်း ကြားထဲမှာလည်း ပြန်ပြီးတော့မှ ပြောရမယ့်ကိစ္စဖြစ်တယ်။ တခြားတွေးပူစရာရှိတာလည်း တွေးပူတာကောင်းတာပေါ့။ ဒါပေမယ့် ကိုယ်က ဘယ်လိုကုစားနိုင်မလဲ၊ ကျနော်တို့က ဘယ်လို ပြန်ပြီးမှ ရပ်တည်မလဲ စတာတွေကတော့ ရှေ့လျှောက်ပြန်ပြီးတော့မှ ပြောရမယ့်ကိစ္စဖြစ်တယ်။ နမ့်ခမ်းပြည်သူလူထုတွေက ဘာလုပ်ချင်ကြမလဲ စသဖြင့်ပေါ့၊ ဒါက အတွင်းရေးကိစ္စတွေ ဖြစ်တဲ့အတွက်ကြောင့် ဒီနေရာမှာက ပြောရင်လည်း ကျနော်တို့ တစ်ဦးတစ်ယောက် တစ်ဖွဲ့တည်းနဲ့ ကြိုပြောရင်တော့လည်း မကောင်းဘူးပေါ့လေ။ ဒါကတော့ အနာဂတ်အတွက် ပြန်ပြီးတော့ တည်ထောင်ရမှာပေါ့။ နမ့်ခမ်းတင်မကပါဘူ၊ ပန်ဆိုင်း၊ မူဆယ် စတာတွေလည်း ဒီဘက်က သျှမ်းကြီးဒေသတွေလိုပဲ သဘောထားပါတယ်။ ဘယ်နေရာမဆို အဓိကဦးစားပေးတယ်၊ ဦးစားမပေးဘူးဆိုတာက မဟုတ်ပါဘူး။ ဒါပေမယ့် ပြဿနာကို ဘယ်လိုပူးပေါင်းပြီးမှ ဖြေရှင်းကြမလဲဆိုတာကို ဝိုင်းဆွေးနွေးရမှာ၊ ဝိုင်းပြီးမှ စဉ်းစားရမှာပေါ့။ မေး ။        ။ ဖြေကြားပေးတဲ့အတွက်ကြောင့် ကျေးဇူးတင်ပါတယ်။

“ဘယ်နေ့ ငါတို့ အလှည့်ရောက်လာမှာလဲ”

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA တို့အကြား တိုက်ပွဲ ၃ လကျော်ကြာခဲ့ပေမယ့် တိုက်ပွဲက လက်ရှိအချိန်ထိ ရှိနေဆဲပါ။ ဒါပေမဲ့ ဆီဆိုင်မြို့ပေါ်မှာတော့ တိုက်ပွဲတွေမရှိတော့ပေမယ့် ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်ကတည်းက PNLA နဲ့ တော်လှန်းရေးအင်အားစုတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဆီဆိုင်မြို့ကို စစ်ကောင်စီက...

သျှမ်းတပ်(၂)တပ် တော်လှန်ရေးလမ်းကြောင်းပေါ်ရှိနေသေးလား။

စစ်အာဏာရှင် ဖက်စစ်တပ်၏ လူ့အခွင့်အရေးနှင့်တကွ အထွေထွေ ဖိနှိပ် အမြတ်ထုတ်မှုများကြောင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ပြန်လည်ရရှိရေး အတွက် သျှမ်းလူငယ် နွမ်စစ်ဟန် ဦးဆောင်သည့် သျှမ်းလူငယ် (၃၁) ဦးသည် သျှမ်းပြည်တပ်မတော်ကို ၁၉၅၈ ခုနှစ်၊ မေလ ၂၁ ရက်နေ့က မိုင်းတုံမြို့နယ်၊ နမ့်ကျွတ်ချောင်းဘေး တောတွင်းတွင်...

တကျော့ပြန် စစ်ရေးပြင်းထန်လာတဲ့ နောင်ချို

သျှမ်းပြည် နောင်ချိုမြို့နယ်တွင် တကျော့ပြန် တိုက်ပွဲ ထပ်မံဖြစ်ပွားလာသည်မှာ သင်္ကြန်ကာလအတွင်းက စစ်တပ်မြို့ဟု ခေါ်ဆိုကြသည့် ပြင်ဦးလွင်ရှိ စစ်တက္ကသိုလ်များ တိုက်ခိုက်ခံရပြီးနောက် ပြန်လည်ပြင်းထန်လာသည်။ “၁၀၂၇ စစ်ဆင်ရေး” စတင်စဉ်ကလည်း ပြင်ဦးလွင်မြို့မှ အင်အားဖြည့်တင်းလာသည့် စစ်ကောင်စီ ထောက်ပို့စစ်ကြောင်းများကို ညီနောင်မဟာမိတ်နှင့် မန္တလေး-PDF ပူးပေါင်းတပ်ဖွဲ့များက နောင်ချိုမြို့နယ် အုမ္မသီးလမ်းခွဲတွင် ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ...

သျှမ်းပြည်လူထု ပညာရေးက အောက်ဆုံးအဆင့်နီးပါးရောက်နေတယ်။ ပညာရေးအပိုင်းကို စိတ်မဝင်စားတာ ဝမ်းနည်းတယ်။

သျှမ်းပြည် ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့ လွယ်တိုင်းလီဒေသတွင် အခြေစိုက်ထားသည့် “ကော်တိုင်း” အဖွဲ့အစည်းသည် သျှမ်းလူငယ် မျိုးဆက်သစ်များအတွက် ပညာရေးနှင့် လူငယ်စွမ်းရည် မြှင့်တင်ရေးလုပ်ငန်းများကို ၁၉၉၉ ခုနှစ်မှ စ၍ (၂၅)နှစ်တိုင်တိုင် တစိုက်မတ်မတ် ဦးစားပေးလုပ်ဆောင်လာခဲ့သည့် လူမှုအဖွဲ့အစည်းတစ်ခုဖြစ်သည်။

နိုင်ငံရေး ဦးဆောင်မှုနှင့် ဆုံးဖြတ်ချက်ချမှု လျစ်လျူရှုခံနေရခြင်းကို ကန့်ကွတ်ရှုတ်ချဟု TWO ပြော

သျှမ်းပြည် နမ္မတူမြို့တွင် တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO)မှ ဦးဆောင်ပြီး ပထမအကြိမ် တအာင်းအမျိုးသမီးဖိုရမ်ကို ၂၀၂၄ ခုနှစ် မတ်လ ၂၈ နှင့် ၂၉ ရက် နှစ်ရက်တိုင်တိုင် နမ္မတူမြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA သိမ်းပိုက်ထိန်းချုပ်ထားသော နမ္မတူမြို့တွင် ကျင်းပသည့် ၎င်းဖိုရမ်သို့ နမ့်ဆန်၊...

ထောက်ပံ့မှုမရှိလို့ အသက်စွန့်ပြီး ရိက္ခာပြန်ယူနေရတဲ့ သျှမ်းတောင် စစ်ရှောင်များ

သျှမ်းပြည်တောင်ပိုင်း ဟိုပုံး၊ ဆီဆိုင်နှင့် လွိုင်လင်မြို့နယ်တွေမှာ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PNLA နဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲဖြစ်ပွားလာတာ ယခုဆိုရင် ၂ လကျော်ကြာ လာပြီးဖြစ်ပါတယ်။ အဲ့ဒီတိုက်ပွဲတွေကြောင့် ကိုယ့်နေရပ်အိုးအိမ်စည်းစိမ်ဥစ္စာပစ္စည်းများကို စွန့်ပစ်ပြီး ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ဦးရေတွေကလည်း သိန်းဂဏာန်းအထိ တဖြည်းဖြည်းနဲ့ မြင့်တက်လာနေပါတယ်။ သျှမ်းတောင်က စစ်ဘေးရှောင်တွေရဲ့အခြေအနေ ပတ်သက်ပြီး...

NCA အဖွဲ့ ဘာကြောင့် “7 EAO Alliance” ပြောင်းလဲခဲ့လဲ။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA)ကို လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် (၇)ဖွဲ့တို့၏ မျက်နှာစုံညီ အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် မတ်လ (၁၇)နှင့် (၁၈)ရက်တို့တွင် ကျင်းပခဲ့သည်။ ၂ ရက်တာ ကျင်းပခဲ့သည့် မျက်နှာစုံညီ အစည်းအဝေးတွင် လက်ရှိနိုင်ငံရေး အခြေအနေကို သုံးသပ်ခြင်းအပြင် စုဖွဲ့မှုပုံစံအသစ်အတွက်...

“စစ်တပ်က ပြည်သူတွေကို ရက်ရက်စက်စက် သတ်ဖြတ်တာက အရိုင်းအဆိုင်းနဲ့တူတယ်”

စဝ်ဟန်ယောင်ဟွေသည် ၂၀၁၁ ခုနှစ်မှ စတင်ခဲ့သည့် မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊နယ်စပ်တလျှောက်ရှိ အရပ်ဘက် အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများကို အမျိုးသား ပြန်လည် သင့်မြတ်ရေး ခေါင်းစဉ်ဖြင့် ကူညီထောက်ပံ့ပေးခဲ့သည့် မြန်မာ့ငြိမ်းချမ်းရေး ဦးဆောင်သူတစ်ဦး ဖြစ်သည်။

Latest news