လူထုအသက်အိုးအိမ်ကို ကာကွယ်ဖို့ ဘယ်သူ့မှာ တာဝန်ရှိလဲ

“…. ကျယ်ပြန့်လာနေတဲ့ စစ်ရေးပဋိပက္ခတွေကို ကာကွယ်ဖို့ ဒေသခံတွေဖိတ်ခေါ်မှု နဲ့ ဝ တပ်ဖွဲ့တွေ တန့်ယန်းမြို့နယ်ထဲကို ရောက်ရှိလာရတယ်လို့ ” – ဇူလိုင် ၁၁ ရက်နေ့တုန်းက UWSA လားရှိုးရုံးတာဝန်ခံ ဉီးညီရန်းက မီဒီယာကို ပြောသွားပါတယ်။

အဲဒီအချိန်မှာ တန့်ယန်းမြို့ နဲ့ အနီးအနားဝန်းကျင်မှာ သေနတ်သံ မထွက်သလောက်ဖြစ်ခဲ့လို့လည်း အထင်ကရ ဘုန်းတော်ကြီးတစ်ပါးကတောင် – တန့်ယန်း မြို့လေး စစ်ဘေးကနေ သီသီလေး လွတ်သွားပြီလို့ အဓိပ္ပါယ်ကောက်လို့ရတဲ့ “မၢၵ်ႇၶၢမ်လွတ်ႈၶူၵ်ႉ” ဆိုတဲ့ သျှမ်းစကားပုံနဲ့ လူမှုကွန်ရက်မှာ တင်တာတွေ့ရပါတယ်။

တချိန်တည်းမှာပဲ SSPP တပ်ကလည်း မိုင်းရယ်မြို့ထဲ အင်အားထောင်ချီဖြည့်ပြီး ထိန်းချုပ်နေပြီ ဆိုတဲ့ သတင်းက ဒေသခံ လူထု နှလုံးပီတိ ဂွမ်းဆီထိ ဝမ်းမြောက်ဝမ်းသာနဲ့ လူမှုကွန်ရက်မှာ ဂုဏ်ယူဝင့်ကြွားစွာရေးသားဖြန့်ဝေကြပြန်ပါတယ်။

တန့်ယန်းမြို့မှာ စစ်ကောင်စီတပ်ကနေ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းမပစ်အောင် ‘ဝ’တပ်က ဟန့်တား ထားနိုင်ပေမယ့် မိုင်းရယ်မြို့နယ်ထဲတော့ စစ်ကောင်စီတပ်ကော၊ မြောက်ပိုင်းကနေ တောင်ဘက် ကိုကူးလာတဲ့ ကိုးကန့်တပ်ကကော လူထုကို သေနတ်နဲ့ ပစ်ခတ် ခြိမ်းခြောက်နေတာ ကို တွေ့နေရပါတယ်။

လားရှိုး – တန့်ယန်းကားသမားကို ပစ်သတ်သလို – “ဒီနေ့မနက် (ဇူလိုင် ၂၂ ရက် မနက် တစ်နာရီခွဲခန့်) က ဟိုတိ ကျေးရွာထဲကို စစ်ကောင်စီ လက်နက် ကြီး ပစ်တယ်၊ ရွာသားတွေက လန့်ပြီး ထွက်ပြေးကြ တော့ ရွာအနီးစောင့်တဲ့ MNDAA တပ်က ထပ်ပစ်လို့ အသက် ၂၀ ကျော်အရွယ် လူငယ်လေးတစ် ဉီးသေသွားရတယ်” – လို့ ရွာခံတဉီးက သျှမ်းသံတော်ဆင့်ကို ပြောပါတယ်။

ဒေသခံလူထုရဲ့အကြီးမားဆုံးဆန္ဒကတော့ (၁) တိုက်ပွဲအလိုမရှိ (၂) အာဏာသိမ်း စစ်ကောင်စီ တပ်ကို အလိုမရှိ (၃) လူထုကို အနိုင်ကျင့် ဗိုလ်ကျစိုးမိုးတဲ့ သေနတ်သမားတွေ၊ လက်နက်ကိုင်တွေ အလိုမရှိ စတာတွေဖြစ်ပါတယ်။ ဒီရန်ကို ကာကွယ်ပေးနိုင်တဲ့ တိုင်းချစ်ပြည်ချစ် လူထုကိုချစ်တဲ့ တပ်တော် တပ်ကောင်းတွေကို အလိုအရှိဆုံးပါ။

လက်ရှိမှာ ဘယ်တပ်က သျှမ်းလူထုကို အကာအကွယ်ပေးနေလဲ ၊ ဘယ်တပ်က စစ်ကောင်စီတပ်ကို တိုက်ထုတ်ပေးနေလဲ၊ ဘယ်တပ်က ဟန်ပြလုပ်ပြီး ကိုယ်ကျိုးစီးပွားရှာနေလဲဆိုတာ လူထုဆုံးဖြတ် တတ်ပါတယ်။

“တရုတ်စကားပြော အရပ်ဝတ် သေနတ်သမားတွေက ကျနော်တို့ရွာထဲ လာနေတယ်။ ကိုးကန့်တပ် လို့ တော့ ပြောတာပဲ။ အိမ်စောင့် ကျန်ခဲ့တဲ့ အမျိုးသားတွေကို သူတို့အတွက် ခံတုတ်ကျင်းတွေ တူး ခိုင်းတယ်” လို့ လားရှိုးမြို့ ဆင်ခြေဖုံး ဟတ်ကာရွာ ခံတဉီးကလဲ သျှမ်းသံတော်ဆင့်ကို ပြောတယ်။

စစ်သည်တော်ကျင့်ဝတ်အရ ဘယ်တပ်မှ အရပ်သားပုံစံနဲ့ ရပ်ရွာထဲ နေခွင့်မရှိပါဘူး။ လူထု ရပ်ရွာနေအိမ် ဆေးရုံ၊ ဆေးပေးခန်း၊ ဘုန်းတော်ကြီးကျောင်း၊ ဘုရားကျောင်း စာသင်ကျောင်းတွေ ဖြစ်တဲ့ အရပ်ဘက်ဆိုင်ရာ အဆောက်အုံတွေမှာ ခိုလှုံခွင့်မရှိသလို ကာကင်း အဖြစ်လဲ အသုံးပြုခွင့် မရှိပါဘူး။ ပျက်စီးအောင် ဖျက်ဆီးတိုက်ခိုက်ခွင့်လဲမရှိပါဘူး။

သိန္နီ ဆီဆိုင် မိုးမိတ်မြို့မ စျေးကြီးတွေ ပြာကျသွားအောင် စစ်ကောင်စီကလေယာဉ်နဲ့ ဗုံးကြဲတယ်။ ဇူလိုင်လ ၁၈ ရက်နေ့က ဗုံးကြဲခံရတဲ့ သိန္နီစျေးမှာ လူသူ အယောက် ၃၀ ထက်မနဲ သေကြေဒဏ်ရာ ရခဲ့တယ်။ အခုလ ဆန်းပိုင်းက ဗုံးကြဲခံရတဲ့ လားရှိုးမြို့နယ် နောင်မွန် ဘုန်းကြီးကျောင်း ပြိုပျက် သွားလို့ သံဃာတော်အပါး ၂၀၀ ကျော် ဝါမဆိုရဘဲ စစ်ဘေးရှောင်လိုက်ရတယ်။

စစ်ကောင်စီ အာဏာသိမ်းလာတဲ့ကာလမှာ စာသင်ကျောင်း ၁၇၄ ကျောင်း တိုက်ခိုက်ဖျက်ဆီးခံရတဲ့ အတွက် ကျောင်းတွေဟာ လုံခြုံစိတ်ချရပြီး အခွင့်အလမ်းအတွက် လမ်းဖွင့်ပေးရမယ့်နေရာတခု ဖြစ်တဲ့အတွက် ပဋိပက္ခတွေအတွင်း ဖျက်ဆီးတာကိုရှောင်ကြဖို့လည်း ရန်ကုန် ဗြိတိသျှသံရုံး မနေ့က ဇူလိုင် ၂၁ ရက်နေ့ မှာ ထုတ်ပြန်တောင်းဆိုပါတယ်။

အခု ရှမ်းပြည်မြောက်ပိုင်းမှာ – ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်း က သိန္နီ၊ လောက်ကိုင်၊ မိုးမိတ်၊ ကွန်လုံမြို့၊ မိုင်းငေါ့၊ မိုင်းလုံ၊ နမ္မတူမြို့၊ နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုံ၊ မူဆယ် ၁၀၅ မိုင်၊ ပန်ဆိုင်းမြို့က စစ်ဘေးစစ်ဒဏ်အလူးအလိမ့် ခံခဲ့ရပါတယ်။ ရှမ်းပြည်တောင်ပိုင်းက ဆီဆိုင်မြို့ဘက်မှာလဲ ထို့နည်းတူပါပဲ။ ဒီပျက်စီးသွားတဲ့ အိမ်တွေ၊ ခြံတွေ၊ ကားတွေ၊ သေဆုံးသွားသူတွေအတွက် ဘယ်သူ့မှာ တာဝန်ရှိလဲ။

အခု ဒုတိယပိုင်း ၁၀၂၇ စစ်ဆင်ရေးကလဲ ကျောက်မဲမြို့၊ နောင်ချိုမြို့တွေမှာ ပျက်စီးအောင် ဖျက်ဆီး နေကြပါတယ်။

နှစ်ပေါင်း ၇၀ တော်လှန်ရေးသက်တမ်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေက လူထုရပ်ရွာကို အကာ အကွယ်ပြုပြီး တိုက်ပွဲဆင်နွဲလေ့မရှိပါဘူး။ အာဏာကို လုယူထားတဲ့ မြန်မာတပ် ရွာထဲဝင်နေတာ တောင် ဝင်ရောက်တိုက်ခိုက်မှုမပြုကြသလို ရွာအနား ခြုံခိုတိုက်ခိုက်မှုလဲ ရှောင်ရှားတတ်ကြပါတယ်။

ဒါ့ကြောင့် မိမိဒေသ မိမိရပ်ရွာ တိုင်းပြည်ကို အမှန်တကယ်ထူထောင်လိုတဲ့ တပ်တွေအနေနဲ့ စစ်သည်တော်ကျင့်ဝတ်နဲ့အညီ လူထုအသက်အိုးအိမ်ကိုအကာအကွယ်ပေးကြပါလို့ လူထုအသံ ကို သံတော်ဆင့်အပ်ပါတယ်။

အယ်ဒီတာ့အာဘော်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့နယ် မန်မိုင်ရွာအနီး ယမ်းများပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာ ၈)ရက် မနက်အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မန်မိုင်ရွာအနောက်ဘက် တောအတွင်းရှိ ခြံဝင်းတစ်ခုအတွင်း...

စစ်တပ် ပေါ်တာဆွဲမှု သောင်းကျန်း၊ လူငယ်များ သွားလာသတိပြုရန်

0
စစ်ကော်မရှင်တပ်ဖွဲ့ဝင်များသည် ယခုရက်ပိုင်း လူမြင်ကွင်းတွင် ပေါ်တင် ပေါ်တာဆွဲမှု ပြုလုပ်လာသဖြင့် သျှမ်းပြည်တောင်ပိုင်း လူငယ်များလည်း အသွားအလာ သတိရှိရှိ နေရကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်း အောင်ပန်းမြို့တွင် ပေါ်တာဆွဲမှုများရှိနေသဖြင့် လူငယ်များသည် နေ့လည်ပိုင်းတွင် အပြင်ကို သတိဖြင့်သွားလာရပြီး ညနေပိုင်းတွင် အပြင်ထွက်ရန်ပင် စိုးရိမ်နေကြကြောင်း အသက် ၂၅ ဝန်းကျင်ရှိ...

တာချီလိတ်မယ်ဆိုင် ချောင်းရေမြင့်တက်မှုကြောင့် ချောင်းဘေး အုတ်တံတိုင်းပြိုကျ၊ နေအိမ်ရေဝင်

0
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် အုတ်တံတိုင်းများ ပြိုကျပြီး မြို့အတွင်း ရေဝင်ရောက်လာသောကြောင့် ‌အခြားသို့ရွှေ့ပြောင်းနေကြောင်း သတင်းရရှိသည်။ ယမန်နေ့ စက်တင်ဘာလ (၇) ရက်တွင် မြန်မာ-ထိုင်းနယ်စပ်ရှိ မယ်ဆိုင်ချောင်းရေ ရုတ်တရက်ကြီးလာပြီး တာချီလိတ်ဘက် ချောင်းဘေး၌ ကာထားသည့် အုတ်တံတိုင်း ပြိုကျပြီး တာချီလိတ်မြို့ ၊တာလော့ ရပ်ကွက်အတွင်းသို့...

တောင်ကြီးမြို့ပြင်ဘက် စစ်တပ် က ဖုန်းများ စစ်ဆေးနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့ပြင်ဘက်တွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာများကို တားဆီးကာ ဖုန်းများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယခုတစ်ပတ်အတွင်း တောင်ကြီးမြို့ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဘက်သို့ သွားသည့်လမ်းတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်များကို တားဆီးပြီး ဖုန်းအတွင်းရှိ အချက်အလက်များနှင့် အွန်လိုင်းလောင်းကစားဆိုင်ရာ အသုံးပြုမှုများကို စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အသက်...

မေ့လာတာ အသက်ကြီးလာလို့ပဲလား

0
အပြင်သွားရင် အိမ်သော့ယူခဲ့မယူခဲ့ မေ့တတ်ကြလား။ အိမ်တံခါး သော့ခတ်၊ မခတ်ခဲ့ မသေချာလို့ အိမ်ပြန်ပြီး သွားကြည့်ဖူးကြလား။ အိမ်သော့အထဲမှာကျန်ခဲ့လို့ သော့ပြင်ဆရာ ခဏခဏ ခေါ်ရတဲ့ဖြစ်ရပ်လည်း ရှိတယ်မလား။ မေ့လွန်းလို့ ဟင်းအိုးတူးသွားတာ၊ ကြက်ဥပြုတ်ထားပြီး မီးပေါ်မှာ မေ့ထားမိတာမျိုးရော ရှိဖူးကြလား။ ဒီနေ့မနက် ဘာစားခဲ့တယ်ဆိုတာ ညရောက်တော့ ပြန်စဉ်းစားလို့ မရတော့တာမျိုးရော...