Thursday, May 2, 2024

CATEGORY

ကျန်းမာရေး

သျှမ်းရှေ့ တွင် ဆုံဆို့နာရောဂါ ကြောင့် သေဆုံးသူ ၃ဦးရှိလာ

သျှမ်းပြည်အရှေ့ပိုင်းတွင် ကလေးငယ်များ ဆုံဆို့နာ ရောဂါ ဖြစ်ပွားပြီး သေဆုံးသူ (၃) ဦးရှိကြောင်း ကျိုင်းတုံပြည်သူ့ဆေးရုံကြီးမှ စုံစမ်းသိရှိရသည်။ ဆုံဆို့နာ ရောဂါသည် အသက်ရှူလမ်းကြောင်းကျဉ်းပြီး ကူးစက်နိုင်သည့် ရောဂါဖြစ်ကာ အသက်အန္တရာယ် ရှိလာနိုင်ကြောင်း သိရသည်။ ဇူလိုင်လကုန်မှ စပြီး ယနေ့ထိ ကျိုင်းတုံ ပြည်သူ့ဆေးရုံမှာ တက်ရောက်ဆေးကုသနေသည့် ဆုံဆို့နာ ရောဂါဖြစ်ပွားသူ...

ထိုင်းနိုင်ငံ မှ တာချီလိတ်သို့ပြန်ဝင်လာသည့် နေရပ်ပြန် မြန်မာနိုင်ငံသား ၃၀၀ ကျော်ရှိ

ထိုင်းနိုင်ငံ မှ သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့သို့ ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြန် မြန်မာရွှေ့ပြောင်းအလုပ်သမား (၃၃၀) ကျော် ရှိကြောင်း သတင်းရရှိသည်။ ယမန်နေ့ သြဂုတ် ၄ ရက်က ထိုင်းအာဏာပိုင်များ လွဲအပ်သော နေရပ်ပြန် မြန်မာရွှေ့ပြောင်းအလုပ်သမား ၃၃၄ ဦးကို တာချီလိတ် ဘက်ခြမ်းမှ ကူညီရေးအဖွဲ့က...

သျှမ်းပြည် အတွင်း ဖွင့်ခွင့်ရထားသည့် ဘာသာရေး အဆောက်အဦးများ ပြန်ပိတ်

ကိုဗစ် -၁၉ ကာကွယ် ထိန်းချုပ်သည့် ကာလဖြစ်သည့်အတွက် သျှမ်းပြည်တွင်းရှိ ဘာသာရေး ဆိုင်ရာ အဆောက်အဦးများ ဘုရားစေတီများ ပြန်လည်ပိတ်ထားကြောင်း သိရသည်။ ဇူလိုင် ၂၄ ရက်တွင် သျှမ်းပြည်တွင်းရှိ ဘာသာရေးဆိုင်ရာ အဆောက်အဦးများ ဘုရားစေတီများကို သျှမ်းပြည်အစိုးရ မှ ပြန်လည်ဖွင့်ခွင့်ပြုခဲ့ရာ ယမန်နေ့ ဇူလိုင် ၂၈...

 တောင်ကြီး စ၀်စံထွန်းဆေးရုံရှိ ကိုဗစ် ဓာတ်ခွဲခန်းသုံး ပစ္စည်းမပြည့်စုံသေး

သျှမ်းပြည်တောင်ပိုင်း တောင်ကြီး စဝ်စံထွန်းဆေးရုံတွင် ထားရှိမည့် Covid-19 ဓါတ်ခွဲခန်း သုံး ပစ္စည်း မပြည့်စုံသေးသဖြင့် သတ်မှတ်ရက်တွင် အသုံးမပြုနိုင်ခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းသိရသည်။ တောင်ကြီး စဝ်စံထွန်း ဆေးရုံတွင် ထားရှိမည့် COVID-19 စစ်ဆေးနိုင်မည့် ဓာတ်ခွဲခန်းကို ဇူလိုင် လလယ်တွင် စတင်အသုံးပြုနိုင်မည်ဟုပြောဆိုထားခဲ့သော်လည်း လက်ရှိတွင် ဓာတ်ခွဲခန်းသုံး ပစ္စည်းနှင့်...

သျှမ်းတောင် စောင့်ကြည့်လူနာ ၂၀၀ ကျော် ကိုဗစ် ပိုး ထပ်မံပို့ဆောင်စစ်ဆေး

သျှမ်းပြည်တောင်ပိုင်း စောင့်ကြည့်လူနာ ၂၀၀ ကျော် တွင် ကိုဗစ်-၁၉ ပိုးရှိ၊ မရှိ ရန်ကုန်အမျိုးသားကျန်းမာရေး ဓါတ်ခွဲဌာန သို့ ထပ်မံ ပို့ဆောင်စစ်ဆေးထားကြောင်း စုံစမ်းသိရှိရသည်။ Photo by SHAN ယနေ့ ဇူလိုင် ၂၈ ရက်တွင် သျှမ်းပြည်တောင်ပိုင်းရှိ Quarantine Center...

ကိုဗစ်ကြောင့် ထိုင်းမှ သျှမ်းပြည် တောင်ကြီးသို့ ရွှေ့ပြောင်းအလုပ်သမား ၂၅၀၀ ခန့် ပြန်လာ

ထိုင်းနိုင်ငံ မှ သျှမ်းပြည် တောင်ပိုင်း တောင်ကြီးခရိုင် သို့ ၂လ အတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၅၀၀ ခန့်ပြန်လာကြောင်း စုံစမ်းသိရသည်။ ထိုမြန်မာရွှေ့ပြောင်းအလုပ်သမားများသည် ထိုင်းနိုင်ငံ မဲဆောက် မှ ကရင်ပြည်နယ် မြဝတီသို့ ပြန်လည်ဝင်လာပြီး၊ ထိုမှတဆင့် သျှမ်းပြည်တောင်ပိုင်း တောင်ကြီးသို့ ပြန်လာသည့်သူများဖြစ်ကြသည်။ ထိုသူများသည် မေ (၂၇)...

သျှမ်းတောင်တွင် ကိုဗစ်-၁၉ စောင့်ကြည့် ၁၀၀ ကျော်အား ပိုးစစ်ဆေးထား

သျှမ်းပြည်တောင်ပိုင်း စောင့်ကြည့်လူနာ (၁၄၀)ကျော်တွင် ကိုဗစ်-၁၉ ရှိ၊မရှိ စစ်ဆေးရန် ရန်ကုန်အမျိုးသားကျန်းမာရေး ဓါတ်ခွဲဌာန သို့ ပို့ဆောင်စစ်ဆေးထားကြောင်း စုံစမ်းသိရှိရသည်။ ဇူလိုင် (၂၂ ) ရက်တွင် သျှမ်းပြည်တောင်ပိုင်းရှိ Quarantine Center မှ စောင့်ကြည့်လူနာ စုစုပေါင်း (၁၄၄ ) ဦး ရှိပြီး...

မြန်မာ-ထိုင်းနယ်စပ် တရားမဝင် ခိုးဝင်၊ထွက်မှု တနေ့ထက်တနေ့ များပြား

ကိုဗစ်-၁၉ ကာလ မြန်မာ-ထိုင်း နယ်စပ် ဂိတ်များပိတ်ထားဆဲဖြစ်သော်လည်း တရားမဝင် ခိုးဝင်၊ ခိုးထွက်မှုများ တနေ့ ထက် တနေ့ များလာကြောင်း စုံစမ်းသိရသည်။ ကိုဗစ် -၁၉ ကူးစက်ရောဂါကြောင့် မတ် ၂၃ ရက် ကစပြီး ယနေ့အထိ မြန်မာ-ထိုင်း...

ကိုဗစ်-၁၉ ကာလ လွိုင်လင်မြို့နယ်ကျေးလက်ဒေသခံများ စားနပ်ရိက္ခာ ခက်ခဲ

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ်ရှိ ဟိုခိုက်ရွာတွင် နေထိုင်သူများ စားနပ်ရိက္ခာအတွက် ခက်ခဲနေကြောင်း သတင်းရရှိသည်။ ထို့ကြောင့် ဇူလိုင် ၂၀ ရက်က အဆိုပါ ဟိုခိုက်ရွာသားများအတွက် သျှမ်းပြည် စားနပ်ရိက္ခာ ထောက်ပံ့ရေး ကော်မတီမှ သွားရောက်လှူဒါန်းပြုပေးခဲ့ကြောင်း သိရသည်။ (လွိုင်လင်မြို့နယ်အတွင်း လွိုင်လင်နှင့် ပင်လုံကြားရှိ ဟိုခိုက်ရွာသည် အနာကြီးရောဂါ...

သျှမ်းတောင် စောင့်ကြည့်လူနာ (၂၇၀)ကျော် COVID ရှိ၊ မရှိ စစ်ဆေးနေ

သျှမ်းပြည်တောင်ပိုင်းတွင်မှ စောင့်ကြည့်လူနာ( ၂၇၀) ကျော် COVID-19 ရှိ၊ မရှိ စစ်ဆေးနေကြောင်း စုံစမ်းသိရဥည်။ အဆိုပါ စောင့်ကြည့်လူနာ (၂၇၀ )ကျော် ၏ ဓာတ်ခွဲနမူနာကို ရန်ကုန်အမျိုးသားကျန်းမာရေး ဓါတ်ခွဲဌာန သို့ ပို့ဆောင်စစ်ဆေးထားကြောင်း သိရသည်။ ထိုသူများသည့် ယမန်နေ့ ဇူလိုင် (၁၄) ရက်တွင် မြဝတီမှ...

Latest news