တောင်ကြီးတွင် ကိုဗစ်-၁၉ ဓာတ်ခွဲနမူနာ စစ်ဆေးနိုင်ပြီ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ရှိ စဝ်စံထွန်း ဆေးရုံတွင် ကိုဗစ်-၁၉ ဓာတ်ခွဲ နမူနာ စစ်ဆေးနိုင်ပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ဓာတ်ခွဲခန်းထားရှိမည့် တောင်ကြီးမြို့ စဝ်စံထွန်း ဆေးရုံ ( Photo by SHAN)

သျှမ်းပြည်တောင်ပိုင်းရှိ မြို့နယ်များ၏ ကိုဗစ်-၁၉ ဓါတ်ခွဲနမူနာကို တောင်ကြီး စဝ်စံထွန်းဆေးရုံသို့ ပေးပို့လာရမည်ဖြစ်ပြီး တစ်ပတ်လျှင် ၂ ရက် စစ်ဆေး သွားမည်ဖြစ်ကြောင်း သျှမ်းပြည်နယ် ကျန်းမာရေး နှင့် ကုသရေး ဦးစီးဌာနမှူး ဒေါက်တာ သူဇာချစ်တင် က သျှမ်းသံတော်ဆင့် ကိုပြောသည်။

“စဝ်စံထွန်း ဆေးရုံမှာ စစ်လို့ရပြီ။ တစ်ပတ်ကို ၂ ရက် စစ်မယ်။ ဓါတ်ခွဲနမူနာတွေ ပို့တာများရင်တော့ ရက်တိုးစစ်ရမယ်။ ခုလောလောဆယ်တော့ သျှမ်းပြည်တောင်ပိုင်းမှာ ရှိတဲ့ မြို့နယ်တွေရဲ့ ဓါတ်ခွဲနမူနာ စပြီးတော့ စစ်ဆေးမယ်။” ဒေါက်တာ သူဇာချစ်တင် က ထပ်လောင်းပြောသည်။

တောင်ကြီး စဝ်စံထွန်းဆေးရုံတွင် ကိုဗစ်-၁၉ ဓာတ်ခွဲနမူနာကို တစ်ပတ်ကို ၂ ရက် စစ်ဆေးပေးမည်ဖြစ်ပြီး တကြိမ်လျှင် ဓါတ်ခွဲနမူနာ ( ၁၀၀) ဝန်းကျင် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

“စစ်ဆေးလို့ရပြီပေ့ါနော်။ ဓါတ်ခွဲ နမူနာ (၉၅) (၁၀၀) လောက် စစ်နိုင်တယ်ဆိုတော့ တစ်ပတ်မှာ ၂ ရက် စစ်မယ်ဆိုပြီးတော့ သတ်မှတ်ထားပါတယ်။ လောလောဆယ် အဲ့လို စစ်မယ်လို့တော့ သတ်မှတ်ထားပါတယ်။” ဟု ဒေါက်တာ သူဇာချစ်တင် ကပြောသည်။

သျှမ်းပြည်မြောက်ပိုင်း လားရှိုးပြည်သူ့ ဆေးရုံမှာလည်း ဓါတ်ခွဲခန်း တည်ဆောက်ရန်အတွက် စတင်အကောင်အထည်ဖော်နေပြီဖြစ်ကြောင်း လားရှိုးပြည်သူ့ဆေးရုံ ထံမှ စုံစမ်းသိရှိရသည်။

“ဓါတ်ခွဲခန်းက ခုမှစပြီး ဆောက်နေပြီ၊ ဆောက်နေပြီ ဆိုပေမယ့် မြေတူးနေပြီပေါ့နော်။ အဆောက်အဦးက ၃ လ လောက် ခန့်မှန်းထားပါတယ် ။နိုဝင်ဘာလ လောက်မှ ပြီးမယ်လို့မှန်းထားတယ်။ ၄ လမြောက်မှာမှ စတင် စစ်ဆေးနိုင်မှာပါ” ဟု လားရှိုး ပြည်သူ့ဆေးရုံကြီး မှ ဆေးရုံအုပ် ဒေါက်တာဉာဏ်မြင့် ကပြောသည်။

သျှမ်းပြည်မြောက်ပိုင်းရှိ ဓါတ်ခွဲနမူနာများကို မန္တလေး ဓါတ်ခွဲခန်းသို့ ပို့ဆောင် စစ်ဆေးရကြောင်း သိရသည်။

သျှမ်းပြည်တောင်ပိုင်း စဝ်စံထွန်းဆေးရုံ နှင့် သျှမ်းပြည်မြောက်ပိုင်း လားရှိုး ပြည်သူ့ဆေးရုံတွင် ထားရှိသည့် ဓါတ်ခွဲခန်းသည် တစ်ဦးတည်း အလှူရှင်ဖြစ်သည့် ငွေအောင်ကမ္ဘာ ကျောက်မျက်ကုမ္ပဏီ လီမီတက် မှ လှူဒါန်းခြင်း ဖြစ်သည်။

အဆိုပါ ဓါတ်ခွဲခန်းများသည် အထူးသဖြင့် ကိုဗစ်-၁၉ ဓါတ်ခွဲနမူနာ အပြင် တခြားဗိုင်းရပ်စ် များပါစစ်ဆေးနိုင်မည် ဖြစ်ပြီး ပုံမှန်လစဉ် ကျပ်သိန်းပေါင်း ၂၈၀၀ ခန့်လိုအပ်ကြောင်း လူမှုရေး ဝန်ကြီး ဒေါက်တာ မျိုးထွန်း က ပြောခဲ့ဖူးသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

တောင်ကြီး လိုင်စင်မဲ့ယာဉ် ရှောင်တခင်ဖမ်းဆီးမှုကြမ်းနေ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့တွင် ယခုရက်ပိုင်း လိုင်စင်မဲ့ယာဉ်များကို ရှောင်တခင် ဖမ်းဆီးစစ်ဆေးမှုများ ပိုလုပ်လာကြောင်း သတင်းရရှိသည်။ ထို လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးမှုကြောင့် မြို့နှင့်အနီးတဝိုက်ရှိ ကျေးရွာဒေသခံများအနေဖြင့် မြို့ပေါ်သို့ အခါကြီးရက်ကြီးများ နှင့် ဈေးနေ့များတွင် မြို့ပေါ်သို့ သွားလာခြင်း၊ အခြေခံစားသောက်ကုန်၊လူသုံးကုန်ပစ္စည်းများ ဝယ်ယူရာသူ အခက်အခဲများရှိနေကြောင်း ဟိုပုံးမြို့နယ် အမျိုးသားတစ်ဦးက...

တောင်ကြီးတွင် အချင်းချင်း စကားများရန် ဖြစ်ရာမှ ဓားဖြင့် ထိုးသတ် အမျိုးသားတစ်ဦး သေဆုံး

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ စိန်ပန်းရပ်ကွက်တွင် သက်လတ်ပိုင်းအရွယ် အမျိုးသားနှစ်ဦး အချင်းချင်းစကားများ ရန်ဖြစ်ရာမှ ဓားဖြင့်ထိုးသတ်မှုဖြစ်ပြီး အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သိရသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ဇူလိုင်လ (၉)ရက်နေ့တွင် စိန်ပန်းရပ်ကွက် နှင်းဆီလမ်းထိပ် အရက်ဆိုင်တွင် သက်လတ်ပိုင်းအရွယ် ကိုထွန်းထွန်းနိုင်နှင့် ကိုထက်ပိုင်မှူး တို့ စကားများရန်ဖြစ်ကြပြီး ဓားဖြင့်ထိုးမှုကြောင့် ကိုထက်ပိုင်မှူး...

တောင်ကြီးတွင် Kpay ပြေစာအတုပြပြီး ငွေလိမ်လည်ထုတ်ယူမှုရှိနေ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် Kpay ပြေစာအတုပြပြီး ‌ငွေလိမ်လည်ထုတ်ယူသူ များလာသဖြင့် ဈေးဆိုင်အချို့ အခက်တွေ့နေရကြောင်း သိရသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ ၇ရက်တွင် တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်မှ ဈေးဆိုင်တွင် လူရှုပ်နေချိန်ကို အခွင့်ကောင်းယူကာ ငွေသွင်းပြေစာအတုများကို ဆိုင်ရှင်အားပြ၍ ငွေကျပ် သိန်း(၃၀) ထုတ်ယူသွားခဲ့ကြောင်းကိုယ်တိုင်ကြုံတွေ့ရသည့် ကုန်စုံဆိုင်ပိုင်ရှင်တစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ ထိုသို့...

တောင်ကြီးတွင် အီးစီးကရက် မှောင်ခိုရောင်းဝယ်မှု ကြီးထွားနေဆဲ ၊ ဈေးနှုန်းနှစ်ဆမြင့်တက်

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့တွင် အီးစီးကရက် (E- cigarette) နှင့် ပတ်သက်ပြီး အာဏာပိုင်များက ဖမ်းဆီးအရေးယူမှုများ ဆက်တိုက်ပြုလုပ်နေသော်လည်း မှောင်ခိုရောင်းဝယ်မှုများ ဆက်လက်ရှိနေပြီး ဈေးနှုန်းများလည်း ယခင်ထက် နှစ်ဆနီးပါး မြင့်တက်လာကြောင်း ဒေသခံများထံမှ သိရသည်။ တောင်ကြီးမြို့တွင် အီးစီးကရက် ရောင်းချသူများနှင့် သုံးစွဲသူများကိုပါ ဖမ်းဆီးအရေးယူမှုများ ရှိနေခြင်းကြောင့်...