ကိုဗစ် ၁၉ ကာလ သျှမ်း ပြည်သူများ စားဝတ်နေရေး ခက်ခဲလာ

0

ကိုဗစ်- ၁၉ ကူးစက်မှုနှုန်းမြင့်တက်လာပြီး စီးပွားရေး လုပ်ကိုင်ရန် ခက်ခဲသဖြင့် သျှမ်းပြည်သူများ စားဝတ်နေရး အဆင်မပြေးမှု များ စတင် ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။

Photo by စိုင်းဆိုင်လှိုင်း

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကို မတ်လပိုင်းမှ စတင်ဖြစ်ပွားခဲ့ပြီး အလုပ်အကိုင်များ၊ လက်လုပ်လက်စားများဝင်ငွေခက်ခဲလာကြပြီး စီးပွားရေးများကျဆင်းလာပြီး သျှမ်းပြည်နယ်အတွင်းရှိ အခြေခံ လူတန်းစားများ စီးပွားရေးကြပ်တည်လာကြောင်းသိရသည်။

“အခု ကိုဗစ်ကာလမှာ ကျတော်တို့လိုင်ကားဆွဲရတာ အဆင်မပြေဘူး။ အခေါက်ရည်လည်း မှန်အောင်မဆွဲ ရတော့ဘူး။ ခရီးသည်တွေလည်း အသွားလာကြဲ လာတယ်။ ကားသမားတွေကတော့ ဘာအထောက်ပံ့မှလည်း မရဘူး”ဟု နမ္မတူ ကားသမားတဦး က သျှမ်းသံတော်ဆင့်ကိုပြောသည်။

ယခု ကိုဗစ် ၁၉ ကူးစက်မှုနှုန်းမြင့်လာသဖြင့် သျှမ်းပြည်နယ်ရှိမြို့များတွင် တစ်နေရာ တစ်နေရာသွားလာရာတွင် ကျန်မားရေးထောက်ခံစာ နှင့် ရပ်ကွက်ထောက်ခံစာများကို ယူဆောင်သွားရ မည်ဟု ထုတ်ပြန်ထားသည်။

“ပြည်နယ်တွင်းထဲကမြို့တွေကို တစ်နေရာနဲ တစ်နေရာ သွားတာ ကန့်သတ်လိုက်တဲ့ အတွက် အခက်ခဲဖြစ်ပါတယ်။ မဲဆွယ်ကာလနဲ နီးနေပြီးဆိုတော့။ ဒီသွားလာရေး ကန့်ကွက်လိုက်တာက အဓိပါယ်မရှိဘူးလို့ ထင်မြင်တယ်” ဟု သီပေါမြို့နေထိုင်သူ တဦးဖြစ်သည့် နန်းလျန်းက ပြောသည်။

လက်ရှိမှာ တဖက်တွင် ကိုဗစ်-၁၉ ကူးစက်မှုနှုန်းမြင့်တက်မှုကြောင့် အသွားအလာကန်သတ်မှုသည် ကျန်းမာရေး အရ နားလည်ပေးနိုင် သော်လည်း အစိုးရ အနေဖြင့် ပြည်သူများကို ကြည့်ရှုပေးစေချင်ကြောင်း၊ နန်းလျန်းက ပြောသည်။

အစိုးရ သည် အခြေခံ လက်လုပ်လက်စား ပုံမှန်ဝင်ငွေမရှိသည့် သူများကို ၂ကြိမ်ထောက်ပံ့မှု ပေးသော်လည်း တချို့ အိမ်ထောင်စုများ မရရှိသဖြင့် အတိုးချေးငှားစားသောက်နေရကြောင်းလည်း သိရသည်။

“ ကျမတို့အခုဆိုရင် ဝင်ငွေမရှိဘူး။ ဆန်တွေ ချေးငှားစားနေရတယ်။ အစိုးရ ထောက်ပံ့တာတွေလည်း မရဘူး” ဟု ကျောက်မဲမြို့နယ် တွင် နေထိုင်သည့် နန်းအီ က ပြောသည်။

သျှမ်းပြည်တွင် နေထိုင်သည့် ပြည်သူများသည် စိုက်ပျိုးရေးကို အများစု လုပ်ကိုင်ကြပြီး၊ လက်ရှိမှာ ထွက်ကုန်များ ရောင်းချရန် ခက်ခဲသဖြင့် ဝင်ငွေများမရှိကာ စားဝတ်နေရေး အတွက် အခက်ခဲနေကြောင်းလည်း တန့်ယန်းမြို့တွင် နေထိုင်သည့် မိုင်းအိုက်ဆွယ် က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ကျနော်တို့ ဆီမှာတော့ အခု အစားအသောက်တွေ တော်တော်ခက်နေတယ်။ အစိုးရ ထောက်ပံ့မှုတွေလည်း ဘာမှ မရဘူး။ အလုပ်တွေမလုပ်ရတော့ အဆင်မပြေဘူး။ ရေရှည်မှာ ပိုခက်မယ်” ဟု မိုင်းအိုက်ဆွယ်က ပြောသည်။

မြန်မာနိုင်ငံ တွင် ယခုရက်ပိုင်း ကိုဗစ် ၁၉ ပိုးတွေ့လူနာ စုစုပေါင်း (၂၁၅၀)ဦး ရှိပြီး သေဆုံးသူ (၁၄) ဦးထိရှိလာကြောင်း ကျန်းမာရေးထုတ်ပြန်ချက် အရသိရသည်။
(အလုပ်သင်သတင်းထောက် စိုင်းဆိုင်လှိုင်းရေးသားသည်။)

Leave a Comments

SHARE