မူဆယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာတဦး တွေ့ရှိ

0

သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် ယနေ့ (စက်တင်ဘာ ၁၄)တွင် ကိုဗစ်-၁၉ အတည်ပြု လူနာ တဦး တွေ့ရှိကြောင်း သိရသည်။

းရုံသို့ပို့ဆောင်နေစဉ်( Thaung Tun /Facebook)

အဆိုပါ ကိုဗစ်-၁၉ အတည်ပြုလူနာသည် စက်တင်ဘာ ၁၁ရက်နေ့တွင် တရုတ်နိုင်ငံ မှ မြန်မာနိုင်ငံ မူဆယ်မြို့ဘက် သို့ ပြန်လည်ဝင်ရောက်လာသည့် ရွှေ့ပြောင်းအလုပ်သမား တဦးဖြစ်ပြီး၊ ထိုသူသည် မူဆယ်မြို့ တွင် Quarantine ဝင်နေသည့်သူတဦးလည်းဖြစ်ကြောင်း မူဆယ်မြို့ဂရုဏာ လူမှုကူညီရေး အသင်းမှ ဦးသောင်းထွန်း က သျှမ်းသံတော်ဆင့်ကို အတည်ပြုပြောဆိုသည်။

“ တရုတ်ကနေ ပြန်လာတဲ့သူပါ။ ဒီနေ့ပိုးစစ်တာ တွေ့သွားတယ်။ ကျန်းမာရေး ကတော့ ကောင်းတယ်။ အခုတော့ မူဆယ်ဆေးရုံသစ်ကို ပို့ထားပါတယ်” ဟု ဦးသောင်းထွန်း က ပြောသည်။

ထို ကိုဗစ်-၁၉ လူနာနှင့် ထိတွေ့သူ ၅ဦးရှိကြောင်း၊ ထိုသူများကိုလည်း ဓာတ်ခွဲနမူနာ စစ်ဆေးသွားမည်ဖြစ်ကြောင်းသိရသည်။

မူဆယ်မြို့တွင် Quarantine ဝင်နေသူ ၁၁၅ဦးရှိကြောင်း သိရသည်။

ယနေ့ စက်တင်ဘာ ၁၄ ရက် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ကြေညာချက် အရ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ထပ်တိုးလူနာ ၂၆၃ ဦး ရှိပြီး သေဆုံးသူ ၁၂ ဦးရှိကြောင်း သိရသည်။

လက်ရှိမှာ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ စုစုပေါင်း (၃၁၉၅) ဦးရှိ သေဆုံးသူ ၃၂ ဦးရှိကြောင်း ထုတ်ပြန်ချက် အရသိရသည်။

(အလုပ်သင် သတင်းထောက် စိုင်းဆိုင်လှိုင်းရေးသားသည်။)

Leave a Comments

SHARE