တောင်ကြီးအ၀င်/ထွက် ၂၄ နာရီ ကျန်းမာရေး စစ်ဆေးဂိတ် ဖွင့်လှစ်

သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့တွင် ကျန်းမာရေး စစ်ဆေးရေးဂိတ်ကို ၂၄ နာရီ ဖွင့်လှစ် ထားကြောင်းစုံစမ်းသိရှိရသည်။

၂၄နာရီ ကျန်းမာရေး စစ်ဆေးဂိတ်ဖွင့်လှစ်မည့်နေရာ ( ဓာတ်ပုံ Win Naing Soe)

ယနေ့ စက်တင်ဘာ ၉ ရက် မွန်းလွဲ ၃ နာရီ ကစပြီး သျှမ်းပြည် တောင်ပိုင်း တောင်ကြီး မြို့ဝင်၊ထွက်တွင် ကျန်းမာရေးစစ်ဆေးရေး ဂိတ်ကို ၂၄ နာရီ စတင်ဖွင့်လှစ်ကြောင်း တောင်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက် က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီနေ့ကနေစပြီးတော့ ကျနော်တို့က ၂၄ နာရီလုံးကျန်းမာရေး စစ်ဆေးဂိတ်ဖွင့် သွားမှာပါ ”ဟု ဦးဖြိုးမင်းထိုက် က ဆိုသည်။

ယခင်က ကျန်းမာရေး စစ်ဆေးရေး ဂိတ်ကို မနက် ၆နာရီ မှ ညနေ ၆နာရီထိသာ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် တောင်လေးလုံးတွင် ၂၀ ဦး၊ ဟိုးပုံး-တောင်ကြီး ပြည်ထောင်စုလမ်းမတွင် ၂၄ ဦး အလှည့်ကျ တာ၀န်ယူစောင့်ဆိုင်းစစ်ဆေးသွားမည် ဖြစ်ကြောင်းလည်း ဦးဖြိုးမင်းထိုက်က ပြောသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ခံရမှုနှုန်း တရက်ထက်တရက် မြင့်တက်လာ သဖြင့် တောင်ကြီးတွင် ကျန်းမာရေး စစ်ဆေးရေးဂိတ် ပြန်လည် ဖွင့်လှစ်ခြင်းဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံအတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ (၃) ဦးနှင့် အထက်ရှိသည့် မြို့နယ်များ မှ ဝင်ရောက်လာသူများကို Quarantine ဝင်ရမည် ဟု စက်တင်ဘာ (၇)ရက်စွဲဖြင့် တောင်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး က ထုတ်ပြန်ခဲ့သည်။

တောင်ကြီးမြို့နယ် အတွင်း ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရန် အတွက် ပြည်ပနိုင်ငံများမှ ပြည်လည် ဝင်ရောက်လာသူများထဲမှ Quarantine ဝင်ရောက်မှုမရှိသေးသူများ၊ ရခိုင်ပြည်သို့ ခရီးသွားရာဇာဝင်ရှိသူများ၊ ရန်ကုန် တိုင်းဒေသကြီး အတွင်းသို့ Stay at Home သတ်မှတ်ထားသည့် မြို့နယ်(၇)မြို့နယ် သို့ ခရီးသွားရာဇာဝင်ရှိသူများအား Quarantine ဝင်ရောက်ရမည် ဟု ထုတ်ပြန်ချက်တွင် ထည့်သွင်းရေးသားထားသည်။

ထို့ ပြင် မြန်မာနိုင်ငံတွင် ကိုဗစ် ၁၉ ကူးစက်မှုနှုန်းများလာသဖြင့် သျှမ်းပြည်နယ်တောင်ပိုင် တောင်ကြီးမြို့နယ်တွင် ကျန်မာရေးထောက်ခံချက် မပါဘဲဝင်ရောက်မည်ဆိုပါက Quarantine ထားရှိသွားမည် ဟု သိရသည်။

“ပြည်တွင်း ကျန်းမာရေး ထောက်ခံချက်မပါဘဲ တောင်ကြီးမြို့နယ်ထဲရောက်လာသူတွေကို တောင်ကြီးမြို့ အ.ထ.က (၅) ကျောင်းနဲ့ အ.ထ.က (၂) ကျောင်း တွေမှာ Quarantine ထားရှိပါတယ်” ဟု တောင်ကြီးမြို့ ပရဟိအဖွဲ့က ကို၀င်းနိုင်စိုး ကပြောသည်။

မြန်မာနိုင်ငံတွင် ကိုဗစ် ၁၉ ပိုးတွေ့လူနာ (၁၈၀၇) ဦးရှိပြီး ပြန်လည်သက်သာလာသူ (၄၆၀) နှင့် သေဆုံးသူ (၁၂)ဦး ရှိပြီးဖြစ်ကြောင်း ကျန်မားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

ယနေ့ (စက်တင်ဘာ ၉) ရက်တွင် မနက် (၈) နာရီ သတင်းထုတ်ပြန်ချက် အရ ကိုဗစ် -၁၉အတည်ပြု လူနာ (၂) ဦး ထပ်မံသေဆုံးကြောင်း သိရသည်။

(အလုပ်သင် သတင်းထောက် စိုင်းဆိုင်လှိုင်း ရေးသားသည်။)

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ယာဉ်နံပတ်ပွား ဆီထုတ်မှုကြောင့် QR အသစ် ပြန်လျှောက်ရမည်

0
သျှမ်းပြည်အတွင်း စက်သုံးဆီများကို တန်းစီဝယ်ရာတွင် ယာဉ်နံပတ်များကို ပွားပြီး ဝယ်ယူမှုများတွေ့ရှိနေသဖြင့် ယာဉ်ပိုင်ရှင်များ QR ကုတ်အသစ် ပြန်လည်လျှောက်ထားရမည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန က ယမန့်နေ့ (ဇူလိုင် ၃၀)ရက်တွင် ထုတ်ပြန်ခဲ့သည်။  ထို QR ကုတ် အသစ် ပြန်လည်လျှောက်ထားရာတွင် မော်တော်ယာဉ်မှတ်ပုံတင် သက်သေခံ လက်မှတ် အစစ်အမှန်ဖြစ်ကြောင်း သက်ဆိုင်ရာ (ကညန)၏ ထောက်ခံချက်...

သျှမ်းတောင်တွင် ဝက်နာကျ သေဆုံးမှုဖြစ်ပြီးနောက် ဝက်သားစျေးကျ

0
သျှမ်းပြည်တောင်ပိုင်းတွင် ဝက်နာရောဂါဖြစ်ပွားပြီး ဆက်တိုက်သေဆုံးမှုများလာပြီးနောက် ဝက်သားစျေးနှုန်း ကျဆင်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လမှစပြီး သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် ဝက်နာရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးမှု များရှိခဲ့ပြီးနောက် ဝက်သားဈေးနှုန်းများ ကျဆင်းလာပြီး ဝက်ဝယ်သူများလည်း နည်းပါးလာကြောင်း သိရသည်။ “ဝက်ကလည်း ရောင်းချင်နေပြီ ဝယ်သမားကလည်း မရှိဘူး၊ အရင်က သိန်း (၃၀)...

တောင်ကြီးတွင် ခွေးများကို ပစ်မှတ်ထား အစာအဆိပ်ခတ်ခံနေရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး အစာအဆိပ်ခတ် နေသည့် အုပ်စုများရှိနေကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး ထမင်းကဲ့သို့သော အစားအစာများဖြင့် အဆိပ်ခတ်သည့် ဖြစ်စဉ်သည် နေ့စဉ်နှင့်အမျှ ဖြစ်လာကြောင်း၊ ထိုအဆိပ်ခတ်နေသည့် ပုံစံသည် တူညီမှုများရှိနေသဖြင့် ခွေးများကို ဉီးတည်ပြီး သတ်နေသည့်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

တောင်ကြီး လိုင်စင်မဲ့ယာဉ် ရှောင်တခင်ဖမ်းဆီးမှုကြမ်းနေ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့တွင် ယခုရက်ပိုင်း လိုင်စင်မဲ့ယာဉ်များကို ရှောင်တခင် ဖမ်းဆီးစစ်ဆေးမှုများ ပိုလုပ်လာကြောင်း သတင်းရရှိသည်။ ထို လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးမှုကြောင့် မြို့နှင့်အနီးတဝိုက်ရှိ ကျေးရွာဒေသခံများအနေဖြင့် မြို့ပေါ်သို့ အခါကြီးရက်ကြီးများ နှင့် ဈေးနေ့များတွင် မြို့ပေါ်သို့ သွားလာခြင်း၊ အခြေခံစားသောက်ကုန်၊လူသုံးကုန်ပစ္စည်းများ ဝယ်ယူရာသူ အခက်အခဲများရှိနေကြောင်း ဟိုပုံးမြို့နယ် အမျိုးသားတစ်ဦးက...