သီပေါတွင် ကိုဗစ်-၁၉ စောင့်ကြည့်သံသယလူနာ တဦးရှိ

0

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့တွင် စောင့်ကြည့်သံသယ လူနာ အသက် ၂၀ နှစ်အရွယ် အမျိုးသမီး တဦးရှိကြောင်း စုံစမ်းသိရသည်။

အဆိုပါ စောင့်ကြည့်လူနာ အမျိုးသမီး သည် လွန်ခဲ့သည့် သြဂုတ် ၂၆ ရက် က မြင်းခြံသို့ သွားရောက်စဉ် ကိုဗစ်-၁၉ ပိုးတွေ့ရှိလူနာနှင့် စကားပြောဆိုခဲ့သဖြင့် သြဂုတ် ၂၉ ရက်မှ စတင်ကာ (Home Quarantine ) ၂၁ ရက် ထားရှိခဲ့ကြောင်း သိရသည်။

၎င်း အမျိုးသမီးကို ယခု သီပေါမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် သံသယ စောင့်ကြည့်လူနာ အဖြစ်ထားရှိပြီး အာခေါင်တို့ဖတ်နမူနာကို ဓာတ်ခွဲခန်းသို့ပို့ဆောင် စစ်ဆေးသွားမည် ဟုသိရသည်။

လက်ရှိ သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံဆေးရုံတွင် ကိုဗစ်-၁၉ လူနာ (၃) ဦး၊ တောင်ကြီး စဝ်စံထွန်းဆေးရုံတွင် (၁) ဦး၊ ကလောမြို့တွင် ၂ ဦး ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် တနေ့ထက် တနေ့ ကိုဗစ်-၁၉ ကူးစက်မှုနှုန်းမြင့်တက်လာပြီး ယနေ့ (စက်တင်ဘာ ၈)ရက် ည၈နာရီ အချိန်ထိ ကိုဗစ်-၁၉ ကူးစက်ခံရသူ စုစုပေါင်း (၁၇၀၉ ) ဦး ၊ သေဆုံးသူ (၁၀) ဦးရှိ ပြီဖြစ်ကြောင်း အစိုးရ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါသည်။

Leave a Comments

SHARE