Saturday, April 27, 2024

နှားခေါင်းစည်း မတပ်ဘဲ အပြင်ထွက်ပါက ပညာပေးအစီးအစဉ်ပြုလုပ်သွားမည်

Must read

ကိုဗစ်-၁၉ ကာလ အတွင်း နှာခေါင်းစည်း မတပ်ဘဲ အပြင်ထွက်လျှင် ပညာပေး အစီစဉ် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ စိုင်းဆိုင်လှိုင်း

လာမည့် စက်တင်ဘာ (၁၅) ရက်မှ စတင်ကာ သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့မှာ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“ဒုတိယပတ်မှာ လုပ်မယ်လို့ ပြောထားပါတယ်။ ပညာပေး အစီစဉ်ပဲ လုပ်မှာပါ။ ဒဏ်တော့ မရိုက်ဘူး။အသေးစိတ်ကိုတော့ ပြောလို့မကောင်းပါဘူး။ လုပ်တဲ့နေ့ တွေ့မှာပါ”ဟု တောင်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက် က သျှမ်းသံတော်ဆင့် ကိုပြောသည်။

အဆိုပါ Mask မတပ်သည့်သူများ ပညာပေး ဇာတ်လမ်း (၃) နာရီကြာ ထိုင်ကြည့်ရမည် ဖြစ်ကြောင်း သိရသည်။

“စက်တင်ဘာ (၁၅) ရက်နေ့မှာ နှာခေါင်းစည်း မတပ်တဲ့သူတွေကို ပညာပေး အစီစဉ်တွေ လုပ်သွားမှာပါ။ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီး လုပ်မှာပါ။ သက်ဆိုင်ရာ စီစဉ်ထားတဲ့အတိုင်း လုပ်သွားမှာပါ။” တောင်ကြီး ပရဟိတ ကိုဝင်းနိုင်စိုး ကပြောသည်။

မြန်မာနိုင်ငံအတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ (၃) ဦး နှင့် အထက်ရှိသည့် မြို့နယ်များမှ ဝင်ရောက်လာသူများကို Quarantine ဝင်ရမည် ဟု စက်တင်ဘာ (၇) ရက်စွဲဖြင့် တောင်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး က ထုတ်ပြန်ခဲ့သည်။

တောင်ကြီးမြို့နယ်တွင် အတွင်းရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရန် အတွက် ပြည်ပနိုင်ငံများမှ ပြည်လည်ဝင်ရောက်လာသူများထဲမှ Quarantine ဝင်ရောက်မှု မရှိသေးသူများ၊ ရခိုင်ပြည်သို့ ခရီးသွားရာဇဝင်ရှိသူများ ၊ ရန်ကုန်တိုင်းဒေသကြီး အတွင်းသို့ Stay at Home သတ်မှတ်ထားသည့် မြို့နယ် (၇) မြို့နယ်သို့ ခရီးသွားရာဇဝင်ရှိသူများအား Quarantine ဝင်ရောက်ရမည် ဟု သိရသည်။

ထို့ပြင် မြန်မာနိုင်ငံတွင် ကိုဗစ်၁၉ ကူးစက်မှုနှုန်းများလာသဖြင့် သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်တွင် ကျန်းမာရေးထောက်ခံချက် မပါဘဲဝင်ရောက်မည်ဆိုပါက Quarantine ထားရှိသွားမည်ဟု သိရသည်။

မြန်မာနိုင်ငံတွင် ကိုဗစ် -၁၉ ပိုးတွေ့လူနာ ( ၂၂၆၅) ဦး ၊ သေဆုံးသူ ( ၁၄) ဦး ရှိပြီးဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြချက် အရ သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article