ဆီဆိုင်မြို့ နယ် တွင် ရန်ကုန်မှ ပြန်လာသူ တဦးထံ ကိုဗစ်- ၁၉ ပိုးတွေ့

0

သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့ နယ် ဆိုင်ခေါင်ကျေးရွာတွင် ကိုဗစ် ၁၉ အတည်ပြုလူနာတဦးတွေ့ရှိကြောင်း စုံစမ်းသိရသည်။

ယနေ့ (စက်တင်ဘာ ၁၅) ည ၈နာရီတွင် ကိုဗစ်-၁၉ တွေ့ရှိသူ စုစုပေါင်း (၂၀၃) ဦး ထုတ်ပြန်ခဲ့ရာ၊ ထိုထဲတွင် ရန်ကုန်မှ သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ် ဆိုင်ခေါင်ကျေးရွာသို့ ပြန်လာသည့် သူ တစ်ဦးပါဝင်ကြောင်း သျှမ်းပြည်နယ်  ပြည်နယ် အထူးရောဂါ နှိမ်နင်းရေး လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဇဝနကို က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ဒီနေ့ ဆီဆိုင် ဆိုင်ခေါင် ကျေးရွာ က တဦးပါပါတယ်။ ပို့တွေ့လူနာကို မနက်ဖန် (စက်တင်ဘာ ၁၆)ရက် ကျရင်တောင်ကြီးစဝ်စံထွန်း ဆေးရုံကို လွှဲပြောင်းလာမယ်” ဟု ဒေါက်တာ ဇဝနကို က ပြောသည်။

၎င်းပိုးတွေ့ လူနာသည် စက်တင်ဘာ ၂ ရက်နေ့ ကရန်ကုန်မှတောင်ကြီးသို့ လိုင်းကားဖြင့် ရောက်ရှိလာခဲ့ပြီး၊ ထိုမှတဆင့် ဆီဆိုင်မြို့ ဆိုင်ခေါင်ကျေးရွာသို့ ပြန်လာကြောင်း၊ ၎င်းအိမ်၌ Quarantine ဝင်နေသူဖြစ်ကြောင်း ဒေါက်တာ ဇဝန ကို က ဆိုသည်။

“သူက အမျိုးသား အသက် (၅၃) နှစ် ရှိတယ်။ သူအိမ်မှာ မိသားစု ၃ယောက်ရှိတယ်။ ပိုးတွေ့လူနာနဲ့ အတူနေတဲ့သူကိုလည်း မနက်ဖြန် ခေါ်ပြီးဆေးစစ်မယ်။ ပိုးတွေ့လူနာကိုတော့ မနက်ဖြန် (စက်တင်ဘာ ၁၆) တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံ သို့လွှဲပြောင်းလာမယ်” ဟု ဒေါက်တာ ဇဝနကို ကပြောသည်။

လွန်ခဲ့သည့် ဇွန် (၉ ) ရက်တွင်လည်း ဆီဆိုင်မြို့နယ် ဆိုင်ခေါင် ကျေးရွာတွင် လူနာအမှတ် (၂၄၅) ရှိခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၁၅ ညနေ ၈နာရီ ကျန်းမားရေးနှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်အရ ကိုဗစ် ၁၉ အတည်ပြုလူနာ ၂၀၃ ထပ်မံ တွေ့ရှိရပြီး သေဆုံးသူ ၃ဦး တိုးလာကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ အတည်ပြုလူနာ (၃၅၀၂) ဦးရှိပြီး၊ သေဆုံးသူ ၃၅ဦး ထိရှိလာကြောင်း ယနေ့ည ထုတ်ပြန်ချက်အရ သိရသည်။

အလုပ်သင် သတင်းထောက် စိုင်းဆိုင်လှိုင်း ရေးသားသည်။

Leave a Comments

SHARE