CATEGORY

ကျန်းမာရေး

NUG လက်အောက်ခံဆေးတက္ကသိုလ်မှ ဘွဲ့လက်မှတ် ပြုလုပ်ပေးသူများ ဖမ်းဆီးခံရ

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ဆေးတက္ကသိုလ် (မန္တလေး)မှ ဘွဲ့လက်မှတ် Notary (သက်သေခံချက်) ပြုလုပ်ပေးသူများ ဖမ်းဆီးရမိကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။ မတ်လ ၄ ရက်တွင် ဒူဘိုင်းမြို့ရှိ The Data Flow Group Company မှ ကေဇင်ထွန်း၏ ပညာဆက်လက် သင်ကြားရန်...

ရွာငံ မင်းပလောင်မှ စစ်ရှောင်များ ရေရှားပါးမှုကြုံနေရပြီး အရေပြားရောဂါဖြစ်

သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မင်းပလောင်ရွာ စစ်ရှောင်များသည် ရေရှားပါးမှုနှင့် ကြုံနေရပြီး အရေပြားရောဂါ ဖြစ်ပွားနေကြသည်ဟု စုံစမ်းသိရှိရသည်။ မင်းပလောင်ကျေးရွာတွင် စစ်ရှောင် (၅၀၀)ကျော်ရှိပြီး နွေရာသီရောက်လာပြီဖြစ်၍ သောက်သုံးရေများရှားပါးလာကာ အရေပြားရောဂါကို အသက်(၁၀)နှစ်အောက် ကလေးများ အပါဝင် အသက်ကြီးပိုင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များ အဖြစ်များနေကြကြောင်း စစ်ရှောင်ကူညီနေသူများထံမှ သိရသည်။ “အရေပြားရောဂါ ဖြစ်နေတာကအယောက်( ၂၀၀)...

သျှမ်းပြည်တောင်ပိုင်း စစ်ရှောင်များအတွက် သန္ဓေတားဆေး ပြတ်လပ်မှုဖြစ်လာနိုင်

သျှမ်းပြည်တောင်ပိုင်းအတွင်း ရောက်ရှိနေသည့် စစ်ဘေးရှောင်များအတွက် ဆေးဝါးပြတ်လပ်မှု စတင်ကြုံတွေ့နေရပြီး အမျိုးသမီးများအတွက်လည်း အရေးပေါ် သန္ဓေတားဆေး ပြတ်လပ်မှု ဖြစ်လာနိုင်ကြောင်း သတင်းရရှိသည်။ လက်ရှိ ဆေးဝါးပြတ်လပ်နေသည့် စစ်ဘေးရှောင်စခန်းများမှာ ဆီဆိုင်၊ အင်းလေးဒေသ နှင့် သျှမ်း-ကရင်နီ နယ်စပ်တကြော ဖြစ်သည်။ “ကျမတို့ဆီမှာက ဆေးဝါးတွေကတော့ စပြတ်နေပြီ၊ အမျိုးသမီးတွေ အတွက်ကတော့ သန္ဓေတားဆေး...

“ ကျေးလက်ကျန်းမာရေးက ပျက်ယွင်းဆိုးရွားလာ”

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ယခင်ကတည်းကပျက်ယွင်းနေသော ကျန်းမာရေး စောင့်ရှောက်မှုနှင့် ပညာရေး ဝန်ဆောင်မှုသည် ပိုမိုဆိုးရွားလာသည်။  သျှမ်းပြည်တောင်ပိုင်း စစ်ရေးမဖြစ်ပွားသည့် ကွန်ဟိန်းမြို့နယ်နှင့် မိုင်းနောင်မြို့နယ် အတွင်းရှိ မြို့နှင့် ဝေးလံခေါင်ဖျားပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော ဒေသများတွင် ကျန်းမာရေး အသိပညာပေးမှု၊ ကျန်းမာရေး စောင့်ရှောက်မှုများမရရှိတော့ပေ။  ထို့ကြောင့် စစ်အာဏာသိမ်းပြီးနောက် သျှမ်းပြည်တောင်ပိုင်း ကျေးလက်ဒေသရှိ ကျန်းမာရေးနှင့်ပတ်သက်ပြီး...

ကျေးသီးမြို့နယ် ကျောက်မီးသွေး တူးဖော်မှုဒဏ်ကြောင့် ကလေးငယ်များ အရေးပြားရောဂါ စတင်ဖြစ်

သျှမ်းပြည် တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်း ကျောက်မီးသွေး အလွန်အကျွံ တူးဖော်မှုကြောင့် ကလေးငယ်များ အရေးပြားရောဂါ စတင်ဖြစ်ပွားလာကြောင်း စုံစမ်းသိရသည်။ ကျေးသီးမြို့နယ် ကျောက်မီးသွေးအလွန်အကျွံတူးဖော်မှုကြောင့် သစ်တောများပြုန်းတီးကာ ပတ်ဝန်းကျင်ညစ်ညမ်းခြင်း၊ ရေသန့်ရှင်းမှုမရှိခြင်းတို့ကြောင်း ကလေးငယ်များ အရေးပြားရောဂါ၊ ယားယံရောဂါများ စတင်ဖြစ်လာကြောင်း ကျေးလက်ကျန်းမာရေး ဆရာမ တစ်ဉီးက သျှမ်းသံတော်ဆင့် ကိုပြောသည်။ “ ကျေးသီးဘက်မှာက...

ဖယ်ခုံမြို့နယ်ရောက် စစ်ရှောင်များ ရာသီအကူးအပြောင်း ဖျားနာမှုဖြစ် ဆေးကုသရန်ခက်ခဲနေ

သျှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် လအိ ကျေးရွာဖက်ရှိ ဘန်ကောက်စစ်ရှောင်စခန်းတွင် စစ်ရှောင်အများစု အအေးမိခြင်းကြောင်း ဖျားနာမှုရှိနေကြောင်း စစ်ရှောင်ကူညီနေသူ ထံမှ သိရသည်။ လက်ရှိအချိန်သည် ရာသီအကူးပြောင်းကာလဖြစ်သဖြင့် အအေးမိဖျားနာခြင်း၊ ငှက်ဖျားရောဂါနှင့် အရေပြားရောဂါများ အဖြစ်များနေပြီး စစ်ကောင်စီဘက်မှ ဆေးဝါးများနှင့် စားသောက်ကုန် တင်သွင်းခွင့် ပိတ်ထားတာကြောင့် ဆေးကုသရန်ခက်ခဲနေကြောင်း စစ်ရှောင် ကူညီနေသည့်...

အင်းလေးတွင် သောက်ရေသုံးရေ မသန့်ရှင်း၊ ကလေးငယ်များ အရေပြားယားယံဖြစ်ပွား

သျှမ်းပြည်တောင်ပိုင်း အင်းလေးဒေသတွင် မိုးသည်းထန်စွာရွာသွန်းပြီးနောက်တွင် ရေဘေးရှောင်ပြည်သူများ သောက်ရေသုံးရေ မသန့်ရှင်းမှုကြောင့် ကလေး၊လူငယ်များ အရေပြားယားယံခြင်းတွေ ဖြစ်ပွားနေသည်ဟု စုံစမ်းသိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၁၁ ရက်မှစပြီး အင်းလေးဒေသဘက်တွင် စံချိန်တင် ရေမြင့်တက်လာပြီး ကျေးရွာအများပြား ရေနစ်မြုပ်ကာ ဒေသခံပြည်သူအများပြား ရေဘေးသင့်နေကြသည်။ ထိုသို့ ရေကြီးရေလျှံမှုကြောင့် သောက်သုံးရေများပြတ်လတ်ကာ မိုးရေခံထားသည့်ရေ၊အင်းကန်ကရေများကို သောက်သုံးရေအတွက်...

မိုင်းတုံမြို့ သွေးလွန်တုပ်ကွေး ဖြစ်ပွားသူများ သေဆုံးသူရှိလာ

သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့တွင် ရေကြီး၊ ရေလျှံမှုများဖြစ်ပြီးနောက်ပိုင်း သွေးလွန်တုပ်ကွေး ကူးစက်ခံရသူများပြီး သေဆုံးသည့်အထိရှိကြောင်း စုံစမ်းသိရသည်။ မိုင်းတုံမြို့တွင် လူကြီး၊လူငယ်မရွေး သွေးလွန်တုပ်ကွေး အဖြစ်များနေသည့်အတွက် ဆေးရုံ/ ဆေးခန်း များတွင် လူနာများပြည့်နေကာ ကျန်းမာရေး စောင့်ရှောက်မှုအတွက် အခက်အခဲ ရှိနေကြောင်း သိရသည်။ (စက်တင်ဘာလ တတိယ)ပတ်တွင် ယာဉ်မောင်းသူ အမျိုးသားတစ်ဦးသည် သွေး...

မျောက်ကျောက်ရောဂါ ထိုင်းနိုင်ငံအထိ ကူးစက်ပျံ့နှံ့လာ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ပြည်သူ့ကျန်းမာရေး ကမ္ဘာ့အရေးပေါ် အခြေအနေ ကြေညာထားသည့် မျောက်ကျောက်ရောဂါ (Monkey Pox) ဖြစ်ပွားမှုသည် ထိုင်းနိုင်ငံအထိ ကူးစက်ပျံ့နှံ့လာသည်ဟု ထိုင်းကျန်းမာရေးဝန်ကြီးဌာနက (ဩဂုတ်လ ၂၁ ရက်)တွင် ထုတ်ပြန်ကြေညာထားသည်။ အာဖရိကတိုက် ကွန်ကိုနိုင်ငံက ပြန်လာသည့် အသက် (၆၀)နှစ်အရွယ် ထိုင်းနိုင်ငံသားတစ်ဦးတွင် Mpox ရောဂါ...

ပင်လောင်းစစ်ရှောင် တွေ ဝမ်းပျက်ဝမ်းလျော ဖြစ်ပြီး သေဆုံးမှုများရှိနေ

သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် အတွင်းရောက်ရှိနေသည့် စစ်ဘေးရှောင်များသည် ဝမ်းပျက်ဝမ်းလျောဖြစ်ပြီး အသက်သေဆုံးမှုရှိနေသော်လည်း ငှက်ပျောအူ ဆန်ပြုတ်ဖြင့် ဖြေရှင်းနေရကြောင်း စုံစမ်းသိရသည်။ ဇူလိုင် လလယ်မှ စတင်ပြီး မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ပင်လောင်းမြို့နယ် ဆောင်းပြောင်း စစ်ဘေးရှောင်စခန်းတွင် ဝမ်းပျက်ဝမ်းလျောရောဂါကို စတင်ကြုံလာရပြီး စစ်ဘေးရှောင် (၆)ဦး အသက်ဆုံးရှုံးသည့်အထိ ဖြစ်နေကြောင်း စစ်ရှောင်ကူညီနေသူ...

Latest news