NUG လက်အောက်ခံဆေးတက္ကသိုလ်မှ ဘွဲ့လက်မှတ် ပြုလုပ်ပေးသူများ ဖမ်းဆီးခံရ

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ဆေးတက္ကသိုလ် (မန္တလေး)မှ ဘွဲ့လက်မှတ် Notary (သက်သေခံချက်) ပြုလုပ်ပေးသူများ ဖမ်းဆီးရမိကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။

မတ်လ ၄ ရက်တွင် ဒူဘိုင်းမြို့ရှိ The Data Flow Group Company မှ ကေဇင်ထွန်း၏ ပညာဆက်လက် သင်ကြားရန် လျှောက်ထားမှုနှင် ပတ်သက်၍ သံသယရှိသဖြင့် ယာယီဆေးပညာဘွဲ့လက်မှတ်အား အတည်ပြုပေးနိုင်ရန် မြန်မာနိုင်ငံရှိ ဆေးတက္ကသိုလ် (မန္တလေး) သို့ အကြောင်းကြားလာခဲ့သည်ဟု ထုတ်ပြန်၌ ဖော်ပြသည်။

ထိုသို့ အကြောင်းကြားပြီး စိစစ်ခဲ့ရာ NUG လက်အောက်ခံ ဆေးတက္ကသိုလ် (မန္တလေး) မှ ထုတ်ပေးသည့် ယာယီဆေးပညာဘွဲ့လက်မှတ် (အတု) ဖြစ်နေကြောင်း ဆိုသည်။

ကေဇင်ထွန်းသည် ၂၀၁၁ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ဆေးတက္ကသိုလ် (မန္တလေး)၌ ပညာသင်ကြားခဲ့ပြီး ကလေးဆေးရုံကြီး (မန္တလေး) နှင့် မန္တလေးဗဟိုအမျိုးသမီး ဆေးရုံကြီးတို့တွင် အလုပ်သင်ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

၂၀၂၀ ခုနှစ်တွင် ဆေးတက္ကသိုလ် (မန္တလေး) မှ ဆေးပညာဘွဲ့ လက်မှတ်ရရှိခဲ့ပြီး ဆက်လက်ဝာာဝန် ထမ်းဆောင်ခဲ့ခြင်းမရှိဘဲ ပြည်ပသို့ တရားမဝင်ထွက်သွားခဲ့ပြီး ၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် NUG လက်အောက်ခံ တရားမဝင် ဆေးတက္ကသိုလ် (မန္တလေး)မှ ပေးအပ်သော ဘွဲ့လက်မှတ်ဖြင့် ဒူဘိုင်းမြို့တွင် ဆက်လက်ပညာသင်ရန် တရားမဝင်လျှောက်ထားခဲ့ကြောင်း စစ်ကောင်စီက ဆိုသည်။

NUG လက်အောက်ခံမှ ဆေးတက္ကသိုလ်လက်မှတ်

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ယာယီဆေးပညာဘွဲ့လက်မှတ်များ ပြုလုပ်ပေးခဲ့သည်ဟုဆိုကာ ကျောက်တံတားမြို့နယ် ရွှေပြည်အောင် Notary ဆိုင်ပိုင်ရှင် ရှေ့နေလှဝင်း၊ လပြည့်ဝန်း Notary ဆိုင်ပိုင်ရှင် ဇာနည်လွင် (ခ) လပြည့်နှင့် နိုင်ငံခြားရေးဝန်းကြီးဌာန၊ ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာန၊ Notary ဌာနစိတ် (ရန်ကုန်)မှ ဒုတိယညွှန်ကြားရေးမှူး အောင်ကျော်မိုးတို့ ၃ ဦးကို မတ်လ ၅ ရက်တွင် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ဆိုသည်။

ထို့ပြင် Notary ဌာနစိတ် (ရန်ကုန်)မှ ရုံးအုပ်များဖြစ်ကြသော နိုင်နိုင်လတ်နှင့် မောင်မောင်ချစ်စန်းဦး၊ ကျောက်တံတားမြို့နယ်ရှိ အောင် Notary ဆိုင်ပိုင်ရှင် အေးသီတာနှင့် ဆိပ်ကြီးခနောင်တိုမြို့နယ်ရှိ Angel Online Notary Service လုပ်ကိုင်သူ အိလဲ့လဲ့ထွန်းတို့ ၄ ဦးကို မတ်လ ၆ ရက်တွင် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။

အလားတူ ကေဇင်ထွန်းကို Black List (အမည်မည်းစာရင်း) ရေးသွင်း၍ ဖော်ထုတ်ဖမ်းဆီးကာ အရေးယူသွားမည်ဖြစ်သကဲ့သို့ ထွက်ပြေးတိမ်းရှောင်နေသူ ပွဲစား ခိုင်ခိုင်ကိုလည်း ရေးယူဆောင်ရွက်သွားမည်ဟု စစ်ကောင်စီ၏ ထုတ်ပြန်ချက်၌ ဖော်ပြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း စားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

၂၀၂၆ နဲ့ ၂၀၁၀ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုက ဘာတွေကွာခြားလဲ

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်ပေါ်ပေါက်လာပြီးနောက် စစ်ကော်မရှင်ဘက်က စစ်ယူနီဖောင်းချွတ် စစ်အစိုးရ အသွင်ပြောင်းလဲကာ အများမျှော်လင့်ထားသည့်အတိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်လာသည်။ အလားတူ တော်လှန်ရေးကို အရှိန်အဟုန် မြှင့်တင်၍ အမြန်ဆုံး အောင်ပွဲရယူနိုင်ရန် “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” ကို ဖွဲ့စည်းပြီး နိုင်ငံရေးဦးတည်ချက် (၆)...

စေ့စပ်ဆွေးနွေးရေး ဖြစ်လာခဲ့ရင် NUG ကျန်နေခဲ့မှာလား

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်ပေါ်ပေါက်လာပြီးနောက် စစ်ယူနီဖောင်းချွတ် အစိုးရအသွင်ပြောင်းရန် စစ်ကော်မရှင်ဘက်က လုပ်ဆောင်နေစဉ် တော်လှန်ရေးကို အရှိန်အဟုန် မြှင့်တင်၍ အမြန်ဆုံး အောင်ပွဲရယူနိုင်ရန် “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” ကို ဖွဲ့စည်းလိုက်ကြောင်း မတ်လ (၃၀) ရက်တွင် NUG မှ ထုတ်ပြန်ကြေညာခဲ့သည်။ အမျိုးသားညီညွတ်ရေးအစိုးရ...

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...