CATEGORY

ကျန်းမာရေး

ပင်လောင်းမြို့နယ် ကျောင်းတက်သူ ပိုများလာ

သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်တွင် ကိုဗစ် - ၁၉ ပိုးတွေ့လူနာ မရှိတော့သဖြင့် ယခင်ထက် ကျောင်းတက်သည့် ကလေးများ ပိုမိုများပြားလာကြောင်း စုံစမ်းသိရှိရသည်။ “ပင်လောင်းမြို့မှာက ကိုဗစ် ၁၉ ပိုးတွေ့လူနာ မရှိတော့ဘူး။ မြို့ပေါ်မှာရော ကျေးရွာတွေမှာရော ကိုဗစ် မရှိတော့ဘူး။ အခုက ကျောင်းတက်တဲ့ ကလေးတွေက အရမ်းများပါတယ်”...

ကျိုင်းတုံမြို့နယ် လွိုင်မွေ ချယ်ရီပွဲတော်ကြောင့် ကိုဗစ်လူနာ ထပ်တိုးလာမည်ကို ဒေသခံများစိုးရိမ်

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်တွင် ပြုလုပ်မည့် လွိုင်မွေ ချယ်ရီပွဲတော်ကြောင့် ကိုဗစ် - ၁၉ ပိုးတွေ့လူနာ ထပ်တိုးလာမည်ကို ဒေသခံများက စိုးရိမ်နေကြောင်း စုံစမ်းသိရှိရသည်။ ကျိုင်းတုံမြို့ လွိုင်မွေ ချယ်ရီပွဲတော်ကို ယနေ့ ဇန်နဝါရီ (၆) ရက်နေ့မှ (၁၀) ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ပွဲတော်လာမည့်သူများပြားပါက ကိုဗစ်...

ကျောက်မဲစျေးများ ပုံမှန်ပြန်လည်ဖွင့်လှစ်

သျှမ်းမြောက် ကျောက်မဲမြို့အတွင်းရှိ ဗဟိုစျေး၊ မင်္ဂလာစျေး၊ ညနေစျေးတို့အား ယမန်နေ့ (ဒီဇင်ဘာ ၂၂ ရက်) မှစပြီး ပုံမှန် ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သတင်းသိရသည်။ ကျောက်မဲ ဗဟိုစျေးကို ယခင်က စျေးတောင်ဘက်နှင့် မြောက်ဘက်ကို အလှည့်ကျ ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ယနေ့မှ ပုံမှန်ပြန်လည်ဖွင့်လှစ်လိုက်တာဖြစ်ကြောင်း သိရသည်။ “စျေးတွေကို ပုံမှန် ပြန်ဖွင့်ပေးတော့...

မိုင်းဆတ်မြို့ ကိုဗစ်လူနာများအား ဆရာဝန် ဂရုစိုက် ကုသပေးမှုမရှိ

သျှမ်းပြည် အရှေ့ပိုင်း မိုင်းဆတ်မြို့တွင် ကိုဗစ် - ၁၉ ကူးစက်ခံရသည့် လူနာများကို ဆရာဝန်များက ကောင်းမွန်စွာ ဆေးကုသပေးခြင်းမရှိသည့်အပြင် လာရောက်ကြည့်ရှုပေးခြင်းလည်း မရှိကြောင်း စုံစမ်းသိရသည်။ မိုင်းဆတ်မြို့ရှိ ရွှေမဟာ ကွာရန်တင်းစင်တာတွင် ကွာရန်တင်းဝင်နေသည့် ဟိုနားကျေးရွာမှ ကိုဗစ် လူနာများကို ဆရာဝန်များက လာရောက်ကြည့်ရှုစစ်ဆေးပေးမှုနှင့် ကုသပေးမှုများ မရှိကြောင်း...

အင်းလေး ရေပေါ်စျေး ပြန်ဖွင့်မည်

သျှမ်းတောင် ညောင်ရွှေမြို့နယ် အင်းလေးဒေသရှိ ရေပေါ်စျေးအား ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ကိုဗစ်စည်းကမ်းနှင့်အညီ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း သတင်းသိရသည်။ အင်းလေးဒေသ ဟဲယာရွာမရှိ ရေပေါ်စျေး ပြန်လည်ဖွင့်လှစ်ပါက ဒေသခံများတွက် အကျိုးရှိသော်လည်း ကိုဗစ်ကူးစက်မှု မြင့်တက်လာမှာကိုတော့ စိုးရိမ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “ဒေသခံတွေအတွက်က အကျိုးရှိပါတယ်၊ ဒါပေမယ့် ရေပေါ်စျေးက ဒေသခံတွေပဲ...

တာချီလတ်မြို့ Stay at home ပယ်ဖျက်ပြီးနောက် ကိုဗစ် – ၁၉ ကြောင့် သေဆုံးသူများရှိနေ

သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် Stay at home ပယ်ဖျက်ပြီးနောက် ကိုဗစ် ၁၉ ကြောင့် သေဆုံးသူများ ရှိနေကြောင်း စုံစမ်းသိရှိရသည်။ တာချီလိတ်မြို့တွင် Stay at home ပယ်ဖျက်ပြီးနောက် သေဆုံးသူ (၃) ဦးအထက် ရှိနေပြီးဖြစ်ကြောင်း သိရသည်။ “သေဆုံးနေတာတော့ ရှိတယ်။ တစ်ရက်ခြားပြီး...

မိုင်းဆတ်မြို့ ကိုဗစ် – ၁၉ လူနာ တစ်ဦး သိန်း (၂၀)ကျပ် ပေးဆောင်ရ

သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့တွင် ကိုဗစ် - ၁၉ ပိုးကူးစက်သူများ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့ဆေးရုံတွင် ဆေးသွားကုသရာ တစ်ဦးကို သိန်း (၂၀)ကျပ် ပေးဆောင်ရကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ မိုင်းဆတ်ပြည်သူ့ဆေးရုံတွင် သာမန် ကိုဗစ် - ၁၉ ကုသနည်းဖြင့်ကုသပေးရာတွင်လည်း တစ်ဦးကို သိန်း (၂၀) အထက်...

ကွတ်ခိုင် မြို့နယ်ဆေးရုံအုပ် သေနတ်ပစ်သတ်ခံရ

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ဆေးရုံအုပ် ဒေါက်တာ ဒေါ်ဝင့်ဝင့်မြိုင်သည် ယမန်နေ့ (ဒီဇင်ဘာ ၁၄ )ရက် ည ၇ နာရီဝန်းကျင်တွင် သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ ည ၇ နာရီဝန်းကျင် တာမိုးညဲ မုံးစီးဘက် ကာကွယ်ဆေးထိုးပြီး အပြန်လမ်း၌ အမည်မသိ လက်နက်ကိုင်က...

တာချီလိတ် လော့ဒေါင်း ပြန်ဖွင့်ပေး

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် Stay at home နှင့် လော့ဒေါင်းများ အားလုံးကို ပြန်လည်ဖွင့်ပေးလိုက်ပြီ ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ ဒီဇင်ဘာ ၁၂ ရက်နေ့တွင် တာချီလိတ်မြို့ Stay at home ကို ပယ်ဖျက်ပေးလိုက်ပြီး ယမန်နေ့ ဒီဇင်ဘာ ၁၃ ရက်တွင် မြို့ဝင်မြို့ထွက်...

လင်းခေးမြို့နယ်ရှိ ကျေးရွာများ ကိုဗစ်ကူးစက်မှု မြင့်တက်

သျှမ်းတောင် လင်းခေးမြို့နယ်အတွင်းရှိ တချို့ကျေးရွာများတွင် ကိုဗစ်ကူးစက်မှု မြင့်တက်နေကြောင်း သတင်းသိရသည်။ လင်းခေးမြို့ပေါ်ရပ်ကွက်များတွင် ကိုဗစ်ကူးစက်မှု လျော့ကျသော်လည်း ကျေးရွာများတွင် အစုလိုက် အပြုံလိုက် ကိုဗစ်ကူးစက်မှု ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။ “ဝမ်စလောင်းတို့ နားကုံး ရွာတို့ဘက်မှာ ကူးတာများတယ်။ ပြီးခဲ့တဲ့ လကုန်ပိုင်းလောက်မှာ ပိုးတွေ့တာ အရမ်းမြင့်တက်လာတယ်။ မြို့ပေါ်တော့ နည်းတယ်။...

Latest news