Tuesday, January 27, 2026

မိုင်းဆတ်မြို့ ကိုဗစ်လူနာများအား ဆရာဝန် ဂရုစိုက် ကုသပေးမှုမရှိ

သျှမ်းပြည် အရှေ့ပိုင်း မိုင်းဆတ်မြို့တွင် ကိုဗစ် – ၁၉ ကူးစက်ခံရသည့် လူနာများကို ဆရာဝန်များက ကောင်းမွန်စွာ ဆေးကုသပေးခြင်းမရှိသည့်အပြင် လာရောက်ကြည့်ရှုပေးခြင်းလည်း မရှိကြောင်း စုံစမ်းသိရသည်။

မိုင်းဆတ်မြို့ရှိ ရွှေမဟာ ကွာရန်တင်းစင်တာတွင် ကွာရန်တင်းဝင်နေသည့် ဟိုနားကျေးရွာမှ ကိုဗစ် လူနာများကို ဆရာဝန်များက လာရောက်ကြည့်ရှုစစ်ဆေးပေးမှုနှင့် ကုသပေးမှုများ မရှိကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ ကျနော်တို့ရွာ (ဟိုနားကျေးရွာ)ကို ကိုဗစ်လာစစ်တယ်၊ သေနတ်ကိုင်ထားတဲ့ ရဲတွေလည်း လိုက်လာတယ်၊ နှာခေါင်းထဲကို ထိုးပြီးစစ်တဲ့ဟာပေါ့၊ အဲ့လိုမျိုးဆိုတော့ တချို့ရွာသားတွေက ကြောက်ပြီး တောထဲကို ပြေးပုန်းတာရှိတယ်၊ အစစ်ခံရတဲ့ ၁၇ ယောက်က ကိုဗစ်ရှိတယ်ဆိုပြီး အခု ရွှေမဟာမှာ ကွာရန်တင်း ဝင်နေရတယ်” ဟု ဟိုနားကျေးရွာမှ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ဟိုနားကျေးရွာမှ ကိုဗစ် – ၁၉ စစ်ဆေးတွေ့ရှိသည်ဟု ဆိုသည့် ရွာသား ၁၇ ဦးကို မိုင်းဆတ်မြို့ရှိ ရွှေမဟာ ကွာရန်တင်းစင်တာသို့ ပို့ဆောင်ထားပြီး ကျန်ရှိသည့် မိသားစုဝင်များက ထမင်းဟင်းနှင့် သောက်သုံးရန် ရေ၊ ဆေးဝါးများကို နေ့စဥ် ပို့ဆောင်ပေးရကြောင်း သတင်းသိရသည်။

“ကွာရန်တင်းစင်တာဝင်နေတဲ့သူတွေကို ရွာမှာရှိနေတဲ့ မိသားစုဝင်က ကျနော်တို့ကနေ စားဖို့သောက်ဖို့ ဆေးဝါးကအစ အရာရာပို့ပေးနေရတယ်၊ ပြောချင်တာက ဆရာဝန်တွေက ဘာမှ လာမကြည့်ပေးဘူး၊ ကွာရန်တင်းဝင်နေ တယ်ဆိုလည်း ဒီတိုင်းပဲ ပစ်ထားလိုက်တာ” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

ရွှေမဟာ၌ ကွာရန်တင်းဝင်နေသည့် ဟိုနားကျေးရွာမှ အသက် ၆၀ ကျော်အရွယ် အဖွားအိုတစ်ဦးသည် သားသမီး မရှိ တစ်ကိုယ်တည်းနေထိုင်သည့် လက်လုပ်လက်စားဘဝသမားဖြစ်ရာ ၎င်းကွာရန်တင်းဝင်ရချိန်တွင် စားရေး သောက်ရေးအတွက် နီးစပ်ရာ ကွာရန်တင်းဝင်နေသူအချင်းချင်းက ဝေမျှစားသောက်နေရသည်ဟုလည်း သတင်း သိရသည်။

“အဘွားတယောက်ဆိုရင် ရွာထဲမှာ နွားကျောင်းရင်းနဲ့ တစ်နေ့လုပ်တစ်နေ့စားပေါ့၊ သားသမီးမြေးမြစ်မရှိ၊ အခု သူ ကွာရန်းတင်း ဝင်နေရတော့ စားဖို့သောက်ဖို့ လာပို့သူမရှိဘူး၊ အချင်းချင်းဝေမျှပြီး စားသောက်နေရတယ်” ဟု ဟိုနားကျေးရွာမှ အမည်မဖော်လိုသည့် အမျိုးသမီးတစ်ဦးကလည်း ပြောသည်။

လက်ရှိတွင် ရွှေမဟာ ကွာရန်တင်းစင်တာတွင် ကွာရန်တင်းဝင်နေသည့် ဟိုနားကျေးရွာမှ ရွာသား ၁၇ ဦးမှာ အသက် ၆၀ ကျော် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးအပြင် အသက် ၁၀ နှစ် မပြည့်သေးသည့် ကလေးငယ် ၂ ဦးလည်း ပါဝင်ကြောင်း သိရသည်။

ကိုဗစ် ရှိကြောင်း စစ်ဆေးပြီး ဆရာဝန်တို့၏ ညွှန်ကြားချက်အရ ကွာရန်တင်းဝင်နေရသော်လည်း မည်သည့် ကုသစောင့်ရှောက်မှုမှ မရသည့်အပြင် စားရေးသောက်ရေးလည်း ခက်ခဲနေသည့်အတွက် ပြည်သူများအနေဖြင့် များစွာခက်ခဲနေကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်က မိုင်းဆတ်မြို့နယ်အတွင်းမှ ကိုဗစ် – ၁၉ ပိုးကူးစက်သူများသည် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့ဆေးရုံသို့ ဆေးသွားကုသရာ တစ်ဦးကို သိန်း (၂၀)ကျပ် ပေးဆောင်ရကြောင်းလည်း စုံစမ်းသိရှိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းဆတ်မြို့နယ် ရာအိမ်မှူးကို ရဲနှင့် အုပ်ချုပ်ရေးမှူးတို့ ဖမ်းဆီးခေါ်ဆောင်သွား

0
သျှမ်းပြည် မိုင်းဆတ်မြို့နယ်တွင် အစည်းဝေးလုပ်ရန် လူမစုပေးသည့်အတွက် ရာအိမ်မှူးတစ်ဦးကို ရဲများက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် မိုင်းဆတ်မြို့နယ်တွင် ဝိုင်းနေရပ်ကွင်တွင် ဧပြီလ ၁၁ ရက်အတွက် အစည်းဝေးလုပ်ရန် လူမစု ပေးသည့် အတွက်ကြောင့် ရာအိမ်မှုးတစ်ဦးကို ယမန့် ( ဧပြီ ၁၁)ရက်တွင် ရဲ...

ထိုင်းနယ်စပ်သွားမည့်ကားများ စစ်ဆေးမှုတင်းကြပ် ခရီးသည်နည်းပါးလာ

0
သျှမ်းပြည် တောင်ပိုင်း မှ ထိုင်းနယ်စပ် တာချီလိတ်သို့ သွားသည့် လမ်းပိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ဆေးမှု တင်းကြပ်လာပြီး ခရီးသည်များ နည်းပါးလာကြောင်း ကားသမားများထံ စုံစမ်းသိရသည်။ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်မှု၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ တပ်သားသစ် စုဆောင်းမှုများကြောင့် ထိုင်းနယ်စပ် တာချီလိတ်မြို့ လမ်းကြောတလျောက်တွင် စစ်ဆေးမှုတင်းကြပ်လာပြီး၊...

မိုင်းဆတ်မြို့နယ် အွန်လိုင်းငွေလိမ်ဂိုဏ်း အများအပြား “ဝ” တပ်ဖွဲ့ ဝင်ရောက် စီးနင်းဖမ်း

0
သျှမ်းပြည် မိုင်းဆတ်ခရိုင် မိုင်းယွင်း ကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ်ဂိုဏ်းများနေထိုင် အလုပ်လုပ်သည့် နေရာကို “ ဝ”တပ်ဖွဲ့ က ဝင်ရောက်စီးနင်းပြီး ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။ အဆိုပါ ဖြစ်စဥ်သည် အောက်တိုဘာ ၁၄ ရက် နံနက် ၃ နာရီဝန်းကျင်တွင် မိုင်းဆတ်မြို့နယ် မိုင်းယွင်းကျေးရွာအုပ်စု ပိန်းခမ်းရွာအတွင်း အွန်လိုင်းဖြင့်...

မျှော်ပေမယ့် ဖြစ်မလာတဲ့ တာချီလိတ်နယ်စပ်ဂိတ်

0
“နယ်စပ်ဂိတ် ပြန်ဖွင့်တော့မယ်” ဆိုတဲ့ သတင်းတွေဟာ နယ်စပ်ကို အမှီပြုပြီး ရောင်းဝယ်ရေး လုပ်နေကြတဲ့ ပြည်သူတွေအနေနဲ့ မျှော်လင့်စောင့်စားနေကြရတာ ဖြစ်သလို မကြာခဏလည်း ကြားရတတ်တဲ့ သတင်းတွေလည်း ဖြစ်နေပါတယ်။ ဒါပေမယ့် မကြာခဏ သတင်းကြားရတဲ့ အတိုင်း မကြာခဏလည်း မျှော်လင့်ချက်တွေ ရိုက်ချိုးခံရတဲ့ နယ်စပ်သတင်းတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ...

မြန်မာ-တရုတ် မန့်ဝိန်း-ကျယ်ဂေါင်နယ်စပ်ဂိတ် အကန့်အသတ်ဖြင့် ဖွင့်

0
ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ၃နှစ်နီးပါး ပိတ်ထားသည့် မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း-ဂျယ်ဂေါင်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံဘက်မှ ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သတင်းရရှိသည်။ မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း- ဂျယ်ဂေါင် နယ်စပ်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက် ၇ နာရီတွင်...