ကျောက်မဲစျေးများ ပုံမှန်ပြန်လည်ဖွင့်လှစ်

သျှမ်းမြောက် ကျောက်မဲမြို့အတွင်းရှိ ဗဟိုစျေး၊ မင်္ဂလာစျေး၊ ညနေစျေးတို့အား ယမန်နေ့ (ဒီဇင်ဘာ ၂၂ ရက်) မှစပြီး ပုံမှန် ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သတင်းသိရသည်။

ကျောက်မဲ ဗဟိုစျေးကို ယခင်က စျေးတောင်ဘက်နှင့် မြောက်ဘက်ကို အလှည့်ကျ ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ယနေ့မှ ပုံမှန်ပြန်လည်ဖွင့်လှစ်လိုက်တာဖြစ်ကြောင်း သိရသည်။

“စျေးတွေကို ပုံမှန် ပြန်ဖွင့်ပေးတော့ ကောင်းတာပေါ့၊ စျေးရောင်းတဲ့သူတွေအတွက် အားရှိလာတယ်၊ နေ့တိုင်းမဖွင့်ရတော့ စျေးရောင်းသူဘဝက ခက်ခဲတယ်၊ တစ်ရက်ရောင်းမှ တစ်ရက်စားရတဲ့သူတွေ များတယ်၊ ခုလို ပြန်ဖွင့်ပေးတော့ ပိုပြီးအဆင်ပြေတာပေါ့” ဟု ဗဟိုစျေးအတွင်းမှ စျေးရောင်းသူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဗဟိုစျေးအပြင် မင်္ဂလာစျေးနှင့် ညနေစျေးတို့ကိုလည်း ယခင်အတိုင်း ပုံမှန် ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါစျေးများအတွင်း ဖွင့်လှစ်ရောင်းချသူများ၊‌ စျေးအကူများ၊ ဆိုင်ခန်းပိုင်ရှင်များသည် ကိုဗစ် – ၁၉ ကာကွယ်ဆေး ၂ ကြိမ် ထိုးနှံပြီးသူများကိုသာ စျေးရောင်းချခွင့်ပြုကြောင်း စျေးရောင်းသူများထံမှ သိရသည်။

အဆိုပါ စျေးများအားလုံး ပြန်လည်ဖွင့်လှစ်လိုက်သည့်အတွက် ကိုဗစ်ကူးစက်မှုကိုလည်း ပိုပြီး သတိထားသင့်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“တော်တော်များများက ကိုဗစ်ကာကွယ်ဆေးတွေ သွားထိုးကြပါတယ်၊ ၂ ကြိမ်ထိုးပြီးတဲ့သူကိုပဲ စျေးရောင်းခွင့်ပြုတာ၊ ဒါပေမယ့် ကာကွယ်ဆေး ထိုးပြီး ကိုဗစ် ကူးတာတွေ ရှိနေသေးတယ်၊ လုံးဝ မကူးတာမဟုတ်ဘူး၊ အဲ့တာကို သတိထားသင့်တယ်၊ မပေါ့ဆသင့်ဘူး” ဟု အသက် ၃၀ အရွယ် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ကျောက်မဲမြို့နယ်အတွင်း ဒီဇင်ဘာ ၂၁ရက် အထိ ကိုဗစ်ကူးစက်လူနာ (၁၈၈၄) ဦး ရှိပြီး သေဆုံးလူနာ (၁၀၇)ဦးနှင့် လက်ရှိဆေးကုသဆဲ (၃)ဦး ရှိနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

လယ်ကွင်းများထဲ ရွှေတူးဖော်နေသော ညီနောင်တပ်ဖွဲ့များ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ဘက်ဖိုး စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။ မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ယခင်က စိမ်းလန်းခဲ့သည့် လယ်ကွင်းများသည် လက်ရှိတွင် တောင်တန်းကဲ့သို့ မြင့်မားသည့် မြေစာပုံကြီးများအဖြစ် ပြောင်းလဲနေပြီး ဘက်ဖိုးစက်ယန္တရားများဖြင့် နေ့ညမပြတ် ရွှေတူးဖော်နေကြောင်း မိုင်းငေါ့ဒေသခံ နန်းခမ်း (အမည်လွဲ)...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...