Wednesday, January 28, 2026

CATEGORY

ကျန်းမာရေး

စစ်ကောင်စီဖွင့် စာသင်ကျောင်းများ ကိုဗစ်ကူးစက်ခံရမှု တဟုန်ထိုး မြင့်တက်လာ

သျှမ်းပြည်တွင်း မြို့နယ်အများစုရှိ စစ်ကောင်စီဖွင့်လှစ်ထားသည့် စာသင်ကျောင်းများကို ကိုဗစ်ကူးစက်ခံရမှု တဟုန်ထိုး မြင့်တက်လာကြောင်း သတင်းသိရသည်။ ယနေ့ (ဖေဖော်ဝါရီ ၁၈)ရက် ကျောက်မဲမြို့ အမှတ် (၄) အခြေခံအထက်တန်းကျောင်းတွင် ကိုဗစ်ကူးစက်မှု ၁၃ ဦး တွေ့ရှိခဲ့ပြီး ယခုရက်ပိုင်း ကိုဗစ်ပိုးတွေ့ရှိသူများထဲတွင် ကာကွယ်ဆေး ထိုးထားသူများ၊ ကျောင်းသား/သူနှင့် ကျောင်းဆရာမများလည်း...

ကျောက်မဲ စစ်ရှောင်စခန်းမှ ၃ ဦး ကိုဗစ်ပိုးတွေ့

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ် စစ်ရှောင် ၃ ဦး ကိုဗစ်ပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။ ယမန်နေ့ ဖေဖော်ဝါရီ ၁၆ ရက်တွင် ကျောက်မဲမြို့ ရပ်ကွက် ၈ ရှိ သန္ဓိသုခ ဓမ္မာရုံတွင် ရောက်ရှိခိုလှုံနေသည့် စစ်ရှောင်များထဲမှ စစ်ရှောင် ၃ ဦး ကိုဗစ်ကူးစက်ခံရကြောင်း...

သျှမ်းပြည်အတွင်း ကိုဗစ် – ၁၉ ဖြစ်သူများ မြင့်တက်နေ

သျှမ်းပြည် မြို့တော်တောင်ကြီး နှင့် လားရှိုးမြို့တို့တွင် ယခုရက်ပိုင်းအတွင်း ကိုဗစ် - ၁၉မျိုးကွဲဖြစ်သည့် အိုမီခရွန် ဖြစ်သူများ မြင့်တက်လာကြောင်း ဒေသတွင်း သတင်းအရ သိရသည်။ ဖေဖော်ဝါရီလ ၁၄ ရက်တွင် အပြင်ထွက် သွားလာသူများပြားသည့် လားရှိုးမြို့တွင် အိုမီခရွန် ရောဂါပိုး ကူးစက်ခံရသူ ၁၈ ဦး...

မူဆယ် (၁၀၅)မိုင် ကုန်ကားသမား(၉) ဦးထံ ကိုဗစ်တွေ့

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် (၁၀၅) မိုင် ရွှေမိုင်းယုကျန်းမာရေး စစ်ဆေးရေးဂိတ်မှာ ကုန်တင်ကားကြီးမောင်းသူထံမှ ကိုဗစ် -၁၉ ပိုး (၉) ဦးတွေ့ရှိကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီ ၁၄) ရက်တွင် ကုန်တင်ယာဉ်မောင်း (၅) ဦး နှင့် ယာဉ်နောက်လိုက် (၄) ဦး နှင့်...

PNLO/PNLA မှ ကရင်နီစစ်ဘေးရှောင်များကို ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးနေ

သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီးကျေးရွာအတွင်း ရောက်ရှိလာသည့် ကရင်နီပြည်ဘက်မှ စစ်ဘေးရှောင်များကို PNLO/PNLA က ကျန်းမာရေးစောင့်ရှောက်မှုပေးနေကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းမှ စတင်ပြီး ကရင်နီပြည်ဘက်မှ ကဒူးကြီးကျေးရွာဘက်သို့ စစ်ရှောင်ရောက်ရှိ လာသည့် စစ်ဘေးရှောင်များကို PNLO မှ ကျန်းမာရေးဝန်ထမ်းများ ကွင်းဆင်းပြီး ကျန်းမာရေးစောင့်ရှောက်မှုများ...

ရန်ကုန်မှ မိုင်းဆတ်မြို့သို့ ပြန်လာသူထံ ကိုဗစ် -၁၉ ပိုးတွေ့ရှိ

သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့အတွင်းသို့ ရန်ကုန်မှ လေကြောင်းခရီးဖြင့် ပြန်လာသည့်််သူ( ၃) ဦးတွင် ကိုဗစ် -၁၉ ပိုးတွေ့ရှိပြီးနောက် နောက်တစ်နေ့တွင်လည်း (၂) ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖေဖော်ဝါရီ (၉) ရက်တွင် ရန်ကုန်လေဆိပ်မှ မိုင်းဆတ်မြို့သို့ မြန်မာအမျိုးသားလေကြောင်း ခရီးစဉ်ဖြင့် ရောက်ရှိလာသည့်သူထံတွင် ကိုဗစ် ပိုးတွေ့ရှိခဲ့ကြောင်းသိရသည်။...

ကျိုင်းတုံမြို့တွင် သေပြီးအချိန်လွန် ဝက်များကို အသားဖော်ပြီး ပြန်ရောင်းချနေ

သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် ဗမာပြည်ဘက်မှ တင်ဆောင်လာပြီး လမ်းတွင် သေဆုံးသွားသည့် ဝက်များကို အသားပြန်ဖော်ပြီး ရောင်းချမှုများ ရှိနေကြောင်း သိရသည်။ ကျိုင်းတုံမြို့တွင်းရှိ ဝက်ခြံများမှ ဝက်များအပြင် အောက်ပြည် (ဗမာပြည်)ဘက်မှ တင်ဆောင်လာသည့် ဝက်များသည် လမ်းတွင် သေဆုံးသွားသည့် ဝက်များကို အသားဖော်ပြီး စျေးပေါပေါဖြင့် ပြန်လည်ရောင်းချနေသဖြင့်...

သီပေါမြို့နယ် ထိုင်းထုတ် အသားချောင်း စားပြီး အဆိပ်သင့်ဖြစ်

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် တွန်ခေါ့ကျေးရွာ ဒေသခံ (၄)ဦးသည် နေအိမ်တွင် ပျော်ပွဲစားပြုလုပ်ရာမှ အစာအဆိပ်သင့်မှုဖြစ်ပွားကာ ဆေးရုံတွင် ဆေးကုသမှုခံယူရကြောင်း သိရသည်။ ယမန်နေ့ ဖေဖော်ဝါရီ ၇ ရက် ည ၁၀ နာရီဝန်းကျင်က နေအိမ်တွင် ပျော်ပွဲစားပြုလုပ် စားသောက်ကျရာမှ ထိုင်းနိုင်ငံထုတ် အသားချောင်း (ဟော့တော့) စားကာ...

ကိုဗစ် စည်းမျဉ်း၊စည်းကမ်း ချိုးဖောက်သည့် သိန္နီမြို့ အားကစားပွဲ

သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့တွင် ကိုဗစ် ၁၉ ကူးစက်မှုများရှိနေသည့် ကြားက ပြည်ထောင်စုနေ့ အထိမ်းအမှတ်အနေဖြင့် အားကစားပွဲကို အကြီးအကျယ် ပြုလုပ်နေကြောင်း စုံစမ်းသိရှိရသည်။ သီန္နီမြို့တွင် ဖေဖော်ဝါရီ ၁ ရက်နေ့မှ စတင်ပြီး ပြည်ထောင်စုနေ့ဖြစ်တဲ့ ၁၂ ရက်နေ့အထိ အားကစားပွဲ အခမ်းအနားကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ “စလုပ်နေတာတော့ ၁...

ကျောက်မဲတွင် နှစ်ပတ်ကျော် ကြာမှ ကိုဗစ်လူနာ ပြန်တွေ့

သျှမ်းမြောက် ကျောက်မဲမြို့တွင် ကိုဗစ်အတည်ပြုလူနာ မတွေ့ရှိတာ နှစ်ပတ်ခန့် ကြာပြီးနောက် ကိုဗစ်လူနာသစ် ပြန်လည်တွေ့ရှိခဲ့ရကြောင်း သတင်းသိရသည်။ ကျောက်မဲတွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၁ ရက်က ကိုဗစ်လူနာသစ် မတွေ့ရှိတော့တာဖြစ်ပြီး ယမန်နေ့တွင် သက်ကြီး အမျိုးသားတစ်ဦးထံမှ ကိုဗစ်ပိုး ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။ “ကိုဗစ်လူနာ မတွေ့တာ ကြာလှပြီ၊ တော်တော်ကြာသွားပြီ၊...

Latest news