Tuesday, January 27, 2026

ကျင်စန်ကျော့ နယ်စပ်ကုန်သွယ်ရေးဂိတ် ဝန်ထမ်း ကိုဗစ်ဖြစ်၊ နယ်စပ်ဂိတ်ပိတ်

မြန်မာ – တရုတ်နယ်စပ် မူဆယ်မြို့နယ် ကျင်စန်ကျော့ နယ်စပ် ကုန်သွယ်ရေးဂိတ်မှ ဝန်ထမ်းများ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသဖြင့် ဂိတ်ကို ယာယီပိတ်လိုက်ကြောင်း စုံစမ်းသိရသည်။

ကျင်ဆန်ကျော

ယမန်နေ့ (မတ်လ ၂) ရက် မနက်ပိုင်းက စတင်ပြီး ဂိတ်များ တရုတ်ဘက်မှ ပိတ်ထားသဖြင့် တရုတ်ဘက်သို့ ရောက်ရှိသွားသော်လည်း စျေးကွက်ထဲသို့ မရောက်သေးသည့် ဖရဲသီးကားများ၊ သခွားမွှေးကားများ၊ ဖရုံသီးများ စသည့် ကုန်ခြောက်များသည် ကုန်တင်ကား အစီး (၃၀၀)ကျော် ပိတ်မိနေကြောင်း နယ်စပ်ကုန်သွယ်ရေးမှ ကုန်သည်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တရုတ်ဖက် အကောက်ခွန်ဝန်ထမ်းတွေ ကျန်းမာရေးဝန်ထမ်းတွေ ကိုဗစ် – ၁၉ ရောဂါ (၁၀)ဦးကျော် လောက်တွေ့ရလို့ နယ်စပ်ကို ၃ ရက်ကနေ ၅ ရက်လောက် ပိတ်မယ်လို့ ကြားရတယ်” ဟု နယ်စပ်ကုန်သွယ်ရေး မှ ကုန်သည်ကြီးတစ်ဦးက ပြောသည်။

ယခုလို တရုတ်ဘက်သို့ ရောက်ရှိသွားသော်လည်း စျေးကွက်သို့ မရောက်သေးသည့် ကုန်တင်ကားများ အစီး (၃၀၀) ကျော်ရှိပြီး၊ မူဆယ်ဘက်တွင် စောင့်ဆိုင်းနေသည့် ကုန်တင်ကား အစီး (၄၀၀)ကျော် ကျန်ရှိသည့်အတွက် ကုန်စိမ်းသည်များ၊ သစ်သီးတင်ပို့ရောင်းချသူများ၊ တောင်သူများ အရှုံးပေါ်နိုင်ကြောင်း မူဆယ် သစ်သီးဝလံ ကုန်စည်ဒိုင်မှ ကုန်သည်ကြီး တစ်ဦးက ပြောသည်။

“အိုမီခရွှန်က (၁၀)ယောက်လောက်စစ်ရင် (၃)ယောက်လောက်က ပိုးတွေ့တယ်။ သူတို့ဘက်လဲ အဲ့လိုပဲ၊ သူတို့ ရောဂါကို ထိန်းချုပ်တာက တခြားနိုင်ငံနဲ့မတူဘူး။ နည်းနည်းရှိရင်လည်း ဖြစ်လာရင် အကုန်ပိတ်ချလိုက်တာ။ ရောဂါတွေ ထိန်းချုပ်နိုင်ပြီး သေချာ စနစ်တကျဖြစ် အောင်လုပ်တယ်။ သူတို့က တစ်ဆင့်ချင်းသွားတော့ နည်းနည်းတော့ရှုပ်တယ်” ဟု မူဆယ်ကုန်သည်ကြီး တစ်ဦးက ပြောသည်။

ကျင်စန်ကျော့ ဂိတ်သည် ၂၀၂၁ ခုနှစ် နိုဝင်ဘာအတွင်းက တရုတ်ဘက်က ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ယခုအခါ မည်သည့်ကာလအထိ ပိတ်ထားမည်ကို အသေးစိတ် မသိရှိရသေးကြောင်း ကုန်သည်များက ဆိုသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မဲပေးစက် ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းများ မဲမပေးတတ်ဘဲ အခက်တွေ့

0
စစ်ကော်မရှင်ကျင်းပနေသည့် အတုအယောင်ရွေးကောက်ပွဲတွင် အီလက်ထရောနစ် မဲပေးစက်ကို ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းပုဂ္ဂိုလ်များ မဲပေးချိန်တွင် အခက်အခဲများ ကြုံတွေ့ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် မူဆယ်မြို့ပေါ်၌ စစ်ကော်မရှင်ကျင်းပသည့် အတုအယောင် ရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကို အသုံးပြုခဲ့ရာ...

မူဆယ်မြို့အတွင်း လိုက်လံဓားပြ လုယက်နေသည့် ခြောက်ဦးကို ဖမ်းမိ

0
သျှမ်းပြည် မြောက်ပိုင် မူဆယ်မြို့အတွင်း လိုက်လံ ဓားပြတိုက် ခိုးဆိုးလုယက်နေသည့် အမည်မသိ လက်နက်ကိုင် အဖွဲ့ဝင်ခြောက်ဦးကို ဖမ်းဆီးမိခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (စက်တင်ဘာလ ၁၇ ရက်) ည ၉ နာရီဝန်းကျင်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် ၄၅ ကုန်းတွင် မြို့အတွင်း လိုက်လံ ဓားပြတိုက်...

မူဆယ်မြို့ အကောက်ခွန်ရုံး အရာရှိလိုင်းခန်း မီးလောင်ပျက်စီးခဲ့ပြီး သတင်းဖုံးဖိထား

0
သျှမ်းပြည် မူဆယ်မြို့ အကောက်ခွန်ဦးစီးဌာနရုံးရှိ အရာရှိလိုင်းခန်း (၆) ခန်း မီးလောင်ပျက်စီးခဲ့ပြီး သတင်းဖုံးဖိထားကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ (၆) ရက် ညနေ (၃) နာရီ‌ခန့်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် စစ်ကော်မရှင် လက်အောက်ခံ အကောက်ခွန်ဦးစီးဌာနရုံးရှိ အရာရှိလိုင်းခန်း (၆) ခန်း မီးလောင်ပျက်စီးခဲ့ပြီး မီးလောင်ရသည့်...

မူဆယ်မြို့ အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရပြီး သေဆုံး

0
သျှမ်းပြည် မူဆယ်မြို့တွင် အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရပြီး ဓားခုတ်ဒဏ်ရာများဖြင့် သေဆုံးသည့်အထိရှိကြောင်း သတင်းရရှိသည်။ ယနေ့ (ဇူလိုင်လ ၂၆) ရက် မနက် ၉ နာရီဝန်းကျင်တွင် မူဆယ်မြို့ တောင်ပေါ် ဘုရားအနီးတွင် အမျိုးသမီးတစ်ဉီးး၏ ပိုက်ဆံအိတ် ကို အမည်မသိသူက ဓားပြတိုက်ခံရပြီး ဓားဖြင့် အချက်ပေါင်းများစွာ ခုတ်ခဲ့သည်။ ထိုဓားခုတ်ဒဏ်ရာကြောင့်...

မူဆယ်မြို့ အမျိုးသမီးနှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံး

0
သျှမ်းပြည် မူဆယ်မြို့ပေါ်တွင် အမျိုးသမီးနှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇူလိုင်လ ၂၄ ရက်) ညနေ ၃ နာရီဝန်းကျင်တွင် မူဆယ်မြို့  ဟိုမွန်ရပ်ကွက်တွင် အမျိုးသမီးနှစ်ဦးကို အမည်မသိ လက်နက်ကိုင်မှသေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း မူဆယ်မြို့ အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “အဲ့အမျိုးသမီးတွေက crown ကားအဖြူနဲ့ ရဲစခန်းဘက်ကနေလာကြတာ။ အမျိုးသမီးနှစ်ယောက် သေသွားတာ။ဘယ်ကနေ လာပြီးပစ်သွားလဲဆိုတာသေချာမသိရဘူး အသံကြားတာနဲ့ သေနေပြီ။ပစ်သွားတာလူက ဘာနဲ့လာလဲ သေချာမမြင်လိုက်ဘူး” ဟု မူဆယ်မြို့ အသက် ၄၀ဝန်းကျင် အမျိုးသားတစ်ဦးက ပြောသည်။ ထိုသေဆုံးသွားသည့် အမျိုးသမီးနှစ်တစ်ဦးသည် အသက် (၄၀) ဝန်းကျင် မုန်းဝန်းတရုတ်လူမျိုးဖြစ်ပြီး၊ ၊ နယ်စပ်ဖြတ်သန်းခွင့်စာအုပ် လုပ်ပေးသည့် ပွဲစားဖြစ်ကြောင်း သိရသည်။ မြန်မာ-တရုတ် နယ်စပ်ဒေသဖြစ်သည့် မူဆယ်မြို့တွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် အဖွဲ့ပေါင်း (၂၀) ကျော်ထက်မနည်း ရှိနေပြီး တရားဥပဒေစိုးမိုးမှု ကင်းမဲ့ကာ တရားမဝင် စီးပွားရေးနှင့် မူးယစ်ဆေးဝါးများ စုံလင်ပေါများခြင်းကြောင့် သေနတ်ပစ်ခတ်မှု၊ ပြန်ပေးဆွဲမှု မကြာခဏဖြစ်ပွားနေပြီး အမှုမှန်ပေါ်ပေါက်ခြင်း မရှိကြောင်း ဒေသခံများက ပြောသည်။