Thursday, December 1, 2022

ထိုင်းနိုင်ငံမှ နေရပ်ပြန် လာသည့်သူ ၁၉၀ ကျော် Quarantine ၇ ရက်၀င်ရ

Must read

မြန်မာ – ထိုင်းနယ်စပ်မြို့ဖြစ်သည့် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့မှာ ထိုင်းနိုင်ငံမှ နေရပ်ပြန် မြန်မာရွှေ့ပြောင်းအလုပ်သမားများ နှင့် ပြစ်ဒဏ်မှ လွတ်မြောက်လာသူ (၁၉၀) ကျော် Quarantine (၇)ရက် ၀င်ရကြောင်း စုံစမ်းသိရသည်။

နေရပ်ပြန်ရွှေ့ပြောင်းအလုပ်သမား

ဧပြီ (၂၄) ရက် ယမန်နေ့ မနက် (၁၀) နရီခန့်တွင် မြန်မာ – ထိုင်း ချစ်ကြည်ရေး တံတား အမှတ် (၂) မှာ ထိုင်းနိုင်ငံဘက်က တာဝန်ရှိသူများက မြန်မာနိုင်ငံဘက် တာဝန်ရှိသူထံ ပြန်လည် လွဲပြောင်းပေးကြောင်း သိရှိရသည်။

နေရပ်ပြန်ရွှေ့ပြောင်းအလုပ်သမားများ

နေရပ်ပြန် မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသား (၁၁) ဦး၊ အမျိုးသမီး (၁၉) ဦး ၊ ပြစ်ဒဏ်မှ လွတ်မြောက်လာသူ အမျိုးသား (၁၃၇) ဦး ၊ အမျိုးသမီး (၂၉) ဦး စုစုပေါင်း (၁၉၆) ဦး တို့ကို သက်ဆိုင်ရာ မြန်မာဘက်ခြမ်းမှ တာဝန်ရှိသူများက လက်ခံခဲ့ကြောင်း သိရှိရသည်။

အဆိုပါ နေရပ်ပြန်သူများသည် တာချီလိတ်မြို့ရှိ စံလင်းဖြိုး Quarantine Center မှာ (၇) ရက် quarantine ဝင်ရမည်ဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါ ပိုးကင်းစင်သူများကို နေရပ်သို့ ပြန်လည် ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article