ငလျင်လှုပ်နေစဉ် စစ်ကောင်စီက နောင်ချိုမြို့နယ်ထဲ လေကြောင်းဗုံးကြဲ၊ လူထိခိုက်သေဆုံးမှုရှိနိုင်
မြန်မာပြည်တဝှမ်းလုံး အင်အားပြင်းထန်သည့် ငလျင်လှုပ်ခတ်နေစဉ် သျှမ်းပြည် နောင်ချိုမြို့နယ်သို့ စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ရာ လူထိခိုက်သေဆုံးမှု ရှိနိုင်ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၂၈ ရက်) မွန်းလွဲပိုင်းတွင် နောင်ချိုမြို့အနီး ကံကြီးကျေးရွာအုပ်စု နောင်လင်ရွာဘက်သို့ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ပြည်သူနေအိမ် အများအပြား...
မိုင်းရယ်မြို့ စစ်ကောာင်စီ စစ်ဆေးရေးဂိတ် စစ်ဆေးမှုတင်းကြပ်၊ငွေညှစ်တောင်ခံ
သျှမ်းပြည် မိုင်းရယ်မြို့ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် စစ်ဆေးမှုတင်းကြပ်နေပြီး ခရီးသွားပြည်သူများထံ ငွေညှစ်တောင်ခံ မှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။ မိုင်းရယ်မြို့ အဝင်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ် နှင့် ဟိုယကျေးရွာအုပ်စု တန့်ယန်း-မိုင်းရယ်လမ်းခွဲရှိ စစ်ဆေးရေးဂိတ်တို့တွင် ယခုနှစ်ဆန်းပိုင်းမှစ၍ စစ်ဆေးမှုတင်းကြပ်လာပြီး ငွေညှစ်တောင်းခံမှုများ ပြုလုပ်နေကြောင်း အသက် ၄၀ ဝန်းကျင် မိုင်ရယ်ဒေသခံအမျိုးသားတစ်ဦးက...
ထိုင်းရေလုပ်သား ၄ ဦးကို ပြန်လွှတ်ပေး၍ စစ်ကောင်စီကို ထိုင်းဝန်ကြီးချုပ်က ကျေးဇူးတင်
SHAN -
မြန်မာရေပိုင်နက်အတွင်း ငါးဖမ်းနေစဉ် ယမန်နှစ်ကဖမ်းဆီးထားသော ထိုင်းငါးဖမ်းလှေပေါ်မှ သင်္ဘော ၄ ဦးကို ယမန်နေ့( မတ်လ ၂၇ )ရက်တွင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် ပြန်လွှတ်ပေးလိုက်ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ဆက်ဆံရေးကို ရှေးရှုသောအားဖြင့် လည်းကောင်း၊ လူသားချင်း စာနာထောက်ထားမှုကို အလေးထားသောအားဖြင့် လည်းကောင်း ကော့သောင်း အကျဉ်းထောင်၌...
နောင်ချိုမြို့နယ် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၄ ဦးသေဆုံး၊ ၄ ဦးဒဏ်ရာရ
သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် သုံးဆယ်နှင့် ဆမ္မဆယ် ကျေးရွာများကို စစ်ကောင်စီမှ အပြင်းအထန် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၄ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ (၂၆) ရက် ညနေပိုင်းအချိန်တွင် စစ်ကောင်စီတပ်မှ နောင်ချိုမြို့နယ်အတွင်းရှိ သုံးဆယ်ရွာ၊ ရွှေညောင်ပင်ရွာနှင့် အုမ္မခါးကျေးရွာများကို လေကြောင်းဖြင့်...
ချင်းမိုင်တွင် တရားမဝင် အလုပ်လုပ်နေသည့် မြန်မာနိုင်ငံသား ၃ ဦးနှင့် ထိုင်းအလုပ်ရှင်ပါ ဖမ်းဆီးခံရ
SHAN -
ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့တွင် တရားမဝင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ၃ ဦးနှင့်အတူ ထိုင်းအလုပ်ရှင်အား ဖမ်းဆီးရမိကြောင်း ချင်းမိုင်လူဝင်မှုကြီးကြပ်ရေးက သတင်းထုတ်ပြန်သည်။ ယမန်နေ့ (မတ်လ ၂၇ ရက်)တွင် ချင်းမိုင်ခရိုင် Fa Ham တွင် တရားမဝင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများရှိနေကြောင်း သတင်းပို့ပေးချက် ရရှိသဖြင့်...
ရွာငံတွင် စစ်ကောင်စီမှ စစ်ကြောင်းထိုးပြီး ရွာသားတစ်ဦးကို ဖမ်းဆီး
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ကျေးရွာဘက်သို့ စစ်ကောင်စီမှ စစ်ကြောင်းထိုးလာစဉ် အမျိုးသားတစ်ဦးကို ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် မတ်လ (၂၆) ရက်တွင် စစ်ကောင်စီ အင်အား(၂၀၀)ခန့်သည် ရွာငံမြို့နယ် ကျောက်ကူတိကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာနေချိန် လမ်း၌ ဆိုင်ကယ်မောင်းလာသည့်အမျိုးသားတစ်ဉီးကို ခေါ်ယူစစ်ဆေးပြီး ဖမ်းဆီးသွားကြောင်း ရွာငံမြို့မှ ဒေသခံအမျိုးသားတစ်ဉီးကပြောသည်။ အဆိုပါ ဖမ်းဆီးခံရသည့်အမျိုးသားသည်...
ညောင်ရွှေ စစ်ကောင်စီမှ ကုန်းလမ်းရေလမ်း ပိတ်ထားခြင်းကြောင့် စစ်ဘေးရှောင်များ နေရပ်မပြန်နိုင်သေး
သျှမ်းပြည် ညောင်ရွှေမြို့နယ် စံကားမြို့တွင် စစ်ကောင်စီတပ်မှ လမ်းများ ပိတ်ဆို့ထားခြင်းကြောင့် ကျန်ရှိနေသည့် စစ်ဘေးရှောင် ၆၀၀ ကျော်သည် နေရပ်မပြန်နိုင်သေးကြောင်း သတင်းရရှိသည်၊၊ ဇန်နဝါရီလ နောက်ဆုံးပတ်မှ စတင်၍ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များသည် ညောင်ရွှေ – ပင်လောင်း – ဖယ်ခုံမြို့နယ် အစပ်တို့တွင် စစ်ရေးတင်းမာမှုကြောင့် စံကားမြို့...
သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့တွင် ထိန်းသိမ်းခံထားရသည့် အွန်လိုင်းကျားဖြန့် ငွေလိမ်ဂိုဏ်းများအတွက် ပြည်သူမှ အခမဲ့ ဝေပေးသည့် ထမင်းထုပ်များကို လူဝင်မှုကြီးကြပ်ရေး လဝကရုံး ဝန်ထမ်းများက ပြန်ရောင်းစားနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ ၂၂ ရက်တွင် စစ်ကောင်စီတပ်ဖွဲ့မှ ကျေးသီး၊ နမ့်စန်၊ ခိုလမ်နှင့် လဲချားမြို့နယ်အတွင်း ဖမ်းဆီးရမိခဲ့သည့် ကျားဖြန့်လုပ်ကိုင်သူ...
ကလော-သာစည်ကြား ကျွဲတပ်ဆုံ စစ်တပ်ဂိတ် ငွေပေးနိုင်မှ ကုန်ကားများဖြတ်သန်းခွင့်ရ
သျှမ်းပြည်တောင်ပိုင်းနှင့် မန္တလေးတိုင်းဒေသကြီး ဆက်သွယ်ထားသည့် ကလော- သာစည်လမ်းရှိ ကျွဲတပ်ဆုံ စစ်တပ်ဂိတ်တွင် ယာဉ်ထိန်းရဲများကို ငွေပေးနိုင်မှ ကုန်ကားများ ဖြတ်သန်းသွားလာခွင့်ရကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။ စစ်ကောင်စီအာဏာသိမ်းပြီး (၄)နှစ်အကြာတွင် မြန်မာနိုင်ငံ၌ ကုန်သွယ်ရေးလမ်းကြောင်းများ ခက်ခဲလာပြီး ကုန်သွယ်ရေးလုပ်ငန်းလုပ်ကိုင်နေသည့် ကားများကို စစ်တပ်ဂိတ်၌ တင်းတင်းကျပ်ကျပ်စစ်ဆေးခြင်း ငွေညှစ်ခြင်းများ လုပ်ဆောင်လာသည်။ ထိုကဲ့သို့ ကုန်သွယ်ရေးလမ်းကြောင်းများ...
မူဆယ်မြို့နယ် မန့်ဟီးရိုးနယ်စပ်ဂိတ်ကို တရုတ်ဘက်မှ အစမ်းဖွင့်လှစ်
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့နယ် မန့်ဟီးရိုးမြို့ရှိ နယ်စပ်ဂိတ်ကို တရုတ်နိုင်ငံဘက်မှ စမ်းသပ်ဖွင့်လှစ်ပေးခဲ့ပြီး ဒေသခံအချို့ ဖြတ်သန်းနိုင်ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၂၆ ရက်) နံနက်ပိုင်းမှ စတင်ပြီး မူဆယ်မြို့နယ် မန်ဟီးရိုးမြို့ရှိ မြန်မာ-တရုတ် နှစ်ပြည်တစ်ရွာ နယ်စပ်ဂိတ်ကို တရုတ်နိုင်ငံဘက်မှ စမ်းသပ်ဖွင့်လှစ်ပေးခဲ့ရာ ရွှေလီမြစ်တစ်ဘက်ကမ်း မန်ဟီးရိုးမြို့နှင့် အနီးတဝိုက်...





