ရွာငံတွင် စစ်ကောင်စီမှ စစ်ကြောင်းထိုးပြီး ရွာသားတစ်ဦးကို ဖမ်းဆီး

သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ကျေးရွာဘက်သို့ စစ်ကောင်စီမှ စစ်ကြောင်းထိုးလာစဉ် အမျိုးသားတစ်ဦးကို ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် မတ်လ (၂၆) ရက်တွင် စစ်ကောင်စီ အင်အား(၂၀၀)ခန့်သည် ရွာငံမြို့နယ် ကျောက်ကူတိကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာနေချိန် လမ်း၌ ဆိုင်ကယ်မောင်းလာသည့်အမျိုးသားတစ်ဉီးကို ခေါ်ယူစစ်ဆေးပြီး ဖမ်းဆီးသွားကြောင်း ရွာငံမြို့မှ ဒေသခံအမျိုးသားတစ်ဉီးကပြောသည်။

အဆိုပါ ဖမ်းဆီးခံရသည့်အမျိုးသားသည် ရွာငံမြို့နယ် မြကုန်းကျေးရွာတွင် နေထိုင်သူဖြစ်သည်။

“စစ်သားတွေက ခဏခဏ စစ်ကြောင်းလာထိုးနေကြပဲ။ အဲနေ့ မြကုန်းရွာသား တစ်ယောက်က စစ်ကြောင်းထိုးတဲ့ဘက်ကို ဆိုင်ကယ်နဲ့ လာမိသွားတော့ ဖမ်ထားလိုက်တာ။ နင်က PDFလား ဘာလား မေးပြီး ဖမ်းတယ်ပြောတယ်” ဟု ၎င်း ဒေသခံ အမျိုးသားကပြောသည်။

ထိုဖမ်းခံရသည့် အမျိုးသားကို ရွာငံမြို့နယ် ရပ်ရွာအုပ်ချုပ်ရေးမှူးများက ပြန်လည်လွှတ်ပေးရန်လည်း သွားရောက် တောင်းဆိုခဲ့ရကြောင်း စစ်ကောာင်စီကို ကျပ်ငွေ ၁၀သိန်း ပေးဆောင်ပြီး ယနေ့ (မတ် ၂၇)ရက် မနက်ပိုင်းတွင် ပြန်လွှတ်လာကြောင်း သိရသည်။

စစ်ကောင်စီ

“ စစ်ကောင်စီ တပ်သားက ခြေထောက်နဲ့ ကန်တာ၊ သေနတ်နဲ့ ဉီးခေါင်းရိုက်တာတွေတော့ လုပ်တယ်။ ဒဏ်ရာအနည်းငယ်တော့ ရထားတယ်” ဟု အကြောင်းသိသည့် အမျိုးသားက သျှမ်းသံတော်ဆင့်ကိုပြောသည်၊

ဆက်လက်ပြီး စစ်ကောင်စီတပ်သားများသည် စစ်ကြောင်းမကြာခဏထိုးပြီး၊ ထိုစစ်ကြောင်းများဖြင့် ထိပ်တိုက်ကြုံတွေ့လျှင် ဖမ်းဆီးခေါ်ဆောင်ခံရသဖြင့် တောယာသွားသူများလည်း မသွားရဲကြကြောင်း ဒေသခံ အမျိုးသမီး က ပြောသည်။

“သူတို့ စစ်ကြောင်းထိုးနေတုန်း တောထဲမှာတွေ့ရင် ရိုက်နှက်ဖမ်းသွားမှာ ကြောက်လို့ ဘယ်မှမသွားရဲဘူး။ လဖက်ခူးလည်း မသွားဘူး။ လက်ဖက်ရွက် ရင့်ရင် ရင့်ပလေ့စေ ထားလိုက်တယ်။ သူတို့ကိုပဲ ကြောက်နေရတာ။ခေတ်ပျက်ကြီးထဲမှာ နေရတာလည်း မပျော်တော့ဘူး။” ဟု ၎င်းအမျိုးသမီး ကဆိုသည်။

စစ်ကောင်စီ တပ်သားများသည် တောတောင်ထဲတွင် PDF များရှိနေနိုင်သည်ဟုဆိုကာ တစ်လကို (၂)ကြိမ်ခန့် လာရောက်စစ်ကြောင်းထိုးလေ့ရှိပြီး ကျေးရွာဘုန်းကြီးကျောင်းတွင် တပ်စွဲလေ့ရှိကြောင်း ၎င်းက ထပ်လောင်းပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလတွင်လည်း စစ်ကောင်စီတပ်သားများသည် ရွာငံမြောက်ဘက် ကျေးရွာသို့လာရောက်တပ်စွဲ၍ ဒေသခံများကို သေနတ်ဖောက်ခြိမ်းခြောက်ခဲ့သည်ဟု သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံတွင် စစ်တပ်က အရပ်သားများကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုနေ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြောက်ဘက်တွင် စစ်တပ်က စစ်အင်အားအလုံးအရင်းဖြင့်ဝင်ရောက်လာပြီး အရပ်သားများကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ်အသုံးပြုနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးပတ်မှစပြီး စစ်ကော်မရှင်တပ်သည် ရွာငံမြို့နယ် မြောက်ဘက်ပိုင်းတွင် စစ်အင်အား အလုံးအရင်းဖြင့်နေစဉ် စစ်ကြောင်းထိုးပြီး၊ ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်တော် (DPLA)နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ထို့နောက် ရွာငံမြို့ မြောက်ဘက်ကျေးရွာရှိ...

ရွာငံအတွင်း စစ်တပ် အင်းအားဖြည့် ဒေသခံများကို ဖမ်းဆီးရိုက်နှက်မှုရှိ 

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်  အတွင်းသို့ စစ်ကော်မရှင်တပ်သည့် နေ့စဉ် အင်အားဖြည့်တင်းနေပြီး၊ အရပ်သားဖမ်းဆီးရိုက်နှက်မှုများလည်း ဆက်တိုက်ကျူးလွန်နေကြောင်း စုံစမ်းသိရသည်။  နွားဘန်းကြီးကျေးရွာနှင့် ပွေးနဖားကျေးရွာဘက်တွင် စစ်ကော်မရှင်တပ်က အင်အား အလုံးရင်းဖြင့် စစ်ကြောင်းထိုးနေကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် ဇူလိုင်လ (၂၀) ရက်တွင်  ရွာငံမြို့နယ် ပွေးနဖားကျေးတွင် အမည်မသိ လက်နက်ကိုင် အဖွဲ့မှ ဦးဇင်းတစ်ပါးကို စစ်ဆေးမေးမြန်း စရာရှိသည်ဟု...

ရွာငံတွင် ဦးဇင်းတပါး အသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ပွေးနဖားကျေးရွာတွင် ဦးဇင်းတစ်ပါး ထပ်မံ အသတ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀) ရက်တွင်  ရွာငံမြို့နယ် ပွေးနဖားကျေးတွင် အမည်မသိ လက်နက်ကိုင် အဖွဲ့မှ ဦးဇင်းတစ်ပါးကို စစ်ဆေးမေးမြန်း စရာရှိသည်ဟု ခေါ်ဆောင်သွားပြီး ဇူလိုင်လ (၂၁) ရက် နံနက်ပိုင်းတွင်...

ရွာငံ တွင် စစ်ကော်မရှင်တပ် က အရပ်သား (၈)ဦးဖမ်းဆီးသွား

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် အုတ်တွင်း ကျေးရွာဘက်တွင် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်က အရပ်သား(၈)ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက် ညနေ (၃)နာရီအချိန်တွင် စစ်ကော်မရှင်တပ်သည် ကျောက်ငှက်ကျေးရွာ ဘက်သို့ စစ်ကြောင်းထိုးရာမှ တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုသို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...