ညောင်ရွှေ စစ်ကောင်စီမှ ကုန်းလမ်းရေလမ်း ပိတ်ထားခြင်းကြောင့် စစ်ဘေးရှောင်များ နေရပ်မပြန်နိုင်သေး

သျှမ်းပြည် ညောင်ရွှေမြို့နယ် စံကားမြို့တွင် စစ်ကောင်စီတပ်မှ လမ်းများ ပိတ်ဆို့ထားခြင်းကြောင့် ကျန်ရှိနေသည့် စစ်ဘေးရှောင် ၆၀၀ ကျော်သည် နေရပ်မပြန်နိုင်သေးကြောင်း သတင်းရရှိသည်၊၊

ဇန်နဝါရီလ နောက်ဆုံးပတ်မှ စတင်၍ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များသည် ညောင်ရွှေ – ပင်လောင်း – ဖယ်ခုံမြို့နယ် အစပ်တို့တွင် စစ်ရေးတင်းမာမှုကြောင့် စံကားမြို့ အတွင်းသို့ စစ်ဘေးရှောင် ၆၀၀ ကျော် ထွက်ပြေးတိမ်းရှောင်လာခဲ့ရ‌သည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစတင်၍ ကုန်းလမ်း၊ ရေလမ်းများ ပိတ်ဆို့ထားသဖြင့် စံကားမြို့ပေါ် ရောက်ရှိနေသော စစ်ဘေးရှောင် (၆၁၇) ဦးသည် ယခုအချိန်ထိ နေရပ်မပြန်နိုင်ကြကြောင်း အသက် ၄၀ ဝန်းကျင် စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အခု စံကားကနေ စက်လှေနဲ့ သွားလို့လည်းမရဘူး။ စံကား အနောက်ဘက်က လွိုင်ကော်ကားလမ်းကိုလည်း သွားလို့မရဘူး။ အကုန်ပိတ်ထားတာ၊ ဘယ်မှ သွားလို့မရသေးဘူး။ တချို့က ပစ္စည်းပြန်ယူချင်တာ၊ စိုက်ထားတဲ့ သီးနှံ ပြန်ကြည့်ချင်ကြတာ” ဟု အသက် ၄၀ အရွယ်ရှိ ၎င်းစစ်ဘေးရှောင်အမျိုးသမီးက ဆိုသည်။

လက်ရှိတွင် ၎င်းစစ်ဘေးရှောင်များသည် နီးစပ်ရာ ဆွေမျိုးများ၊ ပြောင်းပွဲရုံနှင့် ဘုန်းကြီးကျောင်းတို့တွင် ထွက်ပြေး တိမ်းရှောင်နေရသည့်အတွက် နေရာထိုင်ခင်းအပြင်၊ စားသောက်ရန် အခက်အခဲများ ကြုံတွေ့နေရကြောင်း ၎င်းက ဆက်ဆိုသည်။

“ပြီးခဲ့တဲ့ ရက်ပိုင်းက မိုးရွာတော့ နေတဲ့ နေရာတွေက နေလို့ မရတာမျိုးတွေ ကြုံရတာပေါ့။ ပြောင်းပွဲရုံမှာ နေတဲ့လူတွေအတွက် အခက်အခဲ ဖြစ်တာပေါ့။ ဘာမှ မပါလာကြတော့ အရင်လိုပဲ စားသောက်ဖို့ကတော့ အကူအညီ လိုအပ်နေပါတယ်”ဟု အသက် ၄၀ ဝန်းကျင် စစ်ဘေးရှောင်အမျိုးသမီးက ထပ်လောင်းပြောသည်။

တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ဒေသခံများမှာ ဘုရားတောင်၊ လွယ်နွဲ့၊ ရေပူ၊ ညောင်လေးပင်၊ နန်းတုတ်၊ ကုန်းသာ၊ အိမ်မူ၊ တောင်ပို့ကွဲ၊ ဟိုပန် စသည့် ကျေးရွာဒေသခံများဖြစ်ပြီး လူဦးရေ (၃) ထောင်ကျော် ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

‌အင်းလေးဖောင်တော်ဦးဘုရားပွဲကို အခွင့်ကောင်းယူပြီး ပေါ်တာဆွဲမည်ကို ဒေသခံများ စိုးရိမ်

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ဖောင်တော်ဦး ဘုရားပွဲတော်ကို လာမည် အောက်တိုဘာလတွင် ကျင်းပမည်ဖြစ်ပြီး ပွဲတော်ကို အခွင့်ကောင်းယူပြီး စစ်တ်ပမှ ပေါ်တာဆွဲဖမ်းဆီးမည်ကို ဒေသခံများက စိုးရိမ်နေကြကြောင်း သတင်းရရှိသည်။ ဖောင်တော်ဉီး ဘုရားပွဲကို (၁၂)ရက်မှ (၂၉) ရက်နေ့အထိ ၁၈ရက်ကြာ ကျင်းပသွားမည်ဖြစ်သည်။ ထို့သို့ အင်းလေးဖောင်တော်ဦး ဘုရားပွဲတော် ရက်ရှည်ကျင်းပရာတွင်...

ညောင်ရွှေမြို့နယ် အတွင်းလှုပ်ရှားနေသည့် အရပ်ဘက်လူမှုအဖွဲ့အစည်းများကို လိုက်လံဖမ်းဆီးနေ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့ပေါ်နှင့် အင်းလေးဒေသဘက်တွင် လှုပ်ရှားဆောင်ရွက်နေသည့် အရပ်ဘက် လူမှုအဖွဲ့အစည်းများကို စစ်ကော်မရှင်က လိုက်လံ ဖမ်းဆီးနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၂ခုနှစ် အောက်တိုဘာလ (၂၈) ရက်နေ့တွင် အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၄၁၉ ဖြင့် ပြဌာန်းခဲ့ပြီးနောက် ထိုဥပဒေအထဲတွင် အစိုးရမဟုတ်သော အသင်းအဖွဲ့များကို...

ညောင်ရွှေ စစ်တပ်နှင့် အုပ်ချုပ်ရေးမှူး ပေါင်းပြီး ဟိုတယ်နှင့် တည်းခိုခန်းထဲထိ ပေါ်တာဆွဲ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့တွင် စစ်ကော်မရှင်တပ်နှင့် အုပ်ချုပ်ရေးမှူး တို့ ပူးပေါင်း၍ ဟိုတယ်နှင့် တည်းခိုခန်းသို့ လာရောက်တည်းခိုသူများကို ပေါ်တာဆွဲနေကြောင်း သတင်းရရှိသည်။​ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်တွင် ညောင်ရွှေမြို့သို့ရောက်လာသည့် ဧည့်သည်အမျိုးသားနှစ်ဉီးကို စစ်ကော်မရှင်တပ်နှင့် အုပ်ချုပ်ရေးမှူးတို့က မနက် အစော တနာရီအချိန်တွင် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်းဖြစ်စဉ်ကို သိရှိသည့် အမျိုးသားတဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ ထို့သို့...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...