CATEGORY

နိုင်ငံရေး

တန့်ယန်းမြို့နယ် UWSA (၁၇၁) စစ်ဒေသအောက်ရှိ တပ်မဟာ (၇၁၃) တပ်သားသစ်စုဆောင်း

သျှမ်းပြည် တန့်ယန်းမြို့နယ်တွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ၏ (၁၇၁) စစ်ဒေသအောက် အသစ်ဖွဲ့စည်းထားသည့် တပ်မဟာ (၇၁၃) အတွက် တပ်သားသစ် စုဆောင်းနေကြောင်း စုံစမ်းသိရသည်။ မေလဆန်းပိုင်းမှ စတင်၍ တန့်ယန်းမြို့နယ်ရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အားလုံးမှ အုပ်ချုပ်ရေး တာဝန်ရှိသူများကို ‘ဝ’တပ်ဖွဲ့ UWSA ၏...

ဆီဆိုင်မြို့နယ် PNLA နှင့် စစ်ကောင်စီလက်အောက်ခံ PNO တို့ တိုက်ပွဲဖြစ်ပွား

သျှမ်းပြည် ဆီဆိုင်မြို့နယ်တွင် ပအိုဝ်းပြည်သူ့လွတ်မြောက်ရေးတပ်မတော် PNLA နှင့်စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO/PNA တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယနေ့ (မေလ ၁၉ ရက်) တွင် ဆီဆိုင်မြို့နယ် တောင်ရှေ့အုပ်စု နောင်ထောဝ်ကျေးရွာ အနီးပတ်ဝန်းကျင်တွင် PNLA နှင့် စစ်ကောင်စီလက်အောက်ခံ PNA တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း...

ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာတွင် စစ်ကောင်စီ၊ PNOနှင့် တော်လှန်ရေးအင်အားစုတို့ တိုက်ပွဲပြင်းထန်

သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာတွင် စစ်ကောင်စီတပ်၊ PNO ပြည်သူ့စစ်နှင့် တော်လှန်ရေးအင်အားစုတို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလ (၁၇)ရက်မှ စတင်ပြီး ယနေ့ (မေ ၁၉ ရက်)အထိ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာတွင် စစ်ကောင်စီတပ်၊ PNO ပြည်သူ့စစ်နှင့် တော်လှန်ရေးအင်အားစုတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး...

နမ့်ခမ်းမြို့နယ်အတွင်း TNLA အခွန်တိုးမြှင့်ကောက်ခံကြောင့် ဒေသခံများအခက်တွေ့

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အတွင်း TNLA မှ ကားခွန် လျှပ်စစ်မီဝာာခွန် လမ်းတံတားကြေးနှင့် တခြား သော အခွန်နှုန်းထားများ တိုးမြှင့်ကောက်ခံနေသောကြောင့် ဒေသခံ ပြည်သူများ အခက်ခဲ ကြုံတွေနေရကြောင်း စုံစမ်းသိရသည်။ ၂၀၂၅ ခုနစ် မေလဆန်းပိုင်းမှစ၍ ယနေ့အထိ နမ့်ခမ်းမြို့အတွင်း TNLA တိုးမြှင့်ကောက်ခံနေသော အခွန်နှုန်းထား များမှာ...

TNLA ထိန်းချုပ် နောင်ချိုမြို့နယ် ချိုခမ်းဘုန်းကြီးကျောင်းထဲ စစ်ဘေးရှောင်တစ်ဦး စနိုက်ဘာပစ်ခံရပြီးသေဆုံး

သျှမ်းပြည် နောင်ချိုမြို့နယ် အုမ္မသီးလမ်းခွဲကျေးရွာတွင် စစ်ဘေးရှောင်အမျိုးသားတစ်ဦး စနိုက်ဘာသေနတ်ဖြင့် ပစ်ခတ်ခံရပြီး ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မေလ ၁၈ ရက်) နံနက် ၁၀ နာရီခွဲကျော်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့နယ် အုမ္မသီးလမ်းခွဲကျေးရွာရှိ ချိုခမ်းဘုန်းကြီးကျောင်းထဲသို့ ကျေးရွာအတွင်း ပြည်သူနေအိမ်ထဲ...

သျှမ်းတပ် အချင်းချင်း ၁၀ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCCS အမိန့်စာ လူမှုကွန်ရက်ပျံ့နှံ့

သျှမ်းတော်လှန်ရေးနေ့ နီးကပ်လာပြီဖြစ်သဖြင့် သျှမ်းတပ်(၂)တပ် ထိုးစစ်ဆင် တိုက်ခိုက်မှု ကို (၁၀)ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ၏ အမိန့်စာ လူမှုကွန်ရက်စာမျက်နှာတွင် သျှမ်းဘာသာဖြင့် ယနေ့ (မေ ၁၆)ရက်၌ ပျံ့နှံ့လာသည်။ အဆိုပါ အပစ်ရပ်စဲကာလသည် ယနေ့ (မေ ၁၆)ရက်မှစတင်ပြီး မေ...

ညောင်‌ရွှေမြို့နယ် ဘုးရားတောင်ရွာအတွင်း စစ်ကောင်စီက လက်နက်ကြီးရမ်းသမ်းပစ်ခတ် 

သျှမ်းပြည် ညောင်ရွှေမြို့နယ် စစ်ကောင်စီက ကျေးရွာအတွင်းကို လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( မေလ ၁၅ ရက် ) မနက် ၁ နာရီ ခွဲဝန်ကျင်တွင် ညောင်ရွှေမြို့နယ် အင်းလေးတောင်ဘက်ခြမ်း ရှိ ဘုရားတောင်ရွာကို စစ်ကောင်စီ နှင့် လက်‌အောက်ခံ  ပအိုဝ်းပြည်သူ့စစ်...

UWSA မှ သေနတ်ကျည်ဆံ ခိုးရောင်းသည့် ‘ဝ’တပ်သားနှစ်ဦးကို သေဒဏ်နှင့် နှစ်ရှည်ထောင်ဒဏ်ချမှတ်

သျှမ်းပြည် UWSA ထိန်းချုပ် ‘ဝ’ဒေသ ပန်ဆန်းမြို့တွင် သေနတ်ကျည်ဆံ ခိုးယူရောင်းချခဲ့သည့် ‘ဝ’တပ်သားနစ်ဦးကို သေဒဏ်နှင့် နှစ်ရှည်ထောင်ဒဏ် အသီးသီး ချမှတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မေလ ၁၄ ရက်) နံနက် ၈ နာရီကျော်တွင် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ် ပန်ဆန်းမြို့၌ သေနတ်ကျည်ဆံနှင့်...

ရပခ မှ PNO/PNA အား မြို့ဝင်ခွင့် နှင့် လက်နက်ကိုင်ဆောင်ခွင့် တင်းကြပ်

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပအိုဝ်းပြည်သူ့စစ် PNO/PNA ကို မြို့ဝင်ခွင့်နှင့် လက်နက်ကိုင်ဆောင်ခွင့် တင်းကြပ်လိုက်ကြောင်း ပြီးခဲ့သည့် မေလ (၁၃)ရက်စွဲဖြင့် ထုတ်ပြန်လာသည်။ PNO ပြည်သူ့စစ်သည် ပြီးခဲ့သည့် မေလ (၂)ရက် ညတွင် တောင်ကြီးမြို့မဈေး အနီးတွင် စစ်ကောင်စီလက်အောက်ခံ ရဲ၏ စစ်ဆေးမှုကို မခံဘဲ သေနတ်ဖြင့် ပစ်သတ်ခဲ့သည်။ ထို့အပြင်...

ဖယ်ခုံမြို့နယ် ဘန်ကောက်စစ်ရှောင်စခန်းကို စစ်ကောင်စီ ပေါင် (၅၀၀) ဗုံးဖြင့် ထပ်ကြဲ

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် လအိကျေးရွာရှိ ဘန်ကောက်စစ်ရှောင်စခန်းကို စစ်ကောင်စီက ပေါင် (၅၀၀) ဗုံးဖြင့် ထပ်မံကြဲချခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မေလ ၁၅ ရက်) ည ၉ နာရီဝန်းကျင်တွင် ဖယ်ခုံမြို့နယ် လအိကျေးရွာရှိ ဘန်ကောက်စစ်ရှောင်စခန်းကို စစ်ကောင်စီက ပေါင် (၅၀၀) ဗုံးဖြင့် ၂...

Latest news