Saturday, May 18, 2024

CATEGORY

နိုင်ငံရေး

မူဆယ်၊ နမ့်ခမ်း ဖုန်းလိုင်း ပြတ်တောက်

မြန်မာ-တရုတ်နယ်စယ်ဒေသ တလျောက်ရှိ မူဆယ်မြို့နှင့် နမ့်ခမ်းမြို့တွင် ဖုန်းလိုင်းပြတ်တောက်မှုနေကြောင်း ဒေသခံများထံ စုံစမ်းသိရသည်။ ယမန်နေ့ (အောက်တိုဘာလ ၂၇ရက်) တိုက်ပွဲဖြစ်ပွားချိန်မှစပြီး MTP ဆင်းကဒ် အသုံးပြုသူများသည် ဖုန်းလိုင်း ဖြတ်တောက်ခံရကာ လက်ရှိအချိန်ထိ ဆက်သွယ်၍ မရသေးကြောင်း မူဆယ်မြို့ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ မနေ့ညတညလုံးဖုန်းလိုင်းတွေအကုန် ပိတ်ခံရတယ်။ ဒီနေ့ထိလည်း...

မြန်မာ-တရုတ် ကုန်သွယ်ရေးလမ်းဇုံလမ်းကြော ပိတ်ထားဆဲ

မြန်မာ-တရုတ်နယ်စပ်ဒေသ မူဆယ်-လားရှိုး-ချင်းရွှေဟော် ကုန်သွယ်ရေးလမ်းဇုံများ ပိတ်ထားနေဆဲဖြစ်သဖြင့် ဖြတ်သန်းသွားလာ၍ မရသေးကြောင်း ကားသမားထံများထံမှ သတင်းသိရသည်။ ယနေ့ (အောက်တိုဘာလ ၂၈ )ရက်အထိ လားရှိုး-မူဆယ်၊ လားရှိုး-ချင်းရွှေဟော် လမ်းပိုင်အား လုံခြုံရေး အခြေအနေအရ ဖြတ်သန်းသွားလာ၍ မရသေးကြောင်း၊ ဖြတ်သန်းသွားလာနေသူ အချို့သည်လည်း စစ်ကောင်စီ၏ စစ်ရေးဂိတ်၌ ရပ်နားနေရကြောင်း မူဆယ်ကားသမားတစ်ဦးက...

လားရှိုးတွင် တိုက်ပွဲကြောင့် စစ်ဘေးရှောင်ပြည်သူ ၆၀၀ နီးပါး ရှိလာ

သျှမ်းပြည် လားရှိုးမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့တို့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် စစ်ဘေးရှောင် အရေအတွက်မှာ ၆၀၀ နီးပါး ရှိလာပြီဖြစ်ကြောင်း စုံစမ်းသိရသည်။ လားရှိုးမြို့နယ်၌ ယနေ့ (အောက်တိုဘာ ၂၇ ရက်) နံနက် ၄ နာရီအချိန်ခန့်တွင် စတင်ဖြစ်ပွားသည့် တိုက်ပွဲကြောင့် လားရှိုးမြို့...

တိုက်ပွဲကြောင့် ကွမ်လုံနှင့် ဟိုပန်အကြား တံတားတစ်စင်း ပျက်စီး

သျှမ်းပြည် ကွမ်လုံနှင့် ဟိုပန်အကြား ဆက်သွယ်ထားသည့် တံတားတစ်စင်းသည် စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ပျက်စီးခဲ့ကြောင်း သိရသည်။ သျှမ်းပြည်မြောက်ပိုင်း ကွမ်လုံနှင့် ဟိုပန်အကြား ဆက်သွယ်ထားသည့် ဖောင်ဆိပ် နိမ့်တိန်ချောင်း တံတားသည် ယနေ့ (အောက်တိုဘာလ ၂၇ ရက်) နံနက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့်...

လားရှိုးတွင် စစ်ကောင်စီ လက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦး ထိမှန်သေဆုံး၊ တစ်ဦး ဒဏ်ရာရ

သျှမ်းပြည် လားရှိုးမြို့နယ် ဟိုနမ့်ကျေးရွာတွင် စစ်ကောင်စီမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် အမျိုးသမီး တစ်ဦး ထိမှန်သေဆုံးပြီး အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (အောက်တိုဘာ ၂၅ ရက်) ညအချိန် ၁၁ နာရီခွဲခန့်က ဟိုနမ့်ရွာတွင် ကိုးကန့်တပ်ဖွဲ့ MNDAA စခန်းချသည်ဆိုကာ ကျေးရွာဘက်သို့ စစ်ကောင်စီတပ်မှ...

လားရှိုးမြို့ ကိုးကန့်တပ်ဖွဲ့ MNDAA စခန်းချနေရာကို စစ်ကောင်စီ လေကြောင်းဗုံးကြဲ

သျှမ်းပြည် လားရှိုးမြို့ ပန်စုံကျေးရွာရှိ မွေတော်စေတီ အနီးတွင် လာရောက်စခန်းချနေသည့် ကိုးကန့်တပ်ဖွဲ့ MNDAA ကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (အောက်တိုဘာ ၂၅ ရက်) နံနက် ၁၁နာရီခွဲကျော်တွင် လားရှိုးမြို့အနီး ကုန်းသာ၊ ပန်စုံကျေးရွာရှိ မွေတော်စေတီအနီး ကိုးကန့်တပ်ဖွဲ့ MNDAA...

ပင်လောင်း- ဖယ်ခုံ PNO တပ်ဖွဲ့မှ ရိက္ခာတင်ကားပိတ်၊ စစ်ဘေးရှောင်များ စားနပ်ရိက္ခာ စျေးကြီးပေးဝယ်နေရ

သျှမ်း-ကရင်နီနယ်စပ် ပင်လောင်း-ဖယ်ခုံ လမ်းကြောတစ်ခုလုံးတွင် စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် PNO တပ်ဖွဲ့တို့က ရိက္ခာတင်ကားသွားလာမှု ပိတ်ပင်လိုက်သဖြင့် စစ်ဘေးရှောင်များ စားနပ်ရိက္ခာကို စျေးကြီးပေး ဝယ်ယူနေရကြောင်း စုံစမ်းသိရသည်။ ပင်လောင်းစစ်ရှောင် ပုံ- ဉီးဂျစ် ခရီးသွား Vlogker သျှမ်းပြည် တောင်ကြီးခရိုင် ပင်လောင်း-ဖယ်ခုံ လမ်းကြောကို စစ်ကောင်စီနှင့် PNO တပ်ဖွဲ့တို့က...

နမ့်ခမ်း လူနေအိမ်ပေါ် TNLA တပ်သားများ ဝင်ရောက်နေထိုင်၊ ဆက်ကြေးကောက်

မြန်မာ-တရုတ်နယ်စပ်ဒေသ နမ့်ခမ်းမြို့နယ် စယ်ဟိုင်းရွာအတွင်း တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA )တပ်သားများသည် အရပ်သားနေအိမ်အတွင်းသို့ ဝင်ရောက်နေထိုင်ပြီး ဆက်ကြေး (အခွန်ကောက်)ခံပြုလုပ်နေကြောင်း ဒေသခံ၏ သတင်းပေးပို့ချက်အရ သိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလဆန်းပိုင်းမှပြီး စယ်ဟိုင်းရွာအတွင်းသို့ ဝင်ရောက်လာသည့် TNLA တပ်သား အင်အား ၂၀...

တောင်ကြီးတွင် စစ်ရှောင်များ ဆောက်လုပ်ထားသောစာသင်ဆောင်နှင့် ဆုတောင်းဝတ်ပြုနေရာများကို စစ်ကောင်စီနှင့် PNOမှ အကြောင်းမဲ့ ဖျက်ဆီး

သျှမ်းပြည် တောင်ကြီးမြို့နယ်ရှိ စစ်ရှောင်များဆောက်လုပ်ထားသော စာသင်ဆောင်နှင့် ဘုရားကျောင်းဆောင်များကို ဖြိုချရန် အတွက် စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့က ဖိအားပေးကြောင်း စုံစမ်းသိရသည်။ အဆိုပါ စစ်ရှောင်များ၏ စာသင်ဆောင်နှင့် ဘုရားကျောင်ဝတ်ပြုသည့်နေရာကို PNO နှင့် စစ်ကောင်စီဖိအားကြောင့် စက်တင်ဘာလပိုင်း ဖြိုချခဲ့ကြောင်း တောင်ကြီးမြို့ ထဲက စစ်ရှောင်တစ်ဦးက...

ဆီဆိုင်မြို့ရောက် စစ်ရှောင်များ နေရပ်ပြန်စဉ် မြေမြုပ်မိုင်းနင်းမိ၊ နေအိမ်ဖောက်သွင်းခံရမှု ကြုံတွေ့နေရ

သျှမ်းပြည် ဆီဆိုင်မြို့ရောက် စစ်ရှောင်များသည် နေရပ်သို့ပြန်နေစဉ်အတွင်း လမ်း၌ မြေမြုပ်မိုင်းနင်းမိခြင်းနှင့် နေအိမ် ဖောက်သွင်းခံရမှုများ ကြုံတွေ့နေရကြောင်း စစ်ရှောင်တစ်ဦးက ပြောသည်။ ပြီးခဲ့သည့် သြဂုတ်လမှ အောက်တိုဘာလအထိ စစ်ရှောင်များသည် မူလနေရပ် ဒီးမော့ဆိုမြို့နယ် ကျေးရွာနေအိမ်သို့ ပြန်သွားပြီး ပစ္စည်းယူနေစဉ် မြေမြုပ်မိုင်းများကြောင့် အမျိုးသား ၁ ဦးသေဆုံးကာ၊ အမျိုးသမီးအပါအဝင်...

Latest news