Sunday, February 1, 2026

CATEGORY

နိုင်ငံရေး

နမ္မတူမြို့နယ်တွင် TNLA ပြုလုပ်ပေးသည့် မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်း သွားလုပ်ရန် ဒေသခံများ အခက်တွေ့

သျှမ်းပြည် နမ္မတူမြို့နယ်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ပြုလုပ်ပေးသည့် မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းများ သွားရောက်ပြုလုပ်ရန် ဒေသခံများ အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ ဇွန်လဆန်းပိုင်းမှ စတင်ပြီး TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်တွင် TNLA ၏ မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းကို လူမျိုးဘာသာမရွေး မဖြစ်မနေ သွားရောက်ပြုလုပ်ရန်...

PDF များကို TNLA က နောင်ချိုမြို့မှ ထွက်ခွာခိုင်းဆိုသည့် သတင်းအမှား

သျှမ်းပြည် နောင်ချိုမြို့အနီးတဝိုက်ရှိ TNLA ထိန်းချုပ်နယ်မြေအတွင်းမှ PDF များကို ထွက်ခွာခိုင်းဆိုသည့် သတင်းအမှားများ ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့လျက်ရှိသည်။ဖေ့ဘွတ်ခ်ပေ့ချ် အချို့နှင့် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် PDF များကို TNLA အဖွဲ့က နောင်ချိုမြို့အနီးတဝိုက်မှ ထွက်ခွာခိုင်းလျက်ရှိကြောင်း ၂၀၂၅ ဇွန် ၁၀ရက်မှ စတင်ကာ ရေးသားဖြန့်ဝေလျက်...

ထိုင်းထုတ်ကုန်များကို စစ်ကောင်စီ ဖမ်းဆီးမှုကြောင့် သျှမ်းပြည်အတွင်း ကုန်ဈေးနှုန်းမြင့်တက်

စစ်ကောင်စီသည် ထိုင်းနိုင်ငံထုတ် ကုန်ပစ္စည်းများ တင်သွင်းခွင့်ကို ပိတ်ပင်ထားသည့်အတွက် သျှမ်းပြည်အတွင်း ကုန်ပစ္စည်းစျေးနှုန်းများ မြင့်တက်လာကြောင်း သတင်းရရှိသည်။ ဇွန် ၁ ရက်မှစတင်ပြီး စစ်ကောင်စီသည် ထိုင်းထုတ်ကုန်ကို တင်သွင်းခွင့် ပိတ်ပင်လိုက်သည့်အတွက် ထိုင်းကုန်ပစ္စည်းများ အားကိုးနေရသော သျှမ်းပြည် အရှေ့ပိုင်းနှင့် သျှမ်းပြည် တောင်ပိုင်းတွင် ကုန်းစျေးနှုန်း မြင့်တက်မှု ကြုံနေရကြောင်း...

နမ္မတူမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံးနှစ်လုံးကြဲ

သျှမ်းပြည် နမ္မတူမြို့နယ် မန်လီကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇွန်လ ၁၂ ရက်) နံနက်အစောပိုင်း (၁) နာရီကျော်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်...

သိန္နီမြို့မှ MNDAA ထပ်မံတပ်ဆုတ်မည်ဟု သတင်းထွက်နေသော်လည်း ပြန်လည်ထူထောင်ရေး ဆက်လုပ်နေ

သျှမ်းပြည် သိန္နီမြို့နယ်မှ ကိုးကန့်တပ်ဖွဲ့ MNDAA တပ်ဆုတ်ခွာနိုင်ကြောင်း သတင်းထွက်ပေါ်နေသော်လည်း ပြန်လည်ထူထောင်ရေးကို အရှိန်မပျက် ဆက်လက်လုပ်ဆောင်နေကြောင်း စုံစမ်းသိရသည်။ သိန္နီမြို့ကို တစ်နှစ်ခွဲကျော် ထိန်းချုပ်ထားသည့် ကိုးကန့်တပ်ဖွဲ့ MNDAA သည် လာမည့် စက်တင်ဘာလအတွင်း ထပ်မံတပ်ဆုတ်ရမည်ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသော်လည်း သိန္နီမြို့ပေါ်တွင် ပညာရေး၊ ကျန်းမာရေးနှင့်...

စစ်ကောင်စီ တာကော်စစ်ဆေးရေးဂိတ်တွင် ထိုင်းထုတ်ကုန်များ ဖမ်းဆီးနေ

မြန်မာ-ထိုင်းနယ်စပ် တာချီလိတ်မြို့ဘက်မှ တင်သွင်းလာသည့် ထိုင်းနိုင်ငံထုတ် ကုန်ပစ္စည်းများကို စစ်ကောင်စီ၏ သံလွင်မြစ်ကူးတံတား တာကော်စစ်ဆေးရေးဂိတ်တွင် စစ်ဆေးဖမ်းဆီးနေကြောင်း စုံစမ်းသိရသည်။ ဇွန်လ ၁ ရက်မှ စတင်၍ တာချီလိတ်မြို့မှ အခြားမြို့သို့ တင်ပို့မည့် ထိုင်းနိုင်ငံထုတ် ကုန်ပစ္စည်းများကို ကွန်ဟိန်းမြို့နယ်အတွင်း သံလွင်မြစ်ကူး တာကော်တံတားရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် စစ်ဆေးမှုတင်းကြပ်ပြီး...

အခြားသူတွေ …

နင့် အဘွား မွေးရပ်မြေလည်း မဟုတ်ဘူး … ငါ့ မွေးရပ်မြေလည်း မဟုတ်ဘူး … နင့် မွေးရပ်မြေလည်း မဟုတ်ဘူး … ။ ဒါပေမယ့် ငါ့အမေ ခေါင်းချသွားတဲ့ မြို့ … ငါနဲ့ နင့်အဖေ စတင်တွေ့ခဲ့တဲ့မြို့ … နင့်ဘဝရဲ့ ပထမဆုံးခရီးစဉ်။ ရွာအသေးလေးတွေ...

ဖယ်ခုံမြို့နယ် တိုက်ပွဲကြား ကျေးရွာ ၁၃ ရွာမှ ပြည်သူ (၈၀၀၀) ကျော် ထွက်ပြေးနေရ

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် တိုက်ပွဲဆက်လက် ပြင်းထန်နေမှုကြောင့် ကျေးရွာ ၁၃ ရွာမှ ဒေသခံ ထောင်နှင့်ချီသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် (ဇွန်လ ၂ ရက်) မှစ၍ စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO ပူးပေါင်းတပ်ဖွဲ့က ဖယ်ခုံအရှေ့ခြမ်း ကျေးရွာများအထိ ထိုးစစ်ဆင်တိုက်ခိုက်နေသဖြင့် တော်လှန်ရေးတပ်ပေါင်းစုများနှင့်...

ကျားဖြန့်လုပ်ငန်းနှင့် လက်နက်ရောင်းဝယ်မှုတို့ကို မပတ်သက်ရန် SSPP အမိန့်စာထပ်ထုတ်

ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ထိန်းချုပ်နယ်မြေအတွင်း ကျားဖြန့်လုပ်ငန်းနှင့် လက်နက်ရောင်းဝယ်မှုတို့ကို မပတ်သက်ရန် အောက်ခြေတပ်သားများကို အမိန့်စာ ထပ်မံထုတ်ပြန်လိုက်သည်။ ယနေ့ (ဇွန်လ ၁၀ ရက်) နေ့စွဲဖြင့် ထုတ်ပြန်လာသည့် အမိန့်စာတွင် SSPP ထိန်းချုပ်နယ်မြေအတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားခြင်းနှင့် သိုလှောင်ခြင်း မပြုလုပ်ရန်၊ လက်နက်ခဲယမ်းများ ခိုးကြောင်ခိုးဝှက်...

နောင်ချို ပြန်ရရန် စစ်ကောင်စီတပ်က ဘက်ပေါင်းစုံ ထိုးစစ်ဆင်နေ

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့ကို စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်ရန် အဘက်ဘက်မှ ထိုးစစ်ဆင်နေမှုကြောင့် ဒေသခံများလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စုံစမ်းသိရှိရသည်။ စစ်ကောင်စီတပ်သည် နောင်ချိုမြို့ကို ပြန်လည်ထိန်းချုပ်ရန်အတွက် အပြင်းအထန် ထိုးစစ်ဆင်နေပြီး ကံကြီးကျေးရွာအထိ စစ်ကောင်စီတပ်သားများ နေရာယူလာသဖြင့် ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံအမျိုးသမီး တစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။  စစ်ကောင်စီတပ်သားများ ရောက်ရှိနေသည့် ကံကြီးကျေးရွာသည်...

Latest news