PNO တပ်သားကို ဝက်အကောင်ကြီး မပေးသည့် ဆီဆိုင်ဒေသခံ သတ်ခံရ

သျှမ်းပြည် ဆီဆိုင်မြို့နယ် နောဝ်ထောင်ကျေးရွာအတွင်း ပအိုဝ်းပြည်သူ့စစ်PNO တပ်သားကို ဝက်အကောင်ကြီး မပေးသည့် ဒေသခံတစ်ဉီးကို သတ်လိုက်ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် အောက်တိုဘာ ပထမပတ်တွင် ဆီဆိုင်မြို့နယ် နောဝ်ထောင်ကျေးရွာတွင် PNO တပ်သားတစ်ဉီးက အသက် (၆၀)အရွယ်ရှိ ဒေသခံ ခွန်လှ (အမည်လွှဲ)ထံ ဝက်တစ်ကောင် တောင်းရာမှ ၎င်းဒေသခံသည် ဝက်အကောင်ကြီးမပေးဘဲ အသေးတစ်ကောင်ကိုပေးသဖြင့် မကျေနပ်ကာ သေနတ်ဖြင့် ပစ်သတ်လိုက်ကြောင်း အဆိုပါ သတင်းကို သိရှိသည့် အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ ဒီနောဝ်ထောင်ကျေးရာမှာက PNO တပ်သားတွေ နယ်မြေစိုးမိုးထားတာ။ အခုက ဝက်လာတောင်းတာ အကြီးမပေးဘဲ အသေးတစ်ကောင်ပေးလိုက်တာနဲ့ သေနတ်နဲ့ပစ်သတ်လိုုက်တာပဲ။ သတင်းကို လည်းဖုံးထားတယ်”ဟု ၎င်းက ဆိုသည်။

ဒေသခံတစ်ဦးကို PNO တပ်သားက သေနတ်ဖြင့် ပစ်သတ်လိုက်သည့်ကိစ္စနှင့်ပတ်သက်ပြီး သတင်းမပျံ့ရန် လည်း ခြိမ်းခြောက်ထားကြောင်း သိရသည်။

ထို့အပြင် နောဝ်ထောင်ကျေးရွာတွင် နေထိုင်သည့် ဒေသခံများကို တော်လှန်ရေးတပ်ဖွဲ့ဝင် PDF များနှင့် ဆက်သွယ်ခြင်း၊ ထောက်ပံ့ကူညီနေခြင်းများတွေ့ပါက လုံခြုံရေးအတွက် တစ်ရွာလုံးကို အရေးယူဆောင်ရွက်ခြင်းများ ပြုလုပ်လျှင် အရေးယူသွားမည်ဟုလည်း PNO ဘက်က ခြိမ်းခြောက်ထားသည်။

“PNOက တစ်ရွာလုံးကို ကင်းလှည့်ကြည့်နေတာ၊ PDFနဲ့ ပတ်သက်တာတို့ ကူညီထောက်ပံ့တာတို့ လုပ်မယ်ဆိုရင် လုံခြုံရေးအာမ မခံဘူးလို့ ပြောတယ်။ သူတို့ကိုပဲ ကြောက်နေရတာ။ ထမင်းထုတ်တွေလည်း ပို့ခိုင်းတယ်၊ သူတို့ မထင်ရင် မထင်သလို ရွာသားတွေကိုလည်း ရိုက်နှက်တာတို့လုပ်တယ်။”ဟု နောဝ်ထောင်ကျေးရွာ ဒေသခံအမျိုးသား က ထပ်လောင်းပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၉ ရက်တွင် ဆီဆိုင်မြို့နယ် နောင်ထောင်ကျေးရွာ၌ စစ်ကော်မရှင်တပ်နှင့် ၎င်း၏လက်အောက်ခံ PNO တို့နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်တော် PNLA တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး နောင်ထောင်အပါအဝင် အနီးနားကျေးရွာများကိုPNO/PNA ပြည်သူ့စစ် တို့က သိမ်းယူလိုက်သည်။

ထိုသို့ သိမ်းယူပြီး နောက် ဩဂုတ်လ ၉ ရက်တွင် ဆီဆိုင်မြို့နယ် ကုလားလမ်း ကျေးရွာရှိ ပြည်သူနေအိမ်များကို စစ်ကော်မရှင်နှင့် PNOပြည်သူ့စစ်တို့က မီးရှို့ဖျက်ဆီးခဲ့သောကြောင့် နေအိမ်၂၄ အိမ်ထက်မနည်း မီးလောင်ခဲ့ကြောင်း သိရသည်။

နောင်ထောင်ကျေးရွာသည် ဆီဆိုင်မြို့နှင့် ၁၂ မိုင်ကျော်ကွာဝေးသည်။

နောင်ထောင်ကျေးရွာအတွင်းရှိ စျေးကြီးသည် အရှေ့ဘက် မောက်မယ်ဒေသအတွင်းရှိ ကျေးရွာများနှင့် တောင်ရှေ့ အုပ်စုကျေးရွာများက အားထားနေရသည့် စျေးတစ်ခုဖြစ်သော်လည်း ပြီးခဲ့သည့် သြဂုတ် ၁၄ရက်တွင် စျေးဆိုင်များကို ဖျက်ရန် PNO/PNA က အမိန့်ပေးခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြေသိမ်းခံရသည့် ဟိုပုံးဒေသခံများ တရားမျှတမှု မရရှိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် တွင် ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် မြေပွဲစားများပူးပေါင်းပြီး အသိမ်းခံရ မြေယာနှင့်ပတ်သက်ပြီး ယနေ့ (သြဂုတ် ၇)ရက်အထိ ပြည်သူများ တရားမျှတမှု မရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ...

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...

ဆီဆိုင်တွင် PNO ကားဖြင့် အတိုက်ခံရပြီး အမျိုးသားတဉီး သေဆုံး၊ အမျိုးသမီး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် ပအိုဝ်းပြည်သူ့စစ်(PNO) မောင်းလာသည်ကားနှင့် ဆိုင်ကယ်တိုက်မိဖြစ်ပွားကာ အမျိုးသားတဉီး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီး ထိခိုက်ဒဏ်ရာ ပြင်းထန်ကာ ဆေးရုံသို့ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀)ရက်ည နေ (၅)နာရီဝန်းကျင်တွင် ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် တောင်ယာမှ ဆိုင်ကယ်ဖြင့်...

ပုံးအင်း ဒေသခံများ ဝင်ငွေ ပုံမှန်မရှိချိန် စစ်တပ်နှင့် PNO ခေါင်းစဉ်မျိုးစုံ လစဉ်ကြေးတောင်း

0
စပါးစိုက်ပျိုးမှုကို အားထားရသည့် သျှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသတွင် သဘာဝဘေးဒဏ်ကြောင့် စပါးစိုက်ပျိုးမှုနှုန်း တနှစ်ထက် တနှစ် ကျဆင်းလာပြီး ဝင်ငွပုံမှန်မရှိသည့်ကြား စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO)က ခေါင်းစဉ်မျိုးစုံဖြင့် လစဉ်ကြေး တောင်းခံနေကြောင်း သတင်းရရှိသည်။ ပုံးအင်းဒေသေသည် စပါးစိုက်ပျိုးမှုကိုသာ အဓိက အသက်မွေးဝမ်းကြောင်းပြုနေသော်လည်း သဘာဝဘေးဒဏ်၊ ကုန်စျေးနှုန်းဒဏ်ကြောင့် မြေသြဇာများ စျေးမြှင့်တက်လာခြင်းနှင့်...

PNO က အင်းလေးရွာသားတစ်ဦးကို ဖမ်းဆီး ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ပအိုဝ်းပြည်သူ့စစ် (PNO) က ရွာသားတစ်ဦးကို ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်းကြောင်း သတင်းရရှိသည်။ အင်းလေးတောင်ဘက်ခြမ်းရှိ PNO ဂိတ်တွင် ဒေသခံများနှင့် ခရီးသွားလာသူများကို အစစ်ဆေးတင်းကြပ်ထားပြီး သံသယရှိသူများကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ပြီး ငွေတောင်းနေကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်တွင် ဒေသခံအမျိုးသားတစ်ဦးသည်...