Tuesday, January 27, 2026

PNO တပ်သားကို ဝက်အကောင်ကြီး မပေးသည့် ဆီဆိုင်ဒေသခံ သတ်ခံရ

သျှမ်းပြည် ဆီဆိုင်မြို့နယ် နောဝ်ထောင်ကျေးရွာအတွင်း ပအိုဝ်းပြည်သူ့စစ်PNO တပ်သားကို ဝက်အကောင်ကြီး မပေးသည့် ဒေသခံတစ်ဉီးကို သတ်လိုက်ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် အောက်တိုဘာ ပထမပတ်တွင် ဆီဆိုင်မြို့နယ် နောဝ်ထောင်ကျေးရွာတွင် PNO တပ်သားတစ်ဉီးက အသက် (၆၀)အရွယ်ရှိ ဒေသခံ ခွန်လှ (အမည်လွှဲ)ထံ ဝက်တစ်ကောင် တောင်းရာမှ ၎င်းဒေသခံသည် ဝက်အကောင်ကြီးမပေးဘဲ အသေးတစ်ကောင်ကိုပေးသဖြင့် မကျေနပ်ကာ သေနတ်ဖြင့် ပစ်သတ်လိုက်ကြောင်း အဆိုပါ သတင်းကို သိရှိသည့် အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ ဒီနောဝ်ထောင်ကျေးရာမှာက PNO တပ်သားတွေ နယ်မြေစိုးမိုးထားတာ။ အခုက ဝက်လာတောင်းတာ အကြီးမပေးဘဲ အသေးတစ်ကောင်ပေးလိုက်တာနဲ့ သေနတ်နဲ့ပစ်သတ်လိုုက်တာပဲ။ သတင်းကို လည်းဖုံးထားတယ်”ဟု ၎င်းက ဆိုသည်။

ဒေသခံတစ်ဦးကို PNO တပ်သားက သေနတ်ဖြင့် ပစ်သတ်လိုက်သည့်ကိစ္စနှင့်ပတ်သက်ပြီး သတင်းမပျံ့ရန် လည်း ခြိမ်းခြောက်ထားကြောင်း သိရသည်။

ထို့အပြင် နောဝ်ထောင်ကျေးရွာတွင် နေထိုင်သည့် ဒေသခံများကို တော်လှန်ရေးတပ်ဖွဲ့ဝင် PDF များနှင့် ဆက်သွယ်ခြင်း၊ ထောက်ပံ့ကူညီနေခြင်းများတွေ့ပါက လုံခြုံရေးအတွက် တစ်ရွာလုံးကို အရေးယူဆောင်ရွက်ခြင်းများ ပြုလုပ်လျှင် အရေးယူသွားမည်ဟုလည်း PNO ဘက်က ခြိမ်းခြောက်ထားသည်။

“PNOက တစ်ရွာလုံးကို ကင်းလှည့်ကြည့်နေတာ၊ PDFနဲ့ ပတ်သက်တာတို့ ကူညီထောက်ပံ့တာတို့ လုပ်မယ်ဆိုရင် လုံခြုံရေးအာမ မခံဘူးလို့ ပြောတယ်။ သူတို့ကိုပဲ ကြောက်နေရတာ။ ထမင်းထုတ်တွေလည်း ပို့ခိုင်းတယ်၊ သူတို့ မထင်ရင် မထင်သလို ရွာသားတွေကိုလည်း ရိုက်နှက်တာတို့လုပ်တယ်။”ဟု နောဝ်ထောင်ကျေးရွာ ဒေသခံအမျိုးသား က ထပ်လောင်းပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၉ ရက်တွင် ဆီဆိုင်မြို့နယ် နောင်ထောင်ကျေးရွာ၌ စစ်ကော်မရှင်တပ်နှင့် ၎င်း၏လက်အောက်ခံ PNO တို့နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်တော် PNLA တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး နောင်ထောင်အပါအဝင် အနီးနားကျေးရွာများကိုPNO/PNA ပြည်သူ့စစ် တို့က သိမ်းယူလိုက်သည်။

ထိုသို့ သိမ်းယူပြီး နောက် ဩဂုတ်လ ၉ ရက်တွင် ဆီဆိုင်မြို့နယ် ကုလားလမ်း ကျေးရွာရှိ ပြည်သူနေအိမ်များကို စစ်ကော်မရှင်နှင့် PNOပြည်သူ့စစ်တို့က မီးရှို့ဖျက်ဆီးခဲ့သောကြောင့် နေအိမ်၂၄ အိမ်ထက်မနည်း မီးလောင်ခဲ့ကြောင်း သိရသည်။

နောင်ထောင်ကျေးရွာသည် ဆီဆိုင်မြို့နှင့် ၁၂ မိုင်ကျော်ကွာဝေးသည်။

နောင်ထောင်ကျေးရွာအတွင်းရှိ စျေးကြီးသည် အရှေ့ဘက် မောက်မယ်ဒေသအတွင်းရှိ ကျေးရွာများနှင့် တောင်ရှေ့ အုပ်စုကျေးရွာများက အားထားနေရသည့် စျေးတစ်ခုဖြစ်သော်လည်း ပြီးခဲ့သည့် သြဂုတ် ၁၄ရက်တွင် စျေးဆိုင်များကို ဖျက်ရန် PNO/PNA က အမိန့်ပေးခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဟိုပုံးပြည်သူများ ကုန်စျေးနှုန်းမြင့်တက်သည့်ကြား စစ်မှုထမ်းကြေးပါ ဝန်ပိနေ

0
မြန်မာနိုင်ငံတွင် ကုန်စျေးနှုန်းများ မြင့်တက်နေချိန် သျှမ်းပြည် ဟိုပုံးမြို့နယ်အတွင်း နေထိုင်သည့် ပြည်သူများသည် စားဝတ်နေရေး ခက်ခဲနေသည့်ကြား စစ်မှုထမ်းကြေးကို လစဉ် ပေးဆောင်ရသဖြင့် ဝန်ထုပ်ဝန်ပိုးဖြစ်နေကြောင်း စုံစမ်းသိရသည်။ ဟိုပုံးမြို့နယ်အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့သည် ဒေသခံများ၏ ဝမ်းရေးကို မငဲ့ကွက်ဘဲ စစ်မှုထမ်းကြေးများကို အပြိုင်အဆိုင် တောင်းခံမှုကြောင့်...

ရွာငံမြို့နယ် ကျေးရွာအတွင်း တပ်စွဲထားသည့် စစ်သားများကို ဒေသခံများ ထမင်းထုပ်ပို့ပေးရ

0
သျှမ်းပြည်တောင်ပိုင်းရွာငံမြို့နယ်ရှိ ကျေးရွာအတွင်းသို့ တပ်လာစွဲသည့် စစ်ကော်မရှင် တပ်သားများကို ဒေသခံများက ထမင်း၊ဟင်းချက်ပြီး သွားရောက်ပို့ဆောင်ရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၇ ရက်တွင် ရွာငံမြို့နယ်နှင့် အနီးတဝိုက်သို့ စစ်ကော်မရှင်၏ ရွေးကောက်ပွဲ လုံခြုံရေးအတွက် စစ်ကော်မရှင် တပ်သားများနှင့် ၎င်းတို့၏ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်(PNO) တပ်သားများရောက်ရှိလာခဲ့သည်။ ထိုစစ်ကော်မရှင် တပ်သားနှင့်...

ကလောမြို့နယ် PNO ပြည်သူ့စစ် အနိုင်ရပါက ဆက်ကြေးနှင့် စစ်သားကောက်မည်ကို ဒေသခံများ စိုးရိမ်

0
သျှပြည်တောင်ပိုင်း၊ ကလေမြို့နယ်၊ စစ်ကောင်စီ ရွေးကောက်ပွဲတွင် PNO ပအိုဝ်း ပြည်သူ့စစ်ပါတီ အနိုင်ရပါက ဆက်ကြေးနှင့် စစ်သား ကောက်မည်ကို စိုးရိမ်ကြောင်း ကျေးရွာနေ ဒေသခံများက သျှမ်းသံတော်ဆင့်ကို ယနေ့ ဇန်နဝါရီလ ၁၀ ရက်တွင် ပြောသည်။ မနက်ဖြန် (ဇန်နဝါရီ ၁၁ )ရက်တွင် ကျင်းပမည့်...

“လာမယ့်ရွေးကောက်ပွဲမှာ တရားမျှတဖို့အတွက် ရွေးကောက်ပွဲကော်မရှင်ကို စာထုတ် ညွှန်ကြားထားတာရှိတယ်”

0
စစ်ကော်မရှင်က ဦးဆောင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲ ပထမပိုင်းတွင် ကြိုတင်မဲနှင့် ပတ်သက်၍ အငြင်းပွားမှုအချို့ ဖြစ်ပေါ်ခဲ့ပြီး စိစစ်ဆောင်ရွက်ပေးရန် နိုင်ငံရေးပါတီများက တင်ပြတောင်းဆိုခဲ့ကြသည်။  ကြိုတင်မဲနှင့် ပတ်သက်ပြီး လာမည့် ရွေးကောက်ပွဲ ဒုတိယပိုင်းနှင့် တတိယပိုင်းတွင် ပါတီများ၏ တင်ပြချက်အရ ကြိုတင်မဲကောက်ယူရာတွင် ပါတီကိုယ်စားလှယ်များ လိုက်ပါနိုင်ရန် လုပ်ဆောင်သွားမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲမရှင် (UEC) ဘက်က...

ကလောမြို့နယ် လိုင်စင်မဲ့ကား စီးနင်းခွင့် ပြုမည်ဟု PNO ပြည်သူ့စစ် မဲဆွယ်

0
သျှမ်းတောင်၊ ကလောမြို့နယ်၌ လာမည့် ဇန်နဝါရီ ၁၁ ရက် ကျင်းပမည့် စစ်ကောင်စီ ရွေးကောက်ပွဲတွင် မဲထည့်ပါက လိုင်စင်မဲ့ကား တရားဝင် စီးနင်းခွင့်ပြုမည်ဖြစ်ကြောင်း PNO- ပြည်သူ့စစ်ပါတီက မဲဆွယ် စည်းရုံးနေသည်ဟု ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။ ယင်းသို့ လိုင်စင်မဲ့ကား တရားဝင် စီးနင်းခွင့် ရမည်ဟု...