Tuesday, January 27, 2026

ဖယ်ခုံမြို့နယ် ဘောရန်ကျေးရွာ နေအိမ် ၃၀ ထက်မနည်း မီးရှို့ခံရ

သျှမ်းပြည် ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းရှိကျေးရွာအတွင်းသို့ စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့ စစ်ကြောင်းထိုးလာပြီး နေအိမ် (၃၀)ထက်မနည်း အကြောင်းပြချက်မရှိဘဲ မီးရှို့ ဖျက်ဆီးခဲ့ကြောင်းသတင်းရရှိသည်။

ယမန်နေ့ (အောက်တိုဘာ ၁၃)ရက် ညနေ ၄နာရီဝန်းကျင်တွင် စစ်ကော်မရှင်တပ်နှင့် PNO တို့သည် ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းရှိ ခေါင်းအီးကျေးရွာအုပ်စု ဘောရန်ကျေးရွာကို စစ်ကြောင်း ထိုးဝင်ရောက်လာပြီး နေအိမ် (၃၀)ထက်မနည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း Phekhon Shan Youth Network ၏ တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီမနက် အစောပိုင်းမှာ ဘောရန် အောက်ရွာမှာ မီးရှို့ခံထားရတာ။ အနည်းဆုံးတော့ နေအိမ် အလုံး ၃၀ ပြာကျသွားတယ်။ စစ်တပ်က လည်း ရွာထဲမှာရှိတယ်” ဟု ၎င်း တာဝန်ရှိသူတစ်ဉီးကပြောသည်။

စစ်ကော်မရှင်တပ်နှင့် PNOတို့သည် ယခု အောက်တိုဘာ ၁၁ရက်တွင် ဖယ်ခုံမြို့နယ် အနောက်ဖက်ခြမ်း ခေါင်းအီကျေးရွာအုပ်စု ၊ ဘောရန်ကျေးရွာအတွင်းသို့ စစ်ကြောင်းထိုးလာပြီး ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ နှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုကျေးရွာတွင် အိမ်ခြေ ၂၀၀ ခန့်ရှိပြီး လူဦးရေ တစ်ထောင်ခန့်နေထိုင်သည်။ ထိုဒေသခံများသည် စစ်ကော်မရှင်နှင့် PNO တပ်တို့ (အောက်တိုဘာ ၁၁ ရက်)တွင် ၎င်းကျေးရွာသို့ ဝင်ရောက်လာချိန်မှစပြီး အခြားနေရာသို့ ထွက်ပြေးတိမ်းရှောင် နေကြသည်။

ဖယ်ခုံမြို့နယ်အတွင်းစစ်ကော်မရှင် မီးရှို့ဖျက်ဆီးသည့်နေအိမ်များ

“ အဲ့စစ်ကော်မရှင် စစ်ကြောင်းထိုးတဲ့ ရက်ကတည်း ဒေသခံတွေက နီးစပ်ရာကျေးရွာနဲ့ တောထဲ ထွက်ပြေးနေကြပြီ။ လူက တစုတဝေးတည်းမဟုတ်တော့ဘူး။ရွာထဲမှာ အမျိုးသားတွေ အနည်းငယ်တော့ ကျန်တယ်” ဟု ၎င်းက ဆိုသည်။

ဖယ်ခုံ – ပင်လောင်း နယ်စပ် နှင့် ဖယ်ခုံ – ကရင်နီ (ကယား)နယ်စပ်ရှိ ကျေးရွာများတို့တွင် စစ်ကော်မရှင် နှင့် PNO တို့ ပြန်လည်ထိုးစစ်ဆင်မှုကြောင့် ဒေသခံများ ၄၀၀၀ ခန့် စစ်ဘေးရှောင်နေကြ ရကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် အောက်တိုဘာလ (၉) ရက်နေ့ နှင့် (၁၀) ရက်နေ့တို့တွင်လည်း စစ်ကောင်စီတပ် နှင့် PNO ပြည်သူ့စစ်တို့သည် ဖယ်ခုံ – ပင်လောင်း နယ်စပ်ရှိ မြောက်စလုံးကျေးရွာကို ဝင်ရောက်ကာ နေအိမ်များကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အေးချမ်းသည့် မြို့တော်မှ ဒုစရိုက် မြို့တော်သို့”

0
ပင်လယ်ရေ မျက်နှာပြင် အထက်ပေ ၄,၀၀၀ ကျော်ရှိသော တောင်ကြီးမြို့သည် ယခင်က အေးချမ်းသည့် မြို့တစ်မြို့ဖြစ်သော်လည်း အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာသည့် နိုင်ငံရေးမတည်မငြိမ်မှုများကြောင့် ပြန်ပေးဆွဲမှု၊ လူသတ်မှုနှင့် ဓားပြတိုက်မှုတို့ဖြင့် ပြည့်နှက်လာသည့် မြို့တစ်မြို့ဖြစ်လာသည်။ ယခုအခါ တောင်ကြီးမြို့ဒေသခံများသည် အအေးဒဏ်ကြောင့်မဟုတ်ဘဲ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကင်းမဲ့လာပြီး ရာဇဝတ်မှု ဘေးအန္တရာယ်များကြောင့်...

လားရှိုးမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ် အပြိုင်အဆိုင် တပ်သားသစ်စုဆောင်း

0
သျှမ်းပြည် လားရှိုးမြို့တွင် စစ်ကော်မရှင်တပ်မှ ပထမအကြိမ် စစ်မှုထမ်းတပ်သားသစ် ခေါ်ယူရန် ရပ်ကွက်အတွင်း လူဦးရေစာရင်း ပြန်လည်ကောက်ယူနေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ် ရပ်ကွက်များကို ယခု ဇန်နဝါရီ ၂၁ရက်မှစတင်ပြီး အုပ်ချုပ်ရေးမှူးများမှ နေအိမ်များတွင် လူဦးရေစာရင်း ဝင်ရောက်စစ်ဆေးပြီး စာရင်းကောက်ယူနေခြင်းကြောင့် စစ်မှုထမ်းခေါ်ယူမည်ကို စိုးရိမ်နေရကြောင်း လားရှိုးဒေသခံများက...

“ပလက်ဖောင်း ကိုကိုကြီး” ဟု ခေါ်ခံရသည့် PP ဥက္ကဌ ရွေးကောက်ပွဲရှုံးနိမ့်

0
ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ် ပြည်သူ့လွှတ်တော် နေရာ ဝင်ရောက် ယှဉ်ပြိုင်သည့် ပြည်သူ့ပါတီ ဥက္ကဌ ဦးကိုကိုကြီး ရွေးကောက်ပွဲ ရှုံးနိမ့်ကြောင်း ပါတီ တာဝန်ရှိသူ တဦးက သျှမ်းသံတော်ဆင့်ကို ဇန်နဝါရီလ ၂၅ ရက် ညပိုင်းတွင် အတည်ပြုပြောသည်။ စစ်ကောင်စီ ရွေးကောက်ပွဲသည် မြေပေါ် နိုင်ငံရေး (ဝါ)...

စစ်မှုထမ်းရန် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက ဒေသခံများထံ သိန်းရာချီကောက်ခံပြီး လူဝယ်ထည့်ရ

0
သျှမ်းပြည် မြို့နယ်အချို့၌ စစ်မှုထမ်း အပတ်စဉ် (၂၁) အတွက် လူသစ်စုဆောင်းရာတွင် လူငယ်များ ထွက်ပြေးတိမ်းရှောင်နေကြသဖြင့် လူစားထိုးရန် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက ပွဲစားများမှတစ်ဆင့် ချိတ်ဆက် ဝယ်ယူနေရကြောင်း ဒေသခံများက ပြောသည်။ စစ်မှုထမ်း အပတ်စဉ် (၂၁) အတွက် လူသစ်စုဆောင်းမှုများကို ပြီးခဲ့သည့် ဇန်နဝါရီလ ပထမပတ်မှစ၍ တောင်ကြီး၊...

ဟိုပုံးပြည်သူများ ကုန်စျေးနှုန်းမြင့်တက်သည့်ကြား စစ်မှုထမ်းကြေးပါ ဝန်ပိနေ

0
မြန်မာနိုင်ငံတွင် ကုန်စျေးနှုန်းများ မြင့်တက်နေချိန် သျှမ်းပြည် ဟိုပုံးမြို့နယ်အတွင်း နေထိုင်သည့် ပြည်သူများသည် စားဝတ်နေရေး ခက်ခဲနေသည့်ကြား စစ်မှုထမ်းကြေးကို လစဉ် ပေးဆောင်ရသဖြင့် ဝန်ထုပ်ဝန်ပိုးဖြစ်နေကြောင်း စုံစမ်းသိရသည်။ ဟိုပုံးမြို့နယ်အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့သည် ဒေသခံများ၏ ဝမ်းရေးကို မငဲ့ကွက်ဘဲ စစ်မှုထမ်းကြေးများကို အပြိုင်အဆိုင် တောင်းခံမှုကြောင့်...