ဖယ်ခုံမြို့နယ် ဘောရန်ကျေးရွာ နေအိမ် ၃၀ ထက်မနည်း မီးရှို့ခံရ

သျှမ်းပြည် ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းရှိကျေးရွာအတွင်းသို့ စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့ စစ်ကြောင်းထိုးလာပြီး နေအိမ် (၃၀)ထက်မနည်း အကြောင်းပြချက်မရှိဘဲ မီးရှို့ ဖျက်ဆီးခဲ့ကြောင်းသတင်းရရှိသည်။

ယမန်နေ့ (အောက်တိုဘာ ၁၃)ရက် ညနေ ၄နာရီဝန်းကျင်တွင် စစ်ကော်မရှင်တပ်နှင့် PNO တို့သည် ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းရှိ ခေါင်းအီးကျေးရွာအုပ်စု ဘောရန်ကျေးရွာကို စစ်ကြောင်း ထိုးဝင်ရောက်လာပြီး နေအိမ် (၃၀)ထက်မနည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း Phekhon Shan Youth Network ၏ တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီမနက် အစောပိုင်းမှာ ဘောရန် အောက်ရွာမှာ မီးရှို့ခံထားရတာ။ အနည်းဆုံးတော့ နေအိမ် အလုံး ၃၀ ပြာကျသွားတယ်။ စစ်တပ်က လည်း ရွာထဲမှာရှိတယ်” ဟု ၎င်း တာဝန်ရှိသူတစ်ဉီးကပြောသည်။

စစ်ကော်မရှင်တပ်နှင့် PNOတို့သည် ယခု အောက်တိုဘာ ၁၁ရက်တွင် ဖယ်ခုံမြို့နယ် အနောက်ဖက်ခြမ်း ခေါင်းအီကျေးရွာအုပ်စု ၊ ဘောရန်ကျေးရွာအတွင်းသို့ စစ်ကြောင်းထိုးလာပြီး ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ နှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုကျေးရွာတွင် အိမ်ခြေ ၂၀၀ ခန့်ရှိပြီး လူဦးရေ တစ်ထောင်ခန့်နေထိုင်သည်။ ထိုဒေသခံများသည် စစ်ကော်မရှင်နှင့် PNO တပ်တို့ (အောက်တိုဘာ ၁၁ ရက်)တွင် ၎င်းကျေးရွာသို့ ဝင်ရောက်လာချိန်မှစပြီး အခြားနေရာသို့ ထွက်ပြေးတိမ်းရှောင် နေကြသည်။

ဖယ်ခုံမြို့နယ်အတွင်းစစ်ကော်မရှင် မီးရှို့ဖျက်ဆီးသည့်နေအိမ်များ

“ အဲ့စစ်ကော်မရှင် စစ်ကြောင်းထိုးတဲ့ ရက်ကတည်း ဒေသခံတွေက နီးစပ်ရာကျေးရွာနဲ့ တောထဲ ထွက်ပြေးနေကြပြီ။ လူက တစုတဝေးတည်းမဟုတ်တော့ဘူး။ရွာထဲမှာ အမျိုးသားတွေ အနည်းငယ်တော့ ကျန်တယ်” ဟု ၎င်းက ဆိုသည်။

ဖယ်ခုံ – ပင်လောင်း နယ်စပ် နှင့် ဖယ်ခုံ – ကရင်နီ (ကယား)နယ်စပ်ရှိ ကျေးရွာများတို့တွင် စစ်ကော်မရှင် နှင့် PNO တို့ ပြန်လည်ထိုးစစ်ဆင်မှုကြောင့် ဒေသခံများ ၄၀၀၀ ခန့် စစ်ဘေးရှောင်နေကြ ရကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် အောက်တိုဘာလ (၉) ရက်နေ့ နှင့် (၁၀) ရက်နေ့တို့တွင်လည်း စစ်ကောင်စီတပ် နှင့် PNO ပြည်သူ့စစ်တို့သည် ဖယ်ခုံ – ပင်လောင်း နယ်စပ်ရှိ မြောက်စလုံးကျေးရွာကို ဝင်ရောက်ကာ နေအိမ်များကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြေသိမ်းခံရသည့် ဟိုပုံးဒေသခံများ တရားမျှတမှု မရရှိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် တွင် ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် မြေပွဲစားများပူးပေါင်းပြီး အသိမ်းခံရ မြေယာနှင့်ပတ်သက်ပြီး ယနေ့ (သြဂုတ် ၇)ရက်အထိ ပြည်သူများ တရားမျှတမှု မရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ...

နှစ်စဉ် ရေကြီး တောင်ပြိုသည့် ဟိုပုံးဒေသ သစ်ပင်စိုက်ရန် စစ်အစိုးရ တပင် ကျပ်လေးရာဖြင့်ရောင်းချနေ

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသတွင် နှစ်စဉ်ကြုံတွေ့နေရသည့် ရေကြီး၊ တောင်ပြိုမှုကို ကာကွယ်ရန်အတွက် စစ်အစိုးရ၏ လက်အောက်ခံ သစ်တောဉီးစီးဌာနက သစ်ပင် ပြန်စိုက်ရန် တစ်ပင်လျှင် ကျပ်ငွေလေးရာ(၄၀၀))ဖြင့် ရောင်းချနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ (၂၈) ရက်နေ့တွင် သစ်တောဦးစီးဌာနက ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသအတွက် ကော်ဖီပင် ပိုမိုစိုက်ပျိုးနိုင်ရန်နှင့်...

ရွာငံအတွင်း စစ်တပ် အင်းအားဖြည့် ဒေသခံများကို ဖမ်းဆီးရိုက်နှက်မှုရှိ 

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်  အတွင်းသို့ စစ်ကော်မရှင်တပ်သည့် နေ့စဉ် အင်အားဖြည့်တင်းနေပြီး၊ အရပ်သားဖမ်းဆီးရိုက်နှက်မှုများလည်း ဆက်တိုက်ကျူးလွန်နေကြောင်း စုံစမ်းသိရသည်။  နွားဘန်းကြီးကျေးရွာနှင့် ပွေးနဖားကျေးရွာဘက်တွင် စစ်ကော်မရှင်တပ်က အင်အား အလုံးရင်းဖြင့် စစ်ကြောင်းထိုးနေကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် ဇူလိုင်လ (၂၀) ရက်တွင်  ရွာငံမြို့နယ် ပွေးနဖားကျေးတွင် အမည်မသိ လက်နက်ကိုင် အဖွဲ့မှ ဦးဇင်းတစ်ပါးကို စစ်ဆေးမေးမြန်း စရာရှိသည်ဟု...

သေဒဏ်ပေးနိုင်သည့် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေး ဥပဒေကြမ်းကို ရွေးတုလွှတ်တော် အတည်ပြု

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် ပေါ်ပေါက်လာသည့် ပြည်ထောင်စုလွှတ်တော်တွင် သေဒဏ်နှင့် တစ်သက်တစ်ကျွန်း ထောင်ဒဏ်အထိ ပြစ်ဒဏ်ချမှတ်နိုင်သည့် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းကို အတည်ပြုလိုက်ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၂၈ ရက်) တွင် ပြုလုပ်ခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် သဘောကွဲလွဲသည့် အွန်လိုင်းလိမ်လည်မှု...

မိုင်းရှူး အမျိုးသား၄ဉီးကို စစ်တပ်က ပေါ်တာဆွဲဖမ်း

0
သျှမ်းပြည် တောင်ပိုင်း မိုင်းရှူးမြို့နယ် စစ်ကော်မရှင်တပ်က အရပ်သား (၄)ဉီးကို ပေါ်တာဆွဲ ဖမ်းဆီဂသွားကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇူလိုင်လ ၂၈ ရက်) မနက်ပိုင်းတွင် မိုင်းရှူးမြို့နယ် ပန်စွဲကျေးရွာအထွက် လမ်းပိုင်း၌ သွားလာနေသည့် အမျိုးသားအချို့ကို စစ်ကော်မရှင်၏ တပ်သားများက တားဆီးစစ်ဆေးပြီး ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မိုင်းရှူးမြို့နေ ဖြစ်စဉ်ကို...