CATEGORY

နိုင်ငံရေး

လူထုရဲ့ပြဿနာ ဆက်လက်ဖြေရှင်းဖို့ ရွှံနွံကြားက မဲဆွယ်နေတဲ့ ပင်လုံမြေက နန်းမြထွေး

မိုးရာသီရောက်တိုင်း တောင်ပေါ် မြေနီလမ်းဟာ ရွှံ့နွံထူထပ်ပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုတွေ နှစ်စဉ်နှစ်တိုင်း ကြုံတွေ့နေရပါတယ်။ ရွှံ့နွံထူထပ်တဲ့လမ်းမှာ ဖိနပ်ချွတ် ၊ ထဘီ ကို ဒူးခေါင်းလောက်အထိ မ တင် ပြီး မဲဆန္ဒရှင်လူထုဆီကို ခက်ခက်ခဲခဲ အရောက်သွားနေသူကတော့ နန်းမြထွေးပါပဲ။ နန်းမြထွေး ဟာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်( SNLD)...

ကျောက်မဲမြို့နယ် ကျေးရွာတချို့စစ်ကြောင်းရှိနေသဖြင့် စစ်ရှောင် ၃၀၀ကျော် နေရပ်မပြန်နိုင်သေ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း တိုက်ပွဲများ ငြိမ်းသက်နေသော်လည်း ကျေးရွာတချို့ စစ်ကြောင်းများ ရှိနေသဖြင့် စစ်ဘေးရှောင် (၃၀၀)ကျော် နေရပ်သို့ ပြန်နိုင်ခြင်း မရှိသေးကြောင်း စုံစမ်း သိရှိရ သည်။ အောက်တိုဘာ ၁၈ ရက်တွင် စစ်ဘေးရှောင် ပြည်သူများ (၂၀၀၀) ကျော် နေရပ်သို့ပြန်သွားကြပေသာ်လည်း ဟိုနမ့်ကျေးရွာ နှင့်...

နောင်ချို ဆိပ်ဖူးကျေးရွာအုပ်စု ရွေးကောက်ပွဲ မကျင်းပသည့်အပေါ် ဒေသခံများဝေဖန်မှု

ရွေးကောက်ပွဲမကျင်းပသည့်နယ်မြေများစာရင်းတွင် လက်နက်ကိုင်ပဋိပက္ခများ၊ ကိုဗစ်ဖြစ်ပွားမှုများမရှိသည့် နောင်ချိုမြို့နယ်ရှိ ဆိပ်ဖူးကျေးရွာအုပ်စုအံ့အားသင့်ဖွယ် ထည့်သွင်းထားမှုအပေါ် ဒေသခံများအကြား ဝေဖန်မှုများမြင့်တက်လျက်ရှိကြောင်း သိရသည်။ အဆိုပါကျေးရွာအုပ်စုသည် သျှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်တွင်တည်ရှိခြင်းဖြစ်ပြီး ရွေးကောက်ပွဲမကျင်းပခြင်းသည် တောခိုခိုင်းသည့်သဘောသက်ရောက်သည်ဟု ဒေသခံများက ယူဆလျက်ရှိကြောင်း ဆိပ်ဖူးကျေးရွာအုပ်ချုပ်ရေးမှူး ဦးစံလှမောင်က ပြောသည်။ “ကျွန်တော်တို့က ဒီမဲထည့်ဖို့ပဲဆန္ဒရှိတယ်။မဲထည့်ခွင့် မပေးဘူးဆိုရင် မဲစာရင်းရှင်တွေ တောပဲဝင်မယ်ဆိုအကြမ်းပဲဖြစ်မှာပေါ့။ ကောင်းလာမယ့်ပုံစံတော့ မရှိလောက်ဘူး...

ရွေးကောက်ပွဲမကျင်းပမည့်နယ်မြေများတွင် သျှမ်းပြည်မှ တည်ငြိမ်အေးချမ်းနေသည့်ဒေသများပါဝင်နေသည့်အပေါ် SNLD ဝေဖန်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ရွေးကောက်ပွဲ မကျင်းပနိုင်သည့် နယ်မြေများစာရင်းတွင် သျှမ်းပြည်နယ် တည်ငြိမ်အေးချမ်းနေသည့်ဒေသများ ပါဝင်နေသည့်အပေါ် အကြောင်းပြချက်မရှိလျှင် ပိတ်ပင်တားဆီးခြင်းမလုပ်သင့်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ၏ တွဲဖက်အထွေထွေအတွင်းရေးမှူး (၁) စိုင်းကျော်ညွန့်က ဝေဖန်ခဲ့သည်။ “မဲပေးပိုင်ခွင့်ဆိုတာ နိုင်ငံသားရဲ့ အခွင့်အရေးဖြစ်တယ်။ အခြေခံလူ့အခွင့်အရေးလဲဖြစ်တယ် အဲ့ဒါတွေကို အကြောင်းပြချက်လုံလုံလောက်လောက်မရှိပဲနဲ့ ပိတ်ပင်တားဆီးတာဟာ မလုပ်သင့်တဲ့...

သျှမ်းပြည်ငြိမ်းချမ်းတဲ့နေရာတွေကို မဲပေးခွင့်ပိတ်တာဟာ သျှမ်းပြည်သူတွေရဲ့အခွင့်အရေးကိုချိုးဖောက်တာ

ကိုဗစ်-၁၉ ကူးစက်မှုမြင့်တက်နေတဲ့ ရန်ကုန်၊ မန္တလေးတွေမှာ ရွေးကောက်ပွဲ မရပ်ဆိုင်းဘဲ ကိုဗစ်ကူးစက်မှုလူဦးရေ နည်းတဲ့ တိုင်းရင်းသားဒေသ အဓိက သျှမ်းပြည်မှာ ရွေးကောက်ပွဲ မကျင်းပတဲ့ နေရာများတဲ့ အပေါ် နိုင်ငံရေးသမားများ၊ ပါတီခေါင်းဆောင်များနှင့် လူမှု အဖွဲ့အစည်းများက တရားမျှတမှုမရှိဘူးလို့ပြောဆိုကြပါတယ်။ ဒီအပေါ် ဒေသခံလူထု ဘယ်လောက်ထိ အခွင့်အရေးဆုံးရှုံးနေသလဲ။...

မိုင်းကိုင်မြို့နယ်နှင့် သျှမ်းမြောက် နေရာတချို့ရွေးကောက်ပွဲ ပြန်ကျင်းပခွင့်ရရန် ကြိုးစားနေ

သျှမ်းပြည်တောင်ပိုင်း ရွေးကောက်ပွဲ ကျင်းပရေး ပယ်ဖျက်ခံထားရသည့် မိုင်းကိုင်မြို့နယ်တွင် ရွေးကောက်ပွဲ ပြန်လည်ကျင်းပခွင့် ရရှိရေး အလားအလာကောင်းကြောင်း သျှမ်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲထံ စုံစမ်းသိရှိရသည်။ သျှမ်းပြည်နယ်အတွင်း ရွေးကောက်ပွဲ ကျင်းပခွင့် ဖျက်သိမ်းခံထားရသည့် မြို့နယ်များအနက် ပြန်လည်ကျင်းပနိုင်ရေး အလားအလာကောင်းသည့် မြို့နယ်များမှာ မိုင်းကိုင်မြို့နယ် ၊ လားရှိုးမြို့နယ်...

ကျောက်မဲ စစ်ရှောင် ၂၀၀၀ ကျော် နေရပ်ပြန်

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း တိုက်ပွဲများ ငြိမ်သက်နေသဖြင့် စစ်ဘေးရှောင်များ မိမိနေရပ်သို့ ပြန်သွားကြပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ စစ်ဘေးရှောင်ပြည်သူများ (၂၀၀၀) ကျော် သည် အောက်တိုဘာ (၁၈)ရက် တွင် နေရပ်သို့ ပြန်သွားကြပြီဖြစ်ကြောင်း ကျောက်မဲမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ်လောင်း နန်းအိမွန်အောင် က သျှမ်းသံတော်ဆင့် ကိုပြောသည်။ “၂၀၀၀ ကျော်လောက်တော့...

မူဆယ် SNLD ပါတီ စည်းရုံးရေး ကား ရွှေလီမြစ်ထဲကျ ၃ဦး သေဆုံး၊ကလေးတဦးပျောက်ဆုံးနေဆဲ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ တွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) မဲဆွယ်စည်းရုံးရေး ကားတစ်စီး ရွှေလီမြစ်ထဲသို့ ထိုးကျပြီး အမျိုးသမီး ၃ဦး သေဆုံးကာ၊ ကလေး တဦး ပျောက်ဆုံးနေဆဲ ဟု သိရသည်။ ဖြစ်စဉ်မှာ ယနေ့(အောက်တိုဘာ ၁၈)ရက် မနက် ၉ နာရီ...

နယ်မြေတည်ငြိမ်သည့် မိုင်းကိုင်မြို့နယ် ရွေးကောက်ပွဲကျင်းပခွင့်မပြု

နယ်မြေတည်ငြိမ်အေးချမ်းပြီး တိုက်ပွဲမဖြစ်ပွားသည့် သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် တခုလုံးကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ရွေးကောက်ပွဲ ကျင်းပခွင့်မပြုကြောင်း ထုတ်ပြန်ခဲ့သည်။ သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် တခုလုံး ရွေးကောက်ပွဲ ကျင်းပခွင့် မပြုသည့်အပေါ် မဖြစ်သင့်ကြောင်း မိုင်းကိုင်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် စိုင်းဆိုင်မိုင်း ကပြောသည်။ “ကျနော်တို့ မိုင်းကိုင်မြို့နယ်ထဲမှာ တိုက်ပွဲဖြစ်တာလည်းမဟုတ်ဘူး။ နယ်မြေအခြေနေဆိုး...

လွတ်လပ်ပြီး တရားမျှတမှုရှိ၊မရှိ ဖော်ပြနေတဲ့ ၂၀၂၀ ရွေးကောက်ပွဲ

နိုဝင်ဘာ ၈ရက်မှာကျင်းပမယ့် ၂၀၂၀ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲမှာ မြန်မာပြည်သူတိုင်း အဓိက တိုင်းရင်းသား နယ်မြေတွေမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာတော့မယ် ဆိုတဲ့ မျှော်လင့်ချက် ကိုယ်စီရှိကြပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲကျင်းပခါနီး လပိုင်းအလိုမှာ မြန်မာနိုင်ငံရဲ့ ကိုဗစ်-၁၉ ကူးစက်မှုနှုန်းနဲ့ သေဆုံးမှုနှုန်းဟာ ထိုးတက်လာ...

Latest news