မူဆယ် SNLD ပါတီ စည်းရုံးရေး ကား ရွှေလီမြစ်ထဲကျ ၃ဦး သေဆုံး၊ကလေးတဦးပျောက်ဆုံးနေဆဲ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ တွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) မဲဆွယ်စည်းရုံးရေး ကားတစ်စီး ရွှေလီမြစ်ထဲသို့ ထိုးကျပြီး အမျိုးသမီး ၃ဦး သေဆုံးကာ၊ ကလေး တဦး ပျောက်ဆုံးနေဆဲ ဟု သိရသည်။

ဖြစ်စဉ်မှာ ယနေ့(အောက်တိုဘာ ၁၈)ရက် မနက် ၉ နာရီ တွင် မူဆယ်မြို့ ဖိုင်ကျောင်းကျေးရွာ နောင်ဟင်လှေဆိပ်တွင် ကားတစီး ရွှေလီမြစ်ထဲသို့ ထိုးကျကာ စည်းရုံးရေး ခရီးစဉ် လိုက်ပါသွားသည့် အမျိုးသမီး (၃)ဦး သေဆုံးခဲ့ပြီး၊ ကလေးငယ်တဦး ယခုချိန်ထိ ပျောက်ဆုံးနေဆဲဟု SNLD မှ ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် စိုင်းကျော်သိန်း က သျှမ်းသံတော်ဆင့် ကို ပြောသည်။

အဆိုပါကားသည် (SNLD) နှင့် မဲဆွယ်စည်းရုံးရေးကို လိုက်ပါ အားဖြည့်ပေးသည့် ကားဖြစ်သည်။


ထိုကားပေါ်တွင် လူ(၇) ပါရှိကာ ၃ဦး အသက်ရှင်ပြီး၊ အမျိုးသမီး ၃ဦး ရုပ်အလောင်းကို ပြန်လည် ဆယ်ယူလာနိုင်ခဲ့ပြီး ကလေးကို ရှာဖွေမတွေ့ရှိခဲ့ကြောင်း စိုင်းကျော်သိန်း က ပြောသည်။

“ ပြုတ်ကျသွားတဲ့ချိန်မှာ (၃) ယောက်ကတော့ ထွက်လာနိင်တယ်။ ကျနော်ဝိုင်း ပြီးတော့ ကယ်ကြတယ်။ ကျန်တာက (၃) ယောက်သေဆုံးသွားပြီး ကလေးငယ် တစ်ဦးပျောက်ဆုံးနေတယ်” ဟု စိုင်းကျော်သိန်းက ပြောသည်။

လက်ရှိ ပျောက်ဆုံးနေသည့် ကလေးငယ်သည် အသက် (၅)နှစ် အရွယ်သာရှိသေးကြောင်းသိရသည်။

ဆက်လက်ပြီး စိုင်းကျော်သိန်းက “ စက်လှေက ဟိုဖက်မှာရှိနေတာ။ ဒီဖက်မှာ ကျနော်တို့ ကား ၃ စီးကရပ်ထားတယ်။ စက်လှေ စောင့်နေတာ။ အဲဒါကို ဒီဖက်ကနေကျော်တက်သွားပြီးတော့ ရေထဲထိုးကျသွားတဲ့ သဘောဖြစ်သွားတယ်” ဟု ပြောပြသည်။

အမျိုးသမီး (၃)ဦး၏ ရုပ်အလောင်းကို မူဆယ်မြို့ပြည်သူဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်း ဂရုဏာလူမှုကူညီရေး အသင်းမှ ဦးသောင်းထွန်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ SNLD မဲဆွယ်စည်းရုံးရေးကား ပါ။ အရှိန်ကြောင့်ရေထဲထိုးကျသွားတယ်။ အမျိုးသားတဦးနဲ့ အမျိုးသမီး ၂ဦးကတော့ အသက်ရှင်တယ်။ အမျိုးသမီး ၃ဦးရုပ်အလောင်းကိုတွေ့တယ်။ ကလေးကို ဆက်ရှာနေတယ်” ဟု ဦးသောင်းထွန်း ကပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်သို့ လိမ်လည်ခေါ်ဆောင်ခံရသည့် မိန်းကလေးတစ်ဦး နောက်ကျောဒဏ်ရာများဖြင့် ထွက်ပြေးလွတ်မြောက်

0
တရုတ်နိုင်ငံသို့ အလုပ်အကိုင် ရရှိမည်ဟုဆိုကာ ပွဲစားများက မူဆယ်မြို့သို့ လိမ်လည်ခေါ်ဆောင်ခဲ့သည့် အသက် ၂၀ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးကို လူမှုကူညီရေး ပရဟိတအဖွဲ့က ကယ်တင်နိုင်ခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဧပြီလ ၆ ရက်) ည ၁၁ နာရီခန့်တွင် မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်မြို့ပတ်လမ်း ဟိုနားကျေးရွာအနီး လမ်းပေါ်တွင်...

မူဆယ်၊ နမ့်ခမ်းတွင် စက်သုံးဆီ တစ်လီတာ ၁၂၀၀၀ ကျပ်အထိရှိလာ၊ အကန့်အသတ်ဖြင့်သာ‌ ရောင်းချ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းနှင့် မူဆယ်မြို့နယ်တို့တွင် စက်သုံးဆီ တစ်လီတာကို ၁၂၀၀၀ ကျပ်အထိ ‌ပေးဝယ်နေရပြီး အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေကြောင်း သတင်းရရှိသည်။ TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့နယ်ရှိ စက်သုံးဆီဆိုင်များ အားလုံးနီးပါး ပိတ်ထားပြီး တစ်ရက်လျှင် စက်သုံးဆီဆိုင် တစ်ဆိုင်သာ ဖွင့်လှစ်ကာ စက်သုံးဆီများကိုလည်း အကန့်အသတ်ဖြင့်သာ‌ ရောင်းပေးနေကြောင်း နမ့်ခမ်းမြို့နယ်...

မူဆယ် ပြည့်တန်ဆာ လုပ်ရန်လိမ်ခေါ်ခံရသည့် အမျိုးသမီး(၃)ဉီး ကယ်တင်နိုင်ခဲ့

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့တွင် အလုပ်အကိုင်ရရှိမည်ဟုဆိုကာ လိမ်လည်ခေါ်ဆောင်ခြင်းခံရပြီး ပြည့်တန်ဆာအလုပ်သို့ အဓမ္မစေခိုင်းခံနေရသည့် အသက် (၂၀) ဝန်းကျင် အမျိုးသမီးငယ် (၃) ဦးကို လူမှုကူညီရေးပရဟိတအသင်းက ကယ်တင်ခဲ့ရကြောင်း သတင်းသိရသည်။ ဒုက္ခရောက်နေသည့် အမျိုးသမီးငယ်များက မြင့်မြတ်ပါရမီ သွေးလှူရှင်နှင့် လူမှုကူညီရေးအသင်းထံသို့ ဖုန်းဖြင့် အကူအညီတောင်းခံခဲ့ရာ အဆိုပါအသင်းမှ တာဝန်ရှိသူများသည် ယနေ့...

မူဆယ်တွင် ယာဉ်ထိန်းရဲနှင့် ၎င်းလက်ဝေခံများ ပိုက်ဆံတောင်းကြမ်း

0
သျှမ်းပြည် မူဆယ်မြို့တွင် စစ်ကော်မရှင်လက်အောက်ခံ ယာဉ်ထိန်းရဲများနှင့် ၎င်းလက်ဝေခံ အပေါင်းအပါများ ငွေတောင်းကြမ်းနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၅ ဒီဇင်ဘာလမှ စပြီး မြန်မာ - တရုတ်နယ်စပ် မူဆယ်မြို့ရှိ ဆင်ဖြူဂိတ်တွင် စစ်ကော်မရှင်လက်အောက်ခံ ယာဉ်ထိန်းရဲများနှင့် ၎င်းတို့ လက်ဝေခံ အပေါင်းအပါများ ငွေတောင်းကြမ်းနေကြောင်းကို မူဆယ်မြို့နေ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့်...

မူဆယ်တွင် မင်္ဂလာပွဲကိစ္စဖြင့် အဆိုတော် အပါအဝင် လူနှစ်ဦး လိမ်လည်ခေါ်ဆောင်ခံရပြီး နှိပ်စက်ငွေညှစ်ခံရ

0
သျှမ်းပြည် မူဆယ်မြို့တွင် မင်္ဂလာပွဲကိစ္စဖြင့် အဆိုတော် အပါအဝင် လူနှစ်ဦး လိမ်လည်ခေါ်ဆောင်ခံရပြီး ကျားဖြန့်ဂိုဏ်းများ၏ ရိုက်နှက်နှိပ်စက်ခြင်း၊ ငွေညှစ်တောင်းခံခြင်းများ ကြုံတွေ့ခဲ့ရကြောင်း သတင်းသိရသည်။ ရန်ကုန်မြို့တွင် နေထိုင်သည့် အဆိုတော် ရှင်မင်းမြတ် သည် မင်္ဂလာပွဲကိစ္စဖြင့် လိမ်လည်ကမ်းလှမ်းခံခဲ့ရပြီး မူဆယ်မြို့သို့ ရောက်ရှိချိန်တွင် မိတ်ဆွေတစ်ဦးနှင့်အတူ အွန်လိုင်းငွေလိမ် ကျားဖြန့်ဂိုဏ်းစခန်းထဲ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရပြီး...